မိုးကောင်းကင်အောက်မှကလဲ့စား (...

Autorstwa KazunoMora

13.4K 842 65

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... Więcej

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
1123-----1124
1125----1126
1127---1128
1129----1130
1131----1132
1133----1134
1135----1136
1137----1138
1139----1140
1141----1142
1143---1144
1145----1146
1147----1148
1149---1150
1151----1152
1153---1154
1155----1156
1156----1157
🔥please read🔥
1177----1178
1179-----1180
1181-----1182
1183-----1184
1185-----1186
1187------1188
1189------1190
1191------1193
အခန်း (၁၁၉၄) "အဖြူရောင် အမွှေးအမျှင်"
1195-----1196
1197------1198
1199------1200
1201------1202
1203-----1204
1205--------1206
1207--------1208
1209-------1210
1211-------1212
1213-------1214
1215-------1216
1217------1218
1219-------1220
1221------1222
1223-------1224
1225-------1226
1227-------1228
1229-----1230
1231--------1232
1233--------1234
1235-------1236
1237-------1238
1239------1240
1241------1242
1243------1244
1245-------1246
1247------1250
1251-------1252
1253-------1254
1255--------1256
1257-------1258
1259-------1260
1261------1264
1265-------1266
1267-------1268
1269-----1270
1271------1272
1273-----1274
1275-------1276
1277------1278
1279---------1282
1283--------1284
1285-------1286
1287-------1288
1289-------1290
1291-------1292
1293--------1294
1295--------1296
1297--------1298
1299------1300
1301-------1302
1303--------1306
1307--------1308
1309-------1312
1313--------1314
1315------1316
1317------1318
1319-------1320
1321--------1322
1323---------1324
1325---------1326
1327---------1328
1329-------1330
1331------1334
1335-------1338
1339------1340
1341--------1342
1343-------1344
1345--------1346
1347--------1352
1353-------1356
1357---------1362
1363--------1366
1367-----1374
1375-------1384
1385-------1388
စာစဉ် 100အတွက် PDF
1401------1402
1403-------1412
1413------1420
1421-----1430 Unicode
1421-----1430 Zawgyi
1431---------1435(ခ)
1435(ဂ)------1438(ဃ)
1439-------1442
1443-------1443(စ)
1444(က)-----1446(ဃ)
1447(က)------1448(က)
1448(ခ)--------1450(စ)
1451 (က)...(ခ)
1451(ဂ)...1452(ဂ)
1453
1454-----1455
1456
1459-----1460
1461-----1462
1463------1465
1466-----1468
1469-------1471
1472------1473
1474
1475
1476------1480
1481------1488
1489------1491
1492-----1495
1496-----1498
1499------1502
1503------1507
1508-------1511
1512-----1514
1515-------1517
1518-----1520
1521-----1523
1524--------1529
1530------1538
1539-------1541
1542---------1543

1457---1458

33 1 0
Autorstwa KazunoMora

အခန်း (၁၄၅၇ - က)(စာစဉ် ၁၀၉- အပိုင်း ၅)
“မွဲတေနေသော ရဲရှောင်”
“ထူးဆန်းလိုက်တာ . . .”
ရဲရှောင်လည်း နားမလည်ဟန်ဖြင့် ခေါင်းကုတ်လိုက်သည်။
ထို့နောက် သူ့ခြေထောက်အောက်ရှိ အနီရောင်ပန်းများနှင့် အစိမ်းရောင်မြက်ခင်းကို ငုံ့ကြည့်လိုက်၏။
“ဒါကဘယ်နေရာပါလိမ့် . . .”
“ငါကရောဘာလို့ အိပ်မက်မက်သလို ခံစားနေရတာလဲ . . .”
အခြေအနေများကို ရဲရှောင် နားမလည်နိုင်ဖြစ်နေလေသည်။
“ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ကိုရောက်လာပြီးမှ ငါဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေအားလုံးက အိပ်မက်တစ်ခုလိုပဲ၊ ဘာလို့ငါဒီလိုထူးဆန်းတဲ့ ခံစားချက်မျိုးတွေ ခံစားနေရတာလဲ . . .”
သနားစရာ ရှောင်ဧကရာဇ်မှာ ယခုလိုအခြေအနေက ပုံမှန်သာဖြစ်မည်ဟု ထင်နေမိတုန်းပါပင်။
သူ့ကို တစ်စုံတစ်ယောက်ယောက်မှ အရူးလုပ်နေသည်ကိုလည်း မသိသေးချေ။
မည်သို့ပင်ဆိုစေကာမူ ရောက်ရှိသည့်နေရာတွင် အကောင်းဆုံးသာ နေထိုင်ရမည် မဟုတ်ပါလား။
လက်ရှိတွင် ရဲရှောင်အဖို့ ချင်းရန်နယ်ပယ်သို့ ပြန်လည်ရောက်ရှိနေသလိုပင် ခံစားနေရလေသည်။
မတူသည်ဆို၍ လေထဲရှိ စိတ်စွမ်းအင်ချီဓာတ်များမှာ ချင်းရန်နယ်ပယ်ထက် ၁၀ ခန့် သိပ်သည်းနေပြီး သန့်စင်လွန်းနေခြင်းဖြစ်သည်။
ကျန်သည့် ကမ္ဘာမြေဆွဲအားများမှာမူ ချင်းရန်နယ်ပယ်တုန်းကနှင့် အတူတူပင်ဖြစ်၏။
သို့သော် သူ၏ခန္ဓာကိုယ်က တွေးလိုက်ရုံဖြင့်ပင် လေထဲ၌ လွင့်မျောနိုင်သလို ခံစားနေရလေသည်။
အဘယ့်အတွက်ကြောင့် ထိုမျှထိ ပေါ့ပါးနေရပါသနည်း။
အကြောင်းမှာ စွန့်ပစ်နယ်မြေမှထွက်လာပြီးနောက် ရဲရှောင်၏ စွမ်းအင်များမှာ နဂိုရှိရင်းစွဲထက် ၂ ဆခန့် ပို တိုးတက်သွားခြင်းကြောင့်ပါပင်။
ရဲရှောင်ကမူ ထိုအခြေအနေကို မသိ၍ နားမလည်နိုင်ဖြစ်နေမိ၏။
(လျှို့ဝှက်ဆန်းကျယ် ဧရိယာကြီးက ငါ့ရဲ့ကျင့်ကြံမှုစွမ်းအားတွေကို တိုးတက်စေလိုက်တာလား . . .)
(ငါ့စွမ်းအင်တွေကို ၂ ဆလောက် ဖြစ်စေလိုက်တာလား . . .)
မှန်ပေသည်။
၄ လအတွင်းမှာပင် သူ၏စွမ်းအင်များက မူလထက် ၂ ဆခန့် တိုးတက်ခဲ့ခြင်းဖြစ်၏။
တကယ်တမ်းတွင် ထိုနေရာက ကျင့်ကြံမှုပြုလုပ်ရန် နေရာကောင်းတစ်ခုဟုဆိုရမည်။
ထိုထက်ပို၍ဆိုရလျှင် နေရာကောင်းတစ်ခုထက် ပြီးပြည့်စုံသော နေရာတစ်ခုဟုပင် ဆို၍ရနိုင်သည်။
ရဲရှောင်အတွက်မူ အရာအားလုံးက ပဟေဠိသဖွယ်သာဖြစ်တည်နေလေသည်။
ပထမဦးစွာ လျှို့ဝှက်ဆန်းကျယ်သောနေရာကြီးသို့ ထူးဆန်းစွာဖြင့် သူရောက်ရှိခဲ့သည်။
ထို့နောက် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်သို့ သူရောက်ရှိခဲ့၏။
သို့သော် ထိုလျှို့ဝှက်ဆန်းကျယ်သောနေရာကြီးကို မည်သူမှ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ချေ။
ထို့ကြောင့် ထိုနေရာကြီးကို ကောင်းကင်ဘုံမှစွန့်ပစ်ထားသော နေရာတစ်ခုဟုပင် ဆိုနိုင်သည်။
အခြားဖြစ်နိုင်သေးသည်မှာ ကောင်းကင်ဘုံ၏ အထက်ကမ္ဘာတစ်ခုလည်းဖြစ်နိုင်၏။
ထို့ပြင် ရှေးဟောင်းနတ်ဘုရားများ တိုက်ခိုက်ခဲ့ရာနေရာလည်းဖြစ်နိုင်သည်။
ထိုတိုက်ပွဲတွင် စစ်နတ်ဘုရားကြီးများမှာ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးအောင် တိုက်ခိုက်ခဲ့ကြပုံရသည်။
ထို့နောက်တွင် အချို့သောပညာရှင်ကြီးများက ကောင်းကင်ဘုံအထက် လူသားနယ်ပယ်ဟူသောနေရာကို ဖန်တီးခဲ့ပုံရ၏။
ထိုသို့ဖြင့် မရေမတွက်နိုင်သောနှစ်များ တရွေ့ရွေ့ ကျော်လွန်ကုန်ဆုံးသွားခဲ့သည်။
တိုက်ပွဲမြေပြင်ဟောင်းကြီးကလည်း တဖြည်းဖြည်းဖြင့် စွန့်ပစ်နယ်မြေကြီး ဖြစ်တည်လာခဲ့၏။
ထိုအချိန် ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာမူ တစထက်တစ ဖွံ့ဖြိုးတိုးတက်လာခဲ့လေသည်။
ထို့ကြောင့် စွန့်ပစ်ခံနယ်မြေကြီးမှာ ဒဏ္ဍာရီထဲမှာသာလျှင်ရှိတော့သည်။
အချို့သော အင်အားကြီးပညာရှင်ကြီးများမှာမူ ထိုနေရာအကြောင်းကို ကောင်းစွာ သိရှိထားကြသည်။
သို့တိုင် မည်သူမှ ရောက်ဖူးခြင်းမရှိကြသလို နေရာအတိအကျကိုလည်း မသိကြပေ။
ရဲရှောင်သာလျှင် ကံကောင်းထောက်မစွာဖြင့် ထိုအတွေ့အကြုံကိုရရှိခဲ့ခြင်းဖြစ်၏။
သို့သော် ယခုအချိန်ထိ ထိုအခြင်းအရာကို သဘောပေါက်ရိပ်စားမိခြင်းမရှိသေးချေ။
ရဲရှောင်လည်း ချောက်ကမ်းပါးမှဆင်းလာပြီးနောက် တောင်အောက်ခြေသို့ရောက်ရှိလာခဲ့သည်။
ထိုအခါ တောင်အောက်ခြေ၌ မြို့ငယ်လေးတစ်မြို့ရှိနေသည်ကို ထူးဆန်းဖွယ် မြင်တွေ့လိုက်ရ၏။
ထိုမြို့ငယ်လေးတွင် လူအချို့ရှိနေသည်ကိုလည်း မြင်လိုက်ရ၍ ရဲရှောင် ပိုမိုအားတက်သွားလေသည်။
ထို့ကြောင့် ခြေလှမ်းများကို ခပ်သွက်သွက်ပင် လျှောက်လှမ်းသွားလိုက်တော့သည်။
လူများနှင့် သူကင်းဝေးနေသည်မှာ ရက်ပေါင်း ၁၀၀ ကျော်ပင် ရှိနေပြီမဟုတ်ပါလား။
ယခုအချိန်တွင်မူ လူသူများ၊ ကျေးငှက်များနှင့်၊ ဈေးဆိုင်တန်းများကြား ရဲရှောင် ရောက်ရှိနေချေပြီ။
ထိုအရာများကို မြင်တွေ့လိုက်ရ၍ ရဲရှောင် အပျော်ကြီးပျော်နေမိ၏။
ထို့ပြင် ကလေးများနှင့် ခွေးကြောင်လေးများပါရှိနေသည်ကို ထပ်မံမြင်တွေ့လိုက်ရပြန်သည်။
ထိုမျှမက ကျောတွင်ဓားလွယ်ထားသော ပညာရှင်များကိုလည်း မြင်တွေ့လိုက်ရ၏။
ထိုမြင်ကွင်းက သူရင်းနှီးနေသောမြင်ကွင်းကို ပြန်လည်မြင်တွေ့လိုက်ရသလိုပါပင်။
စင်စစ် အရာအားလုံးက ချင်းရန်နယ်ပယ်တွင်ရှိစဉ်က ပုံရိပ်များကဲ့သို့ ဖြစ်တည်နေခြင်းဖြစ်သည်။
သို့သော် မတူညီသည့်အချက်တစ်ချက်မူ ရှိနေသည်။
ကျောတွင်ဓားလွယ်ထားသည့် ပညာရှင်များထံ၌ ကြမ်းတမ်းသည့်အငွေ့အသက်များရှိနေခြင်းဖြစ်၏။
ယခုနယ်ပယ်ရှိ ပညာရှင်တိုင်းက အလွန်အစွမ်းထက်နေသလို ရဲရှောင်စိတ်ထဲ ခံစားနေရလေသည်။
ထို့ပြင် စိတ်စွမ်းအင်ချီဓာတ်များမှာလည်း ယခုနယ်ပယ်က ပိုမိုသိပ်သည်းလွန်းလှသည်။
ထို့ကြောင့် ချင်းရန်နယ်ပယ်တွင် ယခုလိုသိပ်သည်းလှသည့် ချီဓာတ်များ ရှိနိုင်လိမ့်မည် မဟုတ်ပါ။
(အင်း . . . ဒီလောက်ပါပဲ ဘာမှထူးထူးခြားခြားပြောင်းလဲတာမရှိပါဘူး . . .)
(ဒါပေမယ့် . . . နေပါဦး . . .)
ထိုအချိန် ရဲရှောင်စိတ်ထဲ အဆင့်နိမ့်နယ်ပယ်နှင့် ကွာခြားချက်အသစ်တစ်ခုကို သတိပြုမိသွားသည်။
ထိုသတိပြုမိခြင်းက ဈေးထဲတွင် အသီးအချို့ဝယ်ယူနေသော လူတစ်ဦးမှ အစပြု၏။
ပုံမှန်တိုင်းသာဆိုပါက ဈေးထဲတွင် ဈေးဝယ်ခြင်းက ထူးခြားဖြစ်စဉ်တော့မဟုတ်ချေ။
သို့သော် ယခုလူဝယ်နေသော အသီးများထံတွင် ပါးလွှာသောအခိုးအငွေ့များ ရစ်ပတ်လျက်ရှိနေ၍ဖြစ်သည်။
ထို့ပြင် အသီးများက အလွန်အရသာရှိမည့်ပုံစံမျိုး ပေါက်နေလေသည်။
ရဲရှောင်လည်း ထိုအသီးများကိုကြည့်ရင်း ရုတ်တရက် ဆာလောင်သလို ခံစားလိုက်ရသည်။
အသီးများကိုမူ သေတ္တာငယ်တစ်ခုစီအတွင်း တစ်လုံးချင်းစီ သေချာစွာ ထုတ်ပိုးထား၏။
သို့သော် ထိုကဲ့သို့ ထုတ်ပိုးမှုက ရဲရှောင်အတွက် အံ့ဩမှုမဖြစ်စေခဲ့ချေ။
မော်တယ်ကမ္ဘာတွင် သူဌေးဝမ်ဟုခေါ်သော ဝမ်ဇန်းဟိုက ဈေးကွက်စီးပွားရေးနှင့်ပတ်သက်၍ အခြေခံရွှေ စည်းမျဉ်း ၃ ခုကို သူ့အား သင်ကြားပေးခဲ့ဖူးသည် မဟုတ်ပါလား။
ထိုရွှေစည်းမျဉ်း ၃ ခုမှာ အခြားမဟုတ်။
ဈေးကွက်အတွင်း အမှတ်တံဆိပ်၊ ထုတ်ပိုးမှုနှင့် အသွင်သဏ္ဌာန်တို့ပင်ဖြစ်၏။
အသီးများရောင်းဝယ်သည့် စီးပွားရေးတွင်လည်း နောက်ဆုံး ၂ ချက်မှာ အရေးအကြီးဆုံးဖြစ်သည်။
ယခု ရဲရှောင်၏အမြင်ကို ဖမ်းစားလိုက်နိုင်သည်မှာ ထိုအချက်များမဟုတ်။
၎င်းတို့သုံးစွဲသည့် ငွေကြေးသာလျှင်ဖြစ်၏။
ဝယ်သူက ပေးချေမှုအနေဖြင့် အိတ်အတွင်းမှ ထူးဆန်းသည့်အရာတစ်ခုကို ထုတ်လိုက်သည်မဟုတ်ပါလား။
ထိုအရာက ဒင်္ဂါးပြား ၁ ပြားဖြစ်ပြီး အဖြူရောင်အလင်းတန်းအချို့လည်း ထွက်ပေါ်နေသည်။
ဆိုင်ရှင်ကလည်း ပြုံးလျက်ယူလိုက်ပြီးနောက် အဝါရောင်ဒင်္ဂါးပြားအမြောက်အများကို ပြန်အမ်းလိုက်၏။
ထို့ကြောင့် အဖြူရောင်ဒင်္ဂါးပြားက အဝါရောင်ဒင်္ဂါးပြားထက် ပိုတန်ဖိုးကြီးမားသည့်ပုံပါပင်။
ခန့်မှန်းခြေအရဆိုလျှင် အဖြူရောင်ဒင်္ဂါး ၁ ပြားနှင့် အဝါရောင်ဒင်္ဂါး ၁၀၀ ခန့် ညီမျှသည်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
ဤသည်က ခန့်မှန်းခြေဖြစ်၍ ထို့ထက်လည်း ပိုနိုင်၏။
ဈေးဝယ်သူထွက်သွားပြီးနောက် ဆိုင်ရှင်လည်း သူ့အလုပ်သူဆက်လုပ်နေလေသည်။
ရဲရှောင်လည်း ထိုမြင်ကွင်းကို ငေးမောကြည့်နေမိသည်။
ထို့နောက် သူ၏အိတ်ထဲသို့စမ်း၍ ရွှေတုံးတစ်တုံးကိုကိုင်ကာ အံကိုတင်းတင်းကြိတ်လိုက်သည်။
မော်တယ်ကမ္ဘာနှင့် ချင်းရန်နယ်ပယ်တွင် အသုံးဝင်ခဲ့သည့် ရွှေသည်ပင်လျှင် ယခုကမ္ဘာ၌ အသုံးမဝင်သည့် ပုံပါပင်။
ယခုကမ္ဘာ၌သုံးသော ဒင်္ဂါးများလည်း သူ့တွင်မရှိဘဲဖြစ်နေရသည် မဟုတ်ပါလား။
အစစအရာရာပြည့်စုံနေသော ရှောင်ဧကရာဇ်အဖို့ သုံးစရာပိုက်ဆံမရှိဘဲ နေနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ကြီးမြတ်လှသော ရှောင်ဧကရာဇ်တစ်ယောက် လုယက်ရတော့ပါမည်လော။
သို့သော် ထိုသို့လုပ်ရန်မှာလည်း သူ့ထံ၌ လုံလောက်သည့် အင်အားမရှိသေးပေ။
အဆင့်နိမ့်လူများထံမှ အဝါရောင်ဒင်္ဂါးပြားများကို သူ့အဖို့ လုယက်ကောင်းလုယက်နိုင်လိမ့်မည်။
ထိုသို့ဆိုသော်ငြား သူ့အနေဖြင့် အကြိမ်မည်မျှ လုယက်နေရပါမည်နည်း။
ရဲရှောင် မည်သို့မည်ပုံလုပ်ရမည်ကို တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေမိလေသည်။
ထိုအချိန် ရုတ်တရက် သူ့ရှေ့တွင် ပြဿနာတစ်ခုကို တွေ့မြင်လိုက်ရ၏။
သူခိုးတစ်ယောက်နှင့်တူသော ပိန်ပိန်ပါးပါးလူတစ်ယောက်မှာ လျင်မြန်စွာ ထွက်ပြေးသွားခြင်းဖြစ်သည်။
ထိုလူ၏ ပြေးနှုန်းမှာ လျင်မြန်လွန်းလှ၍ ခဏအတွင်းမှာပင် အဝေးသို့ရောက်ရှိသွားတော့သည်။
သို့သော် ထိုလူ၏နောက်မှ လူတစ်ယောက် ပြေး၍လိုက်သွားလေသည်။
“သူ့ကိုဖမ်းကြ . . . သူ့ကိုဖမ်းကြ . . .”
“အဲဒီလူက ကျုပ်ဆီက ခိုးသွားတာ . . .”
ထိုလူ့စကားမဆုံးခင်မှာ ပေါင်မုန့်ဆိုင်မှ ဆိုင်ပိုင်ရှင်က ချက်ချင်းရှေ့သို့ထွက်ကာ သူခိုးကိုတားဆီးလိုက်၏။
ဆိုင်ရှင်၏ လှုပ်ရှားမှုမှာ အလွန်လျင်မြန်လွန်းလှလေသည်။
မည်မျှထိဆိုလျှင် သူခိုးထက်ပင်ပို၍ မြန်ဆန်းနေခြင်းပါပင်။
ထို့အတူ အသီးများရောင်းနေသော အမျိုးသမီးမှာလည်း ကောင်းကင်ထက်သို့ ရုတ်တရက် ပျံသန်းလိုက်၏။
ထို့နောက် လက်ကိုင်ပဝါတစ်ထည်ကို အရှိန်ပြင်းပြင်းဖြင့် ပစ်လွှတ်လိုက်ပြန်သည်။
ထိုလက်ကိုင်ပဝါမှာ လေထဲတွင် လှပစွာ လွင့်မျောသွားပြီး သူခိုးကို ထိမှန်သွားတော့သည်။
တကယ်တမ်းတွင် လှုပ်ရှားမှုပြုလိုက်သည်မှာ ထိုလူ ၂ ဦးတည်းတင်မဟုတ်။
ဈေးထဲ၌ အခြားပစ္စည်းများရောင်းချနေသော လူ ၁၀ ဦးကျော်ကပါ အတူတကွလှုပ်ရှားလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် စက္ကန့်ပိုင်းအတွင်းမှာပင် ပိန်ပိန်ပါးပါးလူမှာ အလဲထိုးခံလိုက်ရတော့သည်။
ထိုအချိန်မှာပင် ထူးဆန်းသောအရာတစ်ခုဖြစ်ပျက်သွား၏။
ထိုလူ မြေပေါ်လဲကျသွားသည်နှင့် ထူးခြားသောသံကြိုးတစ်ခု ရုတ်တရက်ပေါ်လာခြင်းကြောင့်ဖြစ်သည်။
ထိုသံကြိုးမှာ မြွေတစ်ကောင်အလား အလိုအလျောက်ပေါ်လာပြီး သူခိုး၏ခန္ဓာကိုယ်ကို တုပ်နှောင်သွားလေ သည်။
ကြိုးမှာတင်းကြပ်လွန်း၍ ထိုလူ၏အရိုးများ ကွဲကြေသွားမတတ်ပါပင်။
ခဏအကြာတွင် ကောင်းကင်ထက်၌ ရွှေရောင်များ ပျိုးခနဲပြက်ခနဲပင် လင်းလက်လာလေသည်။
စင်စစ် ရွှေရောင်ချပ်ဝတ်များ ဝတ်ဆင်ထားသော စစ်သူကြီးကဲ့သို့ လူတစ်ဦးနှင့် စစ်သည်များရောက်ရှိလာ ခြင်းဖြစ်၏။
ထိုလူများမှာ ကူညီပေးကြသောလူများကို ကျေးဇူးတင်စကားဆိုပြီးနောက် သူခိုးကို ခေါ်ဆောင်သွားသည်။
ခိုးခံလိုက်ရသောပစ္စည်းများကိုမူ ပိုင်ရှင်ထံသို့ ပြန်လည်အပ်နှင်းလိုက်၏။
ပိုင်ရှင်မှာလည်း စစ်သူကြီးအား ကျေးဇူးတင်ဟန်ဖြင့် -
“ကျုပ်ကိုက ပေါ့လျော့သွားတာပါ . . .”
“ဒီလိုမှမဟုတ်ရင် ဒီကောင်ကျုပ်ဆီက ဘာမှခိုးလို့ရမှာမဟုတ်ဘူး . . .”
အားလုံးမှာ ထိုလူ၏စကားကိုကြားသောအခါ ရယ်မောလိုက်ကြလေသည်။
ထို့နောက်တွင် လူတိုင်းမှာ ကိုယ့်အလုပ်ကိုယ်သာ ပြန်လုပ်ကြတော့သည်။
ငါးရောင်းသူက ငါးရောင်း၊ အသီးရောင်းသူက အသီးရောင်းဖြင့် ပုံမှန်အတိုင်း ပြန်လည်ပတ်သွား၏။
ဝယ်သူကဝယ်၊ ရောင်းသူကရောင်းဖြင့် ဈေးကြီးမှာ အလွန်စည်ကားလျက်ပင် ရှိနေလေသည်။
ထိုဈေးထဲရှိ ဈေးဝယ်သူအဘွားကြီးများမှာမူ အဖြစ်အပျက်များကို ဂရုစိုက်ခြင်း မရှိကြပေ။
ရဲရှောင်လည်း အရာအားလုံးကို မြင်ပြီးနောက် တုန်လှုပ်စိတ်ကြောင့် ချွေးပင်ပြန်သွား၏။
စင်စစ် ဖမ်းခံလိုက်ရသောသူခိုးနှင့် သူ့ကိုယ်သူနှိုင်းယှဉ်ကြည့်နေမိခြင်းပါပင်။
သူခိုးနှင့်ယှဉ်လျှင် စွမ်းအင်ပိုင်း၌ သူက အနည်းငယ်ပိုသာလွန်နေသည်။
ထို့ကြောင့် သိုင်းကွက် ၅၀၀ လောက်ဖြင့်ပင် သူခိုးကို သူတိုက်ခိုက်နိုင်လိမ့်မည်။
သို့သော် ဆိုင်ရှင်ဖြစ်သူများ၏လက်မှ လွတ်မြောက်ရန်မှာမူ မဖြစ်နိုင်။
မည်မျှထိဆိုလျှင် ရဲရှောင် ဆယ်ကိုယ်ခွဲ၍ ကြိုးစားလျှင်ပင် မလွတ်မြောက်နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် သူသာတစ်စုံတစ်ခုကို ခိုးယူရန်ကြိုးစားလိုက်ပါက ၅ မိနစ်အတွင်းပင် အဖမ်းခံသွားရနိုင်သည်။
“တော်တော်ကို ရက်စက်ပြီး ကြောက်စရာကောင်းတာပဲ . . .”
ရဲရှောင် ချွေးများသုတ်ရင်း ရေရွတ်မိလိုက်သည်။
(ဒီနေရာကြီးက ဘယ်လိုကြီးလဲ၊ ဒီကလူတွေကရော ဘယ်လိုလူတွေလဲ . . .)
(သူတို့တစ်ယောက်ချင်းစီက ချင်းရန်နယ်ပယ်က ထိပ်သီးပညာရှင်တစ်ယောက်ကို လွယ်လွယ်လေး သတ် ဖြတ်နိုင်နေတဲ့ပုံ၊ အဘွားကြီးဆိုရင် လက်ကိုင်ပဝါကို လုပ်ပြသွားတာ ကြည့်လိုက်ပါဦး၊ ရေခဲတိမ်တိုက်နန်းတော်က ဖဲကြိုးတိုက်ကွက်နဲ့ပဲ နှိုင်းယှဉ်ကြည့်လိုက်ဦး မိုးနဲ့မြေလို ကွာခြားတယ်၊ ဒါကလူတွေပြောနေကြတဲ့ ကောင်းကင်ဘုံ အထက် လူသားနယ်ပယ်ပါလား . . .)
ရဲရှောင် တစ်ကိုယ်တည်း တွေးတောနေမိပါတော့သည်။

#translator
#ကြွေရွက်ဝါအခန်း (၁၄၅၇ - ခ)(စာစဉ် ၁၀၉- အပိုင်း ၆)
“မွဲတေနေသော ရဲရှောင်”
ဘဝဆိုသည်က ပြဇာတ်တစ်ပုဒ်နှင့်တူသည်။
ထို့ပြင် အိပ်မက်တစ်ခုနှင့်တူသည်ဟုလည်း အချို့ကပြောလေ့ရှိကြ၏။
ရဲရှောင်အဖို့ ထိုစကားများကို ယခင်က ဂရုစိုက်ခဲ့ခြင်းအလျဉ်းမရှိပေ။
သို့သော် ယခုအခါတွင်မူ ထိုစကားများက မှန်ကန်နေကြောင်း ရိပ်စားမိလာလေသည်။
အပြောင်းလဲအတက်အကျ မြန်နေသော သူ၏ဘဝက ထိုစကားများလိုပင် ဖြစ်နေသည် မဟုတ်ပါလား။
ရဲရှောင် ဆာလောင်မှုကြောင့် တံတွေးမြိုချလိုက်၏။
ထို့ကြောင့် ဈေးတန်းရှိ အရသာရှိသော အစားအစာများကို ငေးကြည့်နေမိလေသည်။
ဟင်းလင်းပြင်ထဲရှိအရာများမှလွဲ၍ ဘာမှမစားရသေးသော သူ့အဖို့ မည်သို့မဆာလောင်ဘဲနေပါမည်နည်း။
(လူတွေစားလို့ရတဲ့ အရာတစ်ခုခုကို ငါစားချင်လိုက်တာ . . .)
(ငါဘာတွေများ အမှားလုပ်ခဲ့မိလို့လဲ၊ ဘာလို့ငါ့မှာ ပိုက်ဆံမရှိဖြစ်နေရတာလဲ . . .)
ရဲရှောင် သူ့ဘဝသူတွေးရင်း ဝမ်းနည်းလာမိလေသည်။
ထို့နောက် သက်ပြင်းချရင်း ကောင်းကင်ဘုံကိုသာ အပြစ်တင်လိုက်မိတော့သည်။
(ကောင်းကင်ဘုံ . . .)
(ငါကချင်းရန်နယ်ပယ်မှာ အစွမ်းထက်ဆုံး လူတစ်ယောက်လေ . . .)
(ငါလိုလူက ချင်းရန်နယ်ပယ်မှာရှိတဲ့ မိစ္ဆာတွေကို သုတ်သင်ရှင်းလင်းပေးခဲ့တယ် ပြီးတော့ ကောင်းတာတွေ ကိုပဲ လုပ်ခဲ့တဲ့ ကျင့်ကြံမှုပညာရှင်တစ်ယောက် ဒါတောင် ငါ့ဘဝက ဘာလို့ သနားစရာကောင်းနေရတာလဲ . . .)
(ဒီကမ္ဘာကိုရောက်လာတဲ့ လူတိုင်းက အခုလိုပဲ ဆင်းရဲပြီး သနားစရာကောင်းနေကြတာလား အနည်းဆုံး တော့ အစားစားဖို့တောင် ထိုက်တန်မှုမရှိဘူးလား . . .)
မှန်ပေသည်။
ရဲရှောင်၏ လက်ရှိဘဝက အမှန်တကယ်ကိုပင် သနားစရာကောင်းနေလေသည်။
အသစ်ရောက်လာသော လူတိုင်းက သူနှင့်မတူညီသော ဘဝမျိုးကိုသာ ဖြတ်သန်းရသည် မဟုတ်ပါလား။
မည်မျှထိဆိုလျှင် နှစ်သန်းပေါင်းများစွာကတည်းက ယခုကမ္ဘာသို့ ရောက်လာသော လူများတွင် မည်သူမှ ရဲရှောင်လို မဖြစ်ဖူးကြခြင်းဖြစ်သည်။
ထို့ကြောင့် ရဲရှောင်က ယခုကမ္ဘာသို့ရောက်လာသော လူများအနက် အဆင်းရဲဆုံးနှင့် အမွဲတေဆုံးဖြစ်နေ၏။
ရဲရှောင်လည်း ပေါင်မုန့်ရောင်းသော ဆိုင်ရှေ့တွင် မတ်တပ်ရပ်ရင်း ချောင်းဟန့်လိုက်သည်။
ယခုဆိုင်ရှင်က သူခိုးကိုဖမ်းစဉ် ရှေ့ဆုံးမှ ပြေးထွက်သွားသော လူဖြစ်ကြောင်း သူတွေ့မြင်ခဲ့၏။
ထို့ကြောင့် ထိုလူက ကျင့်ကြံမှုပညာရှင်ကောင်းတစ်ယောက် သေချာပေါက်ပင် ဖြစ်နိုင်သည်။
ထို့ပြင် ရဲရှောင်ပင် မမီနိုင်သည့် လှုပ်ရှားမှုမျိုးကို လှုပ်ရှားနိုင်သည့် လူတစ်ယောက်လည်းဖြစ်၏။
“ဒီက ညီအစ်ကိုက ပေါင်မုန့်မီးကင်တွေဘာတွေများ လိုလို့လား . . .”
“ဘယ်နှစ်ခုလိုလို့လဲ . . .”
ဆိုင်ပိုင်ရှင် ဝဝကြီးနှင့်လူမှ ပြုံးလျက် ရဲရှောင်အား မေးလိုက်၏။
“ပေါင်မုန့်နှစ်ခုကို အဝါရောင်ဒင်္ဂါး ၁ ပြား ကျမယ် . . .”
ရဲရှောင် နှာခေါင်းကို ပွတ်လိုက်ရင်း -
“ဪ . . . ပြဿနာက ကျုပ်မှာ ပိုက်ဆံမရှိတာပဲ . . .”
“ဘယ်လို . . . မင်းမှာ ပိုက်ဆံမရှိဘူးဟုတ်လား . . .”
ဆိုင်ရှင်ဖြစ်သူက လေယူလေသိမ်းကအစပြောင်းသွားပြီး ရဲရှောင်အား မျက်စောင်းထိုး၍ ကြည့်လိုက်သည်။
“ဒီမှာကြည့် . . . မင်းက ရုပ်ရည်လေး သနားကမားနဲ့ ဒီကိုလာပြီး အရှက်မရှိ အစာတောင်းရဲတယ်ပေါ့”
“မင်းကိုယ်မင်း သိက္ခာကျတယ်လို့ရော မခံစားရဘူးလား . . .”
ရဲရှောင် ရယ်ချင်သွားမိသည်။
ဆိုင်ရှင်ဖြစ်သူ၏စကားကြောင့် အလွန်လည်း ရှက်ရွံ့သွားမိ၏။
(ကြီးမြတ်တဲ့ရှောင်ဧကရာဇ်က ဆိုင်ရှင်တစ်ယောက်ကတောင် အထင်သေးတဲ့ သူတောင်းစားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ငါ့ကိုယ်ငါ တစ်ခါမှမတွေးခဲ့မိဖူးဘူး . . .)
ချင်းရန်နယ်ပယ်မှ လူများသာ ယခုအကြောင်းကို သိမည်ဆိုပါက အံ့ဩလွန်း၍ပင် သေသွားနိုင်သည်။
“ဒီမှာကြည့် . . . ကျုပ်ပြောပြမယ် . . .”
“ခင်ဗျားဆီက ပေါင်မုန့်မီးကင်လေး နည်းနည်းလောက်နဲ့ ကျုပ်ဘက်က ပစ္စည်းတစ်ခု အလဲအလှယ် မလုပ် ချင်ဘူးလား . . .”
ရဲရှောင် မျှော်လင့်ချက်များပြည့်နေသော မျက်လုံးများဖြင့် မေးလိုက်၏။
“မင်းက ငါ့အတွက် ဘာပေးနိုင်မှာမလို့လဲ . . .”
ဆိုင်ရှင်ဖြစ်သူက ရဲရှောင်အား စိတ်မရှည်ဟန်ဖြင့် ပြောလိုက်ပြန်သည်။
“မင်းလို ပေါင်မုန့်မီးကင် ၁ ချပ်တောင် ဝယ်မစားနိုင်တဲ့ လူဆင်းရဲက ငါ့ကိုဘာများပေးနိုင်မှာမလို့လဲ . . .”
“ကြည့်စမ်းပါဦး . . . ဒီမှာကြည့်လိုက်ဦး . . .”
“ဒီပစ္စည်းနဲ့ဆိုရင် ခင်ဗျားဆီက ကျုပ်ပေါင်မုန့်မီးကင် ဘယ်နှစ်ချပ်လောက်များရနိုင်မလဲ . . .”
ရဲရှောင်မှ သစ်ကြမ်းပိုးအသီးတစ်လုံးကို ထုတ်ပြရင်း မေးလိုက်၏။
“ဪ . . . သစ်ကြမ်းပိုးသီးလား . . .”
ဆိုင်ရှင်က အသီးကို တစ်ချက်လှမ်းကြည့်ရင်း မထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။
“ဒီသစ်ကြမ်းပိုးအသီးက ရှားပါးတယ်ဆိုတာတော့ ဟုတ်ပါတယ် ဒါပေမယ့် စိတ်စွမ်းအင်ချီဓာတ်နည်းနည်း လောက်ပဲ ထုတ်ပေးနိုင်စွမ်းရှိတာလေ . . .”
“ဒီမှာ . . . ငါမင်းကို စိတ်မကောင်းမဖြစ်စေချင်ဘူး အဲဒီတော့ မင်းရဲ့အသီးကို ပြန်သိမ်းထားလိုက်ပါ ငါမယူ ဘူး၊ မင်းကို လက်ဆောင်အနေနဲ့ ပေါင်မုန့်နှစ်ခုပေးလိုက်မယ်၊ အဲဒါကိုယူပြီးရင် မင်းသွားတော့ . . .”
ပြောပြောဆိုဆိုဖြင့် ဆိုင်ရှင်လည်း ပေါင်မုန့်မီးကင်နှစ်ခုကို ထုတ်ပိုးပြီး ရဲရှောင်အား ပေးလိုက်၏။
ထို့နောက် အဘိုးကြီးတစ်ဦးမှ ကလေးတစ်ဦးအား သင်ခန်းစာပေးသည့် လေသံမျိုးဖြင့် -
“ကောင်လေး . . .”
“မင်းက ရုပ်ရည်သနားကမားလေးရှိတယ် မင်းရုပ်ရည်ကို မင်းကြည့်ပါဦး . . .”
“ဒါပေမယ့် မင်းမှာ အဲဒီလိုရုပ်ရည်လေးရှိရုံနဲ့ အစာရနိုင်မှာမဟုတ်ဘူး၊ ခဏခဏတောင်းလို့လည်း အဆင်‌ ပြေမှာမဟုတ်ဘူး၊ ဒီလိုပုံစံမျိုးနဲ့ မင်းကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ ဘယ်လိုအသက်ရှင်မလဲ . . .”
“ပြီးတော့ ဒီပုံစံအတိုင်းဆိုရင် မင်းမိန်းမတစ်ယောက်လည်း ယူလို့ရမှာမဟုတ်ဘူး၊ ဒီကမိန်းကလေးတွေ အကုန်လုံးက တကယ့်အလှပဂေးတွေချည်းပဲ . . .”
ရဲရှောင်မှာမူ ရှက်အမ်းအမ်းဖြင့် ဘာပြောရမှန်းမသိအောင်ပင် ဖြစ်နေမိသည်။
ထို့ကြောင့် ခေါင်းငိုက်စိုက်ဖြင့်သာ ဆိုင်ထဲမှ ပြန်လှည့်ထွက်လာခဲ့လိုက်တော့၏။
“ငါကသူတောင်းစားမှ မဟုတ်တာ . . .”
ရဲရှောင် တစ်ကိုယ်တည်း စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်မိသည်။
ယခုအချိန်တွင် သူ၏စကားကို ဆိုင်ရှင်မှ ယုံကြည်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
“အင်း . . . ထားလိုက်ပါတော့ . . .”
“ရော့ . . . ဒီပစ္စည်းလေးကိုသာ ပေါင်မုန့်တွေအတွက် ယူထားလိုက်ပါ . . .”
ရဲရှောင်လည်း ရှက်အမ်းအမ်းမျက်နှာဖြင့် ဟင်းလင်းပြင်ထဲမှ တစ်စုံတစ်ခုကို ထုတ်လိုက်၏။
ထို့နောက် ဆိုင်ရှင်၏လက်ထဲသို့ ထည့်ပေးကာ အလျင်အမြန်ပင် ထွက်လာခဲ့လိုက်တော့သည်။
ထို့ကြောင့် သူပေးခဲ့သည့်ပစ္စည်းက ပေါင်မုန့်နှစ်ခုအတွက် လုံလောက်ခြင်းရှိမရှိကိုပင် သူမသိတော့။
သူ့အဖို့ အလွန်အမင်းရှက်ရွံ့နေပြီ မဟုတ်ပါလား။
သစ်ကြမ်းပိုးသီးဆိုသည်က သူ၏ဟင်းလင်းပြင်ထဲတွင် တန်ဖိုးအရှိဆုံးပစ္စည်းတစ်ခုဖြစ်သည်။
သို့သော် ထိုသို့သောအရာမျိုးပင် ကောင်းကင်ဘုံအထက်လူသားနယ်ပယ်တွင် အသုံးမဝင်ဖြစ်နေလေသည်။
ရဲရှောင်အဖို့ ကြုံတွေ့နေရသည့်အဖြစ်အပျက်များကြောင့် ရှက်ရွံ့စိတ်သာလျှင်ရှိနေတော့၏။
“နေဦး . . .  နေဦး . . . ခဏနေပါဦး . . .”
ဆိုင်ရှင်လူဝကြီးမှ အမူအယာ ရုတ်တရက် ပြောင်းသွားပြီး ရဲရှောင်နောက်သို့ ပြေးလိုက်လာသည်။
သူ၏မျက်နှာတွင်လည်း ချွေးများပင် ပြန်နေလေသည်။
ထို့နောက် ရဲရှောင်၏လက်ကို မလွှတ်တမ်း တင်းကြပ်စွာ ကိုင်လိုက်ရင်း -
“ကောင်လေး . . . လာစမ်းပါကွာ . . . နေစမ်းပါဦး . . .”
“ငါမသိလို့ပါ ငါမှားသွားပါတယ်၊ ငါကဒီထက်ပိုပြီး ယဉ်ကျေးလိုက်သင့်တာပါ . . .”
“ရော့ပါ ပြန်ယူလိုက်ပါ မင်းကြိုက်သလောက် ပေါင်မုန့်တွေကိုလည်း ပြန်ယူနိုင်ပါတယ်၊ ဒါကတော့ ငါယူလို့ မရလို့ပါ၊ ငါ့ကိုသနားပါကွာ၊ ဒီပစ္စည်းက ငါငါယူလို့မရလို့ပါ . . .”
ဆိုင်ရှင်မှ ရဲရှောင်လက်ကို အတင်းပင်ဆွဲထား၍ ရဲရှောင်အဖို့ ရုန်းမရပင် ဖြစ်နေလေသည်။
ထို့ကြောင့် ခဏမျှစဉ်းစားလိုက်ပြီးနောက် ရဲရှောင်နောက်သို့ ပြန်လှည့်ကြည့်လိုက်၏။
ထိုအခါ ဆိုင်ရှင်ဖြစ်သူက မျက်လုံးပြူးမျက်ဆံပြူးဖြင့် သူ့ကိုကြည့်နေသည်ကို ထူးဆန်းဖွယ် မြင်တွေ့လိုက် ရသည်။
ထိုလူ၏ပုံစံက သူ့ကို အနည်းငယ်ပင် ဦးညွှတ်နေသည့်ပုံမျိုးပါပင်။
ထို့ပြင် အချိန်မရွေး ဒူးထောက်ထိုင်ချမည့် ပုံစံမျိုးလည်းရှိနေလေ၏။
တစ်ချိန်တည်းမှာပင် လက်တစ်ဖက်က သူ့အား ကိုင်ဆွဲထားပြီး ကျန်တစ်ဖက်မှလည်း ပစ္စည်းကိုပြန်၍ပေး နေလေသည်။
မသိပါက ထိုပစ္စည်းက သူ့လက်နှင့်နှလုံးသားကို နာကျင်နေစေသယောင် ပုံစံမျိုးပင် ပေါက်လျက်ရှိနေသည်။
ထို့ကြောင့် မည်သည့်နည်းနှင့်မျှ ရဲရှောင်ပေးသည့်ပစ္စည်းကို လက်မခံနိုင်သည့်ပုံပါပင်။
ရဲရှောင်လည်း ဆိုင်ရှင်ဖြစ်သူ၏လက်ထဲရှိ ပစ္စည်းကို လှမ်း၍ကြည့်လိုက်မိသည်။
ထိုအခါ လက်သီးဆုပ်အရွယ်ပင်မရှိသော အစိမ်းရောင်တောက်ပနေသည့် သတ္တုတစ်မျိုးကို မြင်လိုက်ရ၏။
ထိုအချိန် ကျန်လူများမှာလည်း ထိုသတ္တုတုံးကို ငေးကြည့်နေကြလေသည်။
ထိုလူများ၏ မျက်နှာများမှာလည်း ယခင်နှင့်မတူ ရုတ်ချည်းပြောင်းလဲသွားကြ၏။
ရဲရှောင် ထိုမြင်ကွင်းကိုကြည့်ရင်း အံ့ဩသွားသည်။
သူ့အဖို့ ရွေးချယ်စရာမရှိတော့၍ သတ္တုတုံးတစ်တုံးကို ပေးခဲ့ခြင်းဖြစ်သည်။
ထိုပစ္စည်းကို ဆိုင်ရှင်မှ အသုံးမဝင်ဟုဆိုကာ ငြင်းပယ်လိမ့်မည်ဟုလည်း တွေးထင်ထားခဲ့သည်။
ထို့ကြောင့် ပေးပြီးသည်နှင့် ဆိုင်မှအလျင်အမြန် ထွက်ခဲ့ခြင်းဖြစ်သည်။
ရဲရှောင်အတွက်မူ ထိုသတ္တုတုံးက ဘာဆိုဘာမှမဟုတ်ချေ။
စွန့်ပစ်နယ်မြေထဲမှ ရရှိခဲ့သော အပိုင်းအစများမှ ထုတ်ယူရရှိသော ပစ္စည်းသာလျှင်ဖြစ်၏။
သူ၏ ဟင်းလင်းပြင်ထဲတွင်လည်း ထိုသို့သော သတ္တုမျိုး တောင်ပုံရာပုံပင် ရှိနေလေသည်။
ထိုအထဲမှ အသေးဆုံး အစိတ်အပိုင်းကိုရွေးကာ ပေါင်မုန့်ဖိုးအတွက် ရဲရှောင် ပေးချေခဲ့ခြင်းဖြစ်သည်။
သို့သော် သူ၏အပြုအမူအတွက် လူတိုင်းထိုသို့ဖြစ်သွားသည်ကို နားမလည်နိုင်ဖြစ်နေမိလေသည်။
(ဘယ်လိုဖြစ်တာလဲ . . . အဲဒီလောက်ထိ ဖြစ်ဖို့လိုအပ်လို့လား . . .)
ရဲရှောင်လည်း ဆိုင်ရှင်အား နားမလည်ဟန်ဖြင့် လှမ်းကြည့်လိုက်၏။
ဆိုင်ရှင်မှာမူ ချွေးစေးများပြန်နေပြီး ထိတ်လန့်လျက်ရှိနေသည်။
ထို့နောက် တုန်ယင်သောအသံဖြင့် -
“ညီလေး . . . ညီလေး . . .”
“ငါမှားသွားပါတယ် ငါမင်းကို ဒီထက်ပိုပြီးယဉ်ကျေးခဲ့သင့်တာ . . .”
“မင်းငါ့ကိုပေးတာ ကြယ်သံမဏိပဲ၊ ဒါကိုမင်းပဲပြန်ယူလိုက်ပါ ငါဒါကိုယူဖို့ မဝံ့ရဲပါဘူး . . .”
“ကြယ်သံမဏိဟုတ်လား . . .”
ရဲရှောင်မှ သတ္တုတုံးကို ပြန်မယူသေးဘဲ မေးလိုက်၏။
“ဒါကကြယ်သံမဏိဖြစ်တော့ရော ဘာဖြစ်လဲ . . .”
“ခင်ဗျားပေါင်မုန့်နှစ်ခုအတွက် မလုံလောက်သေးဘူး ထင်လို့လား . . .”
ရဲရှောင်မှ နားမလည်ဟန်ဖြင့် ပြန်မေးလိုက်ပါတော့သည်။

#translator
#ကြွေရွက်ဝါအခန်း (၁၄၅၈ - က)(စာစဉ် ၁၀၉- အပိုင်း ၇)
“စကားပြောဆိုကြခြင်း”
ရဲရှောင်က ဉာဏ်ကောင်းသူဖြစ်၍ ခဏအကြာတွင် အခြေအနေကို သဘောပေါက်သွား၏။
ဆိုင်ရှင်ဖြစ်သူ၏ စကားလုံးအနည်းငယ်မှာပင် သဘောပေါက်သွားခြင်းဖြစ်သည်။
ကြယ်သံမဏိက သူ့အတွက် ဘာမှမဟုတ်နိုင်သည့်တိုင် ယခုဈေးရှိလူများအတွက်မူ တန်ဖိုးကြီးလိမ့်မည်။
ထို့ပြင် ထိုလူများအတွက် ထူးခြားသော ပစ္စည်းတစ်ခုလည်းဖြစ်နိုင်၏။
ထို့ကြောင့် ယခုအခါ အခြေအနေများပြောင်းလဲသွားပြီဖြစ်ပြီး သူက အထက်စီးမှဖြစ်သွားချေပြီ။
ရဲရှောင်လည်း စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီးနောက် အိန္ဒြေတစ်ခွဲသားဖြင့် နေလိုက်သည်။
ထင်ထားသည့်အတိုင်း သူထိုသို့ဖြစ်သွားသည်နှင့် ဆိုင်ရှင်က ချက်ချင်းဆိုသလိုပင် ဦးညွှတ်သွားလေသည်။
ထို့ပြင် သူ့အနားရှိ လူများမှာလည်း အခြေအနေကို လှမ်း၍ကြည့်နေကြ၏။
စင်စစ် ဆက်ဖြစ်လာမည့်အခြေအနေများကို စိတ်ဝင်စားနေကြခြင်းပါပင်။
“ငါကရူးမိုက်မိသွားတာပါ၊ ငါတကယ်ကို တုံးအတာပဲ . . .”
“မင်းက ဘယ်လောက်အရေးပါလဲဆိုတာ ငါသတိပြုမိသင့်တယ် . . .”
“ညီလေး . . . လာပါ ငါ့ဆိုင်ကိုလာပြီး စကားလေးဘာလေးပြောပါဦး . . .”
“မင်းဘယ်လောက်ထိ ခရီးဝေးကြီးနှင်လာခဲ့ရတယ်ဆိုတာ ငါမြင်နေရတယ်၊ မင်းလည်း မောပန်းပြီး ဆာ လောင်နေရောပေါ့၊ ဒီလိုမှမဟုတ်ရင် မင်းကငါ့ရဲ့ ဘာအရသာမှမရှိတဲ့ ပေါင်မုန့်တွေကို ဘယ်စိတ်ဝင်စားပါ့မလဲ . . .”
“ဒီလိုလုပ်ပါလား . . . ငါမင်းအတွက် အစားအသောက်တွေ ကောင်းကောင်းစီစဉ်ပေးပါ့မယ်၊ မင်းအနားယူ ပြီး သေချာစားသောက်လိုက်ပါဦး၊ ဒါကိုငါ့ဘက်က ကြိုဆိုမှုပြုတဲ့သဘောလို့ တွေးပေးပါ . . .”
ဆိုင်ရှင်ဖြစ်သူက ရဲရှောင်အား မျှော်လင့်ချက်ပြည့်ဝနေသော မျက်လုံးများဖြင့်ကြည့်ရင်း ပြောလိုက်၏။
ထိုအချိန် သံချပ်ကာများဝတ်ဆင်ထားသော စစ်သည်အချို့မှာ ရဲရှောင်တို့ရှိရာသို့ ဦးတည်လာနေကြသည်။
ထိုလူများ တဖြည်းဖြည်း နီးကပ်လာသည်နှင့် ဆိုင်ရှင်ဖြစ်သူမှာ ပိုမို၍ပင် စိုးရိမ်လာဟန်ရှိလေသည်။
ရဲရှောင်လည်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်သဘောတူလိုက်၏။
ထိုအခါမှ ဆိုင်ရှင်လည်း ဘာမှမပြောတော့ဘဲ ရဲရှောင်ကို ဆိုင်အတွင်းသို့ ခေါ်သွားလေသည်။
ထိုမှတစ်ဆင့် ပေါင်မုန့်မီးကင်ရာနောက်ဘက်အခန်းသို့ ခေါ်သွားလိုက်ပြန်၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် ဆိုင်တံခါးကို ပိတ်လိုက်တော့သည်။
မည်မျှထိဆိုလျှင် သူ၏ပေါင်မုန့်များကိုပင် ဆိုင်ထဲသို့ မထည့်တော့ခြင်းဖြစ်သည်။
“အမလေး . . . ငါဖြင့်လန့်လို့သေတော့မှာပဲ . . .”
ဆိုင်ရှင်ဖြစ်သူမှာ နီရဲနေသောမျက်နှာဖြင့် နဖူးမှချွေးစေးများကို သုတ်လိုက်၏။
သူ၏ပုံစံက အလွန်အမင်း ထိတ်လန့်နေဟန်ပါပင်။
“နေစမ်းပါဦး . . . ခင်ဗျားက ဘာဖြစ်နေတာလဲ . . .”
ရဲရှောင်မှ နားမလည်ဟန်ဖြင့် မေးလိုက်သည်။
ဆိုင်ရှင်ဖြစ်သူမှလည်း ရဲရှောင်အား လူထူးလူဆန်းတစ်ဦးကဲ့သို့ပင် ထူးဆန်းသလို ကြည့်လိုက်ရင်း -
“ငါကဘာဖြစ်နေတာလဲ ဟုတ်လား . . . မင်းက ငါ့ကို မေးနေတယ်ပေါ့ . . .”
“ကောင်လေး . . . မင်းမှာက ကြယ်သံမဏိရှိနေတာလေ အဲဒါတောင်မှ မင်းကငါတို့ရဲ့ ဆင်ခြေဖုံးကို လာဝံ့ သေးတယ်ပေါ့၊ မသိရင် မင်းကငါတို့ကို ထောင်ခြောက်ဆင်နေသလိုပဲ . . .”
ရဲရှောင်က နားမလည်ဟန်ဖြင့် -
“ဒါကကြယ်သံမဏိပေါ့ . . . အဲဒီတော့ရော ဘာဖြစ်လို့လဲ . . .”
ဆိုင်ရှင်ဖြစ်သူမှ ရဲရှောင်၏စကားကိုကြားချိန် မချိပြုံးသာ ပြုံးလိုက်တော့သည်။
ထိုအပြုံးကြောင့် သူ၏ရုပ်က ပိုဆိုးသွားသလိုပါပင်။
“ကောင်လေး . . . ဒါကမင်းရဲ့ သိုင်းလောကပထမဆုံးနေ့လား . . .”
ရဲရှောင်လည်း သိုဝှက်မထား။
ပွင့်လင်းစွာဖြင့်ပင် -
“အင်း . . . ခင်ဗျားက အမြင်စူးရှသားပဲ . . .”
ထိုစကားကြောင့် ဆိုင်ရှင်ဖြစ်သူမှာ အံ့ဩတုန်လှုပ်သွားလေသည်။
(ငါကအမြင်စူးရှတယ် ဟုတ်လား . . .)
(အဲဒါကဘာကိုဆိုလိုတာလဲ . . .)
ထို့နောက် ရဲရှောင်အား မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်ရင်း -
“ဒါဒါဆိုရင် ဒါကမင်းရဲ့ တကယ်ပဲ သိုင်းလောကရဲ့ ပထမဆုံးနေ့လား . . .”
ရဲရှောင်မှ ရှက်အမ်းအမ်းဖြင့် ပြုံးလိုက်ပြီး -
“ဟုတ်တယ် . . . အဲဒါကြောင့် ခင်ဗျားက အမြင်စူးရှတယ်လို့ပြောတာပေါ့ . . .”
ဆိုင်ရှင်ဖြစ်သူမှာ အတော်လေးပင် ထိတ်လန့်တုန်လှုပ်နေပြီဖြစ်သည်။
“ငါသိပြီ . . . အံ့ဩစရာတော့မရှိပါဘူးလေ . . .”
ဆိုင်ရှင်မှ ပါးစပ်အဟောင်းသားဖြင့် ရေရွတ်လိုက်၏။
“မင်းရဲ့မိသားစုက မင်းကို ပိုပြီးဂရုစိုက်သင့်တယ်ထင်တယ်၊ မင်းကိုဘာလို့ ဒီအတိုင်းကြီး လွှတ်လိုက်ရတာ လဲ၊ အခုတော့ မင်းက ပေါင်မုန့်မီးကင်နှစ်ခုအတွက်နဲ့ ကြယ်သံမဏိကိုတောင် ထုတ်ပေးနေပြီ . . .”
ဆိုင်ရှင်မှ ကရုဏာဒေါသောဖြင့် ပြောလိုက်ပြီးနောက် အတွေးနယ်ချဲ့နေမိလေသည်။
(ငါသိပြီ . . . ဒါကြောင့်ဒီလိုဖြစ်တာကိုး၊ အခုမှပဲ အဓိပ္ပာယ်ရှိသွားတော့တယ် . . .)
(ဒီကောင်လေးက အခုမှ သိုင်းလောကထဲကိုရောက်လာတဲ့ လူတစ်ယောက်ဖြစ်နေတယ်၊ ငါ့မှာတော်တော် ကို လန့်သွားတာပဲ . . .)
“ခင်ဗျားမသိသေးလို့ပါ . . . ကျုပ်ကို ဒီနေရာမှာချပေးလိုက်ကြတာလေ . . .”
“ကျုပ်က တိမ်တိုက်တွေပေါ်ကနေ ရောက်လာတာပေါ့ . . .”
ရဲရှောင်မှ ဆိုင်ရှင်ဖြစ်သူအား ရှင်းပြလိုက်၏။
စင်စစ် ရဲရှောင်က လုပ်ကြံဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီး၍ ပြောပြလိုက်ခြင်းပါပင်။
“ကျုပ်က ဒီနေရာမှာ ကျင့်ကြံဖို့ လိုအပ်တယ်တဲ့ . . .”
“ထားပါတော့ ကျုပ်အဲဒါကိုလုပ်နိုင်ပါတယ် လက်လည်းလက်ခံပါတယ် ဒါပေမယ့် သူတို့က ကျုပ်ကို ပိုက်ဆံ တော့ မပေးလိုက်ကြဘူးလေ၊ အဲဒီတော့ ကျုပ်ဒီရက်တွေထဲမှာ စောနက သစ်ကြမ်းပိုးသီးကိုပဲ အန်ထွက်အောင် စား ခဲ့ရတယ်၊ အခုတော့ ဒီလိုမြို့ငယ်လေးတစ်မြို့ကို တွေ့ရတာ ကျုပ်အတွက် ကံကောင်းမှုတစ်ခုပဲ . . .”
ရဲရှောင်က သေရာမှပြန်ရှင်လာပြီးနောက် ဇုဝူကျီတို့လို လူမျိုးများကြောင့် ဉာဏ်နီဉာဏ်နက်များလာခဲ့ရ သည်။
ထို့ကြောင့် တစ်ဖက်လူ မည်သည့်အရာကို စဉ်းစားနေသည်ဆိုသည့်အချက်ကိုပါ သူတွေးနိုင်နေပြီဖြစ်သည်။
ရဲရှောင်က သူ့ကိုယ်သူ သိုင်းလောကမှ လူသစ်ဟုပြောလိုက်ချိန် ဆိုင်ရှင်၏မျက်နှာအမူအယာ ပြောင်းလဲ သွားသည်ကို သတိပြုမိခဲ့သည်။
ထိုအခိုက်အတန့်တွင် ဆိုင်ရှင်ထံ၌ မပြောချင်သည့်ကိစ္စတစ်ခုခုရှိနိုင်ကြောင်းကိုလည်း သတိပြုမိလိုက်၏။
ထိုအကြောင်းက မည်သည့်အကြောင်းအရာဖြစ်နေပါစေ ရဲရှောင်အတွက် အကျိုးရှိနိုင်မည်သာ။
“တိမ်တိုက်တွေပေါ်က ကျလာတာဟုတ်လား . . .”
ဆိုင်ရှင်မှ နဖူးမှ ချွေးစေးများကို သုတ်ရင်း ပြောလိုက်၏။
တိမ်တိုက်များပေါ်က ကျလာသည့်လူဆိုသည်မှာ ယခုကမ္ဘာ၌ ဩဇာလွှမ်းမိုးမှုရှိသည့် လူသာဖြစ်လိမ့်မည်။
သာမန်လူများဆိုလျှင် ထိုသို့ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဆိုင်ရှင်ဖြစ်သူ၏ မျက်နှာအမူအယာမှာ ထပ်မံပြောင်းလဲသွားပြန်လေသည်။
(ဒီကောင်လေးက ထူးခြားတဲ့တာဝန်တွေ ထမ်းဆောင်ဖို့အတွက် ဒီကိုရောက်လာတာဖြစ်ရမယ် . . .)
“ဒီကအကြောင်းအရာတွေကို မင်းမိသားစုက ဘာမှမပြောပြလိုက်ဘူးလား . . .”
ဆိုင်ရှင်မှ သိချင်ဟန်ဖြင့်မေးလိုက်၏။
“အင်း . . . ပြောလိုက်ပါတယ် သူတို့ ထပ်တလဲလဲမှာလိုက်တယ် . . .”
“ကျုပ်ရဲ့ဘိုးဘေးတွေကို အရှက်မရစေနဲ့လို့ မှာလိုက်တယ်လေ . . .”
ရဲရှောင်က ယခင်အကြောင်းများကို ပြန်မပြောချင်ဟန်ဖြင့် ပြောလိုက်သည်။
“ကျုပ်လည်း အဲဒီလိုမလုပ်ချင်ပါဘူး၊ ကျုပ်က ဘိုးဘေးတွေကို ဘယ်လိုအရှက်ရစေချင်ပါ့မလဲ . . .”
“ကျုပ်က ခင်ဗျားရဲ့ ပေါင်မုန့်မီးကင်အတွက် ကြယ်သံမဏိပေးခဲ့တာကို ဝန်ခံတယ် ဒါပေမယ့် အဲဒီလိုပေး တာက ကျုပ်ခိုးယူတာ မဟုတ်ဘူး၊ လုယူတာ မဟုတ်ဘူး၊ အနိုင်ကျင့်တာလည်း မဟုတ်ဘူး ကျုပ်က ဘယ်သူ့ကိုမှ သိက္ခာကျစေတာ မဟုတ်ဘူးလေ . . .”
“တကယ်လို့ ကျုပ်သာ အိန္ဒြေရရမနေလိုက်ရင် သူတို့က ကျုပ်ရဲ့ ပိုက်ဆံတွေအကုန်လုံးကို ယူသွားလိမ့် မယ်၊ အဲဒီလိုဖြစ်လို့ကတော့ ကျုပ်သေပြီပဲ၊ ကျုပ်ရဲ့ ဘိုးဘေးတွေကိုလည်း အရှက်ရစေလိမ့်မယ်၊ ကျုပ်အဲဒီလို လုံးဝအဖြစ်မခံနိုင်ဘူး . . .”
“ဪဟုတ်သား ခင်ဗျားဆီက ပေါင်မုန့်ကိုလည်း ကျုပ်က ကြယ်သံမဏိပေးပြီး ဝယ်ခဲ့တာနော်၊ ကျုပ် ခင်ဗျားဆီက ခိုးယူခဲ့တာလည်း မရှိသလို၊ ဘာမှလုယူခဲ့တာလည်း မရှိဘူး . . .”
“အဲဒီတော့ ခင်ဗျားကို တစ်ယောက်ယောက်က မေးလာခဲ့ရင်လည်း အမှန်တိုင်းသာပြောလိုက်ပါ၊ အဲဒီလိုမှ မဟုတ်ရင် ကျုပ်ရဲ့ပိုက်ဆံတွေ ဆုံးရှုံးဖို့ သေချာသလောက်ပဲ၊ တကယ်လို့ အဲဒီလိုသာဖြစ်သွားရင် ခင်ဗျားရော ကျုပ် ရော မကောင်းနိုင်ဘူး . . .”
ရဲရှောင်ပြောနေသည့် စကားများကို ဆိုင်ရှင်မှာ နားမလည်နိုင်ဖြစ်နေမိသည်။
သို့သော် သူ့အဖို့ ပြိုင်မငြင်းဝံ့။
ထို့ကြောင့် ပြုံးလျက်ပင် -
“ဒါပေါ့ . . . မင်းနဲ့ငါ့ကြားက ဖြစ်ပျက်ခဲ့သမျှက နှစ်ဦးသဘောတူတွေချည်းပဲ . . .”
“ငါကငါ့ရဲ့ပေါင်မုန့်တွေကို မင်းကိုပေးတယ်၊ ငါ့ဘက်ကဘာမှ ပြန်မယူခဲ့ဘူး ဒီပေါင်မုန့်တွေက ငါ့ရဲ့လေးစား မှုအနေနဲ့ပေးခဲ့ရုံသက်သက်ပါ ဒါပေမယ့် ပိုက်ဆံက မင်းအတွက် ဘာလို့အရေးကြီးနေတယ်ဆိုတာ ငါနားမလည်နိုင် ဘူး၊ ပိုက်ဆံတွေ မင်းဆီကယူသွားတော့ရောဘာဖြစ်လို့လဲ၊ ဘာလို့ မင်းအဲဒီလောက်ထိ တွေးပူနေတာလဲ . . .”
ချမ်းသာသော မျိုးနွယ်စုတစ်စုမှ သခင်လေးတစ်ပါးအနေဖြင့် ပိုက်ဆံကို ဂရုစိုက်လိမ့်မည်မဟုတ်ပါ။
ထို့ကြောင့် ရဲရှောင်၏အပြုအမူကြောင့် ဆိုင်ရှင်မှာ နားမလည်နိုင်ဖြစ်နေခြင်းပါပင်။
ရဲရှောင်မှ မျက်မှောင်ကြုတ်လိုက်ရင်း -
“ခင်ဗျားဘာသိလို့လဲ . . .”
“ပိုက်ဆံက အရေးကြီးတာပေါ့၊ ကျုပ်နဲ့အပေါင်းအဖော်တွေနဲ့ ဖဲကစားဖို့ လိုအပ်တယ်လေ . . .”
“ကျုပ်မှာသာ ပိုက်ဆံမရှိရင် ကျုပ်ဘယ်လိုကစားနိုင်တော့မလဲ၊ ကျုပ်တို့လို ဖဲသမားတွေက ပိုက်ဆံလိုအပ် တယ်၊ ခင်ဗျားမှာသာ ပိုက်ဆံမရှိရင် ပွဲကနေ ခင်ဗျားထွက်သွားရမှာပဲ၊ ကျုပ်က စော်ကားမခံနိုင်ဘူးလေ အဲဒါကို ခင်ဗျား နားလည်တယ်မလား . . .”
ထိုအချိန် ဆိုင်ရှင်ဖြစ်သူမှ ရဲရှောင်အတွက် ချက်ပြုတ်ခိုင်းလိုက်ရန် မိန်းမဖြစ်သူအား လှမ်းအော်လိုက်၏။
“သခင်လေး . . . မင်းရဲ့ပိုက်ဆံအကြောင်း မေးပါရစေဦး . . .”
“မင်းရဲ့ ပိုက်ဆံတွေဆိုတာ ခရမ်းရောင် ဒင်္ဂါးပြားတွေလား အဲဒါတွေ မင်းမှာ ဘယ်လောက်တောင်ရှိလဲ . . .”
ဆိုင်ရှင်မှ ရဲရှောင်အား ချမ်းသာသောမျိုးနွယ်စုမှ သခင်လေးတစ်ပါးဖြစ်သည့်အထင်ဖြင့် မေးလိုက်၏။
ထိုကဲ့သို့သော သခင်လေးများအကြောင်းကို သူအမြဲတစေ သိချင်ခဲ့လေသည်။
ယခုအခါ သူ့အဖို့ သိခွင်ကြုံကြိုက်ပြီဖြစ်၍ ရဲရှောင်အား မေးလိုက်ခြင်းပါပင်။
“ခရမ်းရောင်ဒင်္ဂါးပြားတွေ ဟုတ်လား၊ အဲဒါတွေက ဘာလဲဆိုတာ ကျုပ်မသိဘူး . . .”
ရဲရှောင်မှ ခေါင်းခါယမ်းရင်း ပြောလိုက်သည်။
ဆိုင်ရှင်ဖြစ်သူမှ ထိတ်လန့်သွားဟန်ဖြင့် -
“ဟင် . . . ခရမ်းရောင်ဒင်္ဂါးပြားတောင် မသိဘူးပေါ့၊ ဒါဆိုမင်းတို့က ပိုက်ဆံအဖြစ် ဘာကိုသုံးကြတာလဲ”
ရဲရှောင်က ကြယ်သံမဏိ ၁ ခုကို ထုတ်ပြလိုက်ရင်း -
“ဒါလေးတွေလေ . . . ဒါလေးတွေက ခင်ဗျားတို့ ဒီမှာသုံးတာနဲ့ ကွဲပြားကောင်းကွဲပြားလိမ့်မယ် ဒါပေမယ့် ကျုပ်ကိုယုံကြည်စမ်းပါ၊ ကျုပ်ခင်ဗျားကိုပေးခဲ့တဲ့ဟာက ပေါင်မုန့်မီးကင်နှစ်ခုအတွက် လုံလောက်မှာပါ . . .”
ရဲရှောင်စကားကြောင့် ဆိုင်ရှင်ဖြစ်သူမှာ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားလေသည်။
“ဘာလဲ . . . ခင်ဗျားက မယုံဘူးလား . . .”
“အေးလေ . . . ကောင်းပြီ ခင်ဗျားကို ကျုပ်ပိုထပ်ပြီး ပြရသေးတာပေါ့ . . .”
“အနည်းဆုံးတော့ ခင်ဗျား ဒါတွေထဲက တစ်စုံတစ်ခုကိုတော့ သိမှာပဲလေ . . .”
ရဲရှောင်က ကြယ်သံမဏိကို ထုတ်ပြလိုက်ပြီးနောက် အခြားသော သတ္တုများကို ထုတ်ပြလိုက်ပြန်သည်။
ထိုသတ္တုများမှာ အရောင်အမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် ရှိနေကြ၏။
အချို့မှာ အလင်းတန်းထွက်နေပြီး အချို့ကား အလင်းတန်းမထွက်။
အချို့မှာ အနက်ရောင်ဖြစ်နေပြီး အချို့မှာမူ အရောင်အမျိုးမျိုးဖြစ်တည်နေကြလေသည်။
“ဘုရား . . . ဘုရား . . .”
ဆိုင်ရှင်မှာ ရဲရှောင် ထုတ်ပြသည်ကိုကြည့်ရင်း တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားလိုက်ရ၏။
(ဒီသခင်လေးက သတ္တုတွေအများကြီးကို ထုတ်ပြနေတာပဲ . . .)
(ငါဖြင့် သူထုတ်ပြနေတဲ့ဟာတွေ အကုန်လုံးကိုတောင် မသိဘူး၊ သိတာဆိုလို့ သုံးခုလောက်ပဲရှိတယ် . . .)
ဆိုင်ရှင်ဖြစ်သူလည်း အထိတ်တလန့်ဖြင့် တွေးနေမိပါတော့သည်။

#translator
#ကြွေရွက်ဝါအခန်း (၁၄၅၈ - ခ)(စာစဉ် ၁၀၉- အပိုင်း ၈)
“စကားပြောဆိုကြခြင်း”
(တစ်ခုက ကြယ်သံမဏိ၊ ငါ့ကို အစောပိုင်းကပြတဲ့ဟာက အလျားကျောက်ပဲ၊ နောက်ဆုံးတစ်ခုကတော့ ဖဲသားသံမဏိပဲ အဲဒီဟာကတော့ အတောက်ပဆုံးပေါ့၊ ကျန်တဲ့ဟာတွေကတော့ ဘာမှန်းဆိုတာတောင် မသိဘူး)
(ဒီပစ္စည်းတွေက တကယ့်ကို တုနှိုင်းမဲ့ရတနာတွေ၊ ကောင်းကင်ဘုံအထက် လူသားနယ်ပယ်လို အဆင့်မြင့် နေရာမှာတောင် ရှားပါးတယ်၊ တစ်ချို့ဆိုရင် ရာဇဝင်တွေထဲမှာတောင် ရှိခဲ့တာ . . .)
(ဒါတောင် ဒီကောင်လေးက ဒီပစ္စည်းတွေကို ဖဲကစားဖို့အတွက်သုံးတယ်ပေါ့၊ ဒါဆို ဒီကောင်လေးရဲ့ မိသားစု မျိုးနွယ်က ဘယ်လိုမျိုးများလဲ ဒါမှမဟုတ် ဘယ်လိုဂိုဏ်းမျိုးကလဲ . . .)
(ဒါကတော့ တော်တော်ကို မယုံနိုင်ဖို့ကောင်းတယ် . . .)
ဆိုင်ရှင်ဖြစ်သူမှာ ဆက်ပင်မစဉ်းဝံ့တော့။
သူ့အတွေးနှင့်သူ ထိတ်လန့်နေမိပြီဖြစ်၏။
အစပိုင်းတွင် သိုင်းလောကထဲစဝင်လာသည့် ရဲရှောင်အပေါ် အမြတ်ထုတ်ရန် သူကြံရွယ်ခဲ့သည်။
သို့သော် ယခုအခါတွင်မူ သူ့အဖို့ ထိုသို့လုပ်ရန်မဆိုနှင့်၊ တွေးပင်မတွေးဝံ့တော့ချေ။
မည်မျှထိဆိုလျှင် သူကြံနေသည့်အကြံကိုပင် ရဲရှောင်သိသွားမည်ကို စိုးရိမ်နေမိခြင်းဖြစ်သည်။
(ဒီကောင်လေးက အခြေမဲ့အနေမဲ့ မဟုတ်ဘူးပဲ၊ ငါသာတစ်ခုခု သူ့ကိုသွားလုပ်မိလို့ကတော့ သေရချည်ရဲ့)
(တကယ်လို့ သူ့ကိုသာသွားရှုပ်မိရင် ငါ့ရဲ့အနာဂတ်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်၊ ဘယ်လောက်ထိဆိုရင် ဒီနေ့မှာတင် ငါပြိုလဲသွားနိုင်တယ် ပြီးတော့ ငါ့ကြောင့် ဒီမြို့တစ်ခုလုံးလည်း ဖျက်ဆီးခံရနိုင်တယ် . . .)
(ဩဇာအာဏာကြီးမားတဲ့လူတွေက သူတို့ရဲ့ဒေါသတွေကို အပြစ်မဲ့တဲ့လူတွေအပေါ်မှာ ပုံချတတ်တယ်၊ သူ တို့လိုလူတွေက ပုရွက်ဆိတ်လိုလူတွေရဲ့ အသက်တွေကို ဘယ်ဂရုစိုက်ပါ့မလဲ၊ အဲဒီတော့ ငါတို့အားလုံး သေသွား လည်း သူတို့က ဘာမှဖြစ်မှာမဟုတ်ဘူး . . .)
ထိုအချိန်မှာပင် ဆိုင်ရှင်ဖြစ်သူ၏မိန်းမမှာ ချက်ပြုတ်ပြီးစီးသွားပြီဖြစ်သည်။
ထို့ကြောင့် အစားအသောက်များကို စားပွဲပေါ်သို့ ယူဆောင်လာပေးနေ၏။
ဆိုင်ရှင်လည်း ရဲရှောင်လည်း ကြည့်ကာ ပြုံးလိုက်ရင်း -
“သခင်လေး လာပါ . . .  ဒါကငါတို့ကိုယ်တိုင်လုပ်ထားတဲ့ သစ်သီးဝိုင်ပါ . . .”
“ဒီလိုနေရာလေးမှာ ဒါမျိုးပဲရမှာမလို့ ခွင့်လွှတ်ပါ၊ မင်းအတွက်ကတော့ တန်ဖိုးရှိချင်မှရှိလိမ့်မယ် ဒါပေမယ့် ငါ့ရဲ့လေးစားမှုလေးကို တတ်နိုင်သမျှ ပြသပေးတာပါ . . .”
ရဲရှောင်လည်း တွေဝေခြင်းအလျဉ်းမရှိ။
ခွက်ကို ကိုင်မြှောက်ကာ ချက်ချင်းပင် မော့သောက်ပစ်လိုက်တော့၏။
ထို့နောက်တွင် သူ့ပါးစပ်အတွင်း ထူးခြားသောအနံ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
ထို့အတူ အစာအိမ်အတွင်း၌လည်း ပူနွေးသော စမ်းချောင်းလေးဖြတ်စီးသွားသည့်ပမာ နွေးခနဲဖြစ်သွား၏။
သူ့အဖို့ ချင်းရန်နယ်ပယ်၌ သောက်ခဲ့ဖူးသမျှသောအရက်များထဲတွင် အကောင်းဆုံးဟုပင် မှတ်ချက်ပြုလိုက် မိသည်။
သို့သော် ရဲရှောင်က သောက်ပြီးသည်နှင့် ချောင်းဆိုးချင်ယောင်ဆောင်လိုက်ပြီး -
“အဟွတ် . . . အဟွတ် . . .”
“ဒါကတော်တော်ပြင်းတာပဲ ဈေးပေါတဲ့အသီးတွေမလို့ထင်တယ် . . .”
“အင်း . . . ဒါပေမယ့် စိတ်ဝင်စားစရာတော့ကောင်းပါတယ် . . .”
ရဲရှောင်စကားကြောင့် ဆိုင်ရှင်ဖြစ်သူမှာ ရယ်မောလိုက်၏။
သခင်လေးဖြစ်သူ၏ ဆိုလိုရင်းကို သူသိနေလေသည်။
(ဒါပေါ့ မင်းကဘယ်ကြိုက်ပါ့မလဲ၊ မင်းအရင်က သောက်ဖူးတဲ့အရက်တွေဆိုတာ ကမ္ဘာပေါ်က အကောင်း ဆုံး အရက်တွေပဲဖြစ်မှာ၊ ဒီလိုမြို့ငယ်လေးက အရက်ကို မင်းဘယ်လိုများကြိုက်နိုင်ပါ့မလဲ . . .)
“ငါ့ကိုခွင့်လွှတ်ပါ ဒါကငါတို့မှာရှိတဲ့အကောင်းဆုံးပါပဲ ဟဲ ဟဲ . . .”
ရဲရှောင်လည်း ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မံ၍ သောက်လိုက်ပြန်သည်။
ဆိုင်ရှင်ဖြစ်သူမှာမူ ရဲရှောင်ဘေးနားတွင် အစေခံတစ်ဦးပမာ ခစားလျက်ရှိနေ၏။
(ဒီသခင်လေးက တော်တော်ကြီးကို ချမ်းသာတယ်၊ ငါသာသူနဲ့ ခင်မင်အောင်လုပ်နိုင်ရင် ငါ့အတွက် အခွင့် ရေးတွေရလာနိုင်တယ်၊ ဒါကကမ္ဘာကြီးပေါ်မှာ အဆင့်မြင့်မြင့်နေနိုင်ဖို့အတွက် ခြေလှမ်းတစ်ခုပဲ . . .)
(ငါအဲဒီလောက် ကံမကောင်းရင်တောင်မှ သူမှတ်မိတဲ့လူတွေထဲမှာ ငါပါနေတယ်ဆိုရင်ပဲ တော်လောက်ပါပြီ၊ ငါ့ရဲ့အခုလိုလုပ်ရပ်ကြောင့် ငါ့ရဲ့သားသမီးမြေးမြစ်တွေလည်း အကျိုးဖြစ်ထွန်းလိမ့်မယ် . . .)
ထိုအတွေးကြောင့် ဆိုင်ရှင်လည်း ရဲရှောင်အပေါ် ပို၍ပင် ကောင်းကောင်းမွန်မွန် ဆက်ဆံနေလေသည်။
“ဒီကမိတ်ဆွေ . . . ခင်ဗျားက အဝါရောင်ဒင်္ဂါးပြားတို့ ခရမ်းရောင်ဒင်္ဂါးပြားတို့ ပြောခဲ့တယ်နော် . . .”
“အဲဒါတွေကဘာတွေလဲ၊ ခင်ဗျားတို့ ဒီမှာသုံးတဲ့ငွေကြေးတွေလား . . .”
ရဲရှောင်မှ အရသာရှိသော အစားအစာများကိုစားသောက်ရင်း မေးလိုက်သည်။
“အဟွတ် . . . အဟွတ် . . .”
ရဲရှောင်၏အမေးကြောင့် ဆိုင်ရှင်ပင် ရုတ်တရက် ချောင်းဆိုးသွား၏။
သူ့အဖို့ မယုံကြည်နိုင်အောင်ဖြစ်သွားသည့်ပုံပါပင်။
သို့သော် ဆွေကြီးမျိုးကြီးမှဆင်းသက်လာသော သခင်လေးတစ်ပါးအနေဖြင့် ထိုအရာများကို သိမည်မဟုတ် ကြောင်း သူသေချာသိနေလေသည်။
ထို့ပြင် ရဲရှောင်အား သူ၏မျိုးနွယ်စုမှ စည်းကမ်းတင်းကြပ်စွာဖြင့်ထားထားမည်ဖြစ်ကြောင်းကိုလည်း သူယုံ ကြည်နေမိ၏။
ထို့ကြောင့်ပင် ယခုသခင်လေးက ထိုအရာများကို မသိဘဲဖြစ်နေသည်မှာ ကျိုးကြောင်းဆီလျော်လှသည်။
“ကောင်းကင်ဘုံအထက် လူသားနယ်ပယ်မှာ ဒင်္ဂါး ၄ မျိုးရှိတယ်၊ ငါတို့အတွက်တော့ အဲဒါကို ပိုက်ဆံလို့ ခေါ် တာပေါ့၊ အဝါရောင်ဒင်္ဂါးပြားက တန်ဖိုးအနည်းဆုံးပဲ . . .”
“အဟမ်း . . . တကယ်တော့ သာမန်ပြည်သူတွေက ဒီအဝါရောင်ဒင်္ဂါးပြားတွေကိုပဲ အသက်ရှင်ဖို့အတွက် သုံးနေကြတာပေါ့၊ ပစ္စည်းတွေဝယ်ကြတယ် ရောင်းကြတယ် ဘာပဲလုပ်လုပ် ဒီဒင်္ဂါးကိုပဲသုံးတယ် . . .”
“အဖြူရောင်ဒင်္ဂါးကတော့ ပိုပြီးတန်ဖိုးရှိတယ်၊ အဲဒီဒင်္ဂါးတစ်ပြားဆိုရင် အဝါရောင်ဒင်္ဂါးအပြား ၁၀၀ နဲ့ ညီမျှ တယ်၊ ငါတို့လိုလူတွေထဲမှာ အဖြူရောင်ဒင်္ဂါးပြား ၄၀ လောက်ရမယ်ဆိုရင် အဲဒီလူကို တကယ့်ကိုအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်လို့ သတ်မှတ်ကြတယ် . . .”
“အဲဒါတွေထက် ပိုအဆင့်မြင့်တဲ့ ဒင်္ဂါးကတော့ အနက်ရောင်ဒင်္ဂါးပြားပေါ့၊ အဲဒီအနက်ရောင်ဒင်္ဂါးတစ်ပြားဆို ရင် အဖြူရောင်ဒင်္ဂါးအပြား ၁၀၀ နဲ့ညီမျှတယ်၊ ဒီလိုဒင်္ဂါးပြားတွေကိုတော့ ကြီးကြီးမားမားအရောင်းအဝယ်လုပ်တဲ့ အခါမှာ သုံးကြတယ် . . .”
“ငါပြောတဲ့ခရမ်းရောင်ဒင်္ဂါးပြားဆိုတာကတော့ တော်တော်ကိုရှားပါးတယ်၊ ခရမ်းရောင်ဒင်္ဂါးပြားတစ်ပြားက အနက်ရောင်ဒင်္ဂါးပြား ၁၀၀၀၀ နဲ့ညီမျှတယ် . . .”
ဆိုင်ရှင်ဖြစ်သူမှ ဒင်္ဂါးပြားအချို့ကိုထုတ်ပြရင်း ရှင်းပြလိုက်၏။
“ခရမ်းရောင်ဒင်္ဂါးပြားက ဘယ်မှာလဲ၊ ခင်ဗျားမှာ တစ်ပြားလောက်တောင်မရှိဘူးလား . . .”
ရဲရှောင်က စားပွဲပေါ်ရှိဒင်္ဂါးပြားများကိုကြည့်ရင်း မေးလိုက်သည်။
“ခရမ်းရောင်ဒင်္ဂါးပြားဟုတ်လား ငါ့မှာဘယ်လိုလုပ်ရှိမှာလဲ . . .”
ဆိုင်ရှင်ဖြစ်သူက ရှက်ရွံ့နေသောမျက်နှာထားမျိုးဖြင့် ပြောလိုက်၏။
“ခရမ်းရောင်ဒင်္ဂါးပြားဆိုတာ အရမ်းအဆင့်မြင့်တဲ့ရောင်းဝယ်မှုမှာပဲ သုံးကြတာ၊ တကယ့်ကို ထိပ်တန်းငွေ ကြေးတစ်မျိုးပေါ့၊ ငါလိုဆိုင်အသေးလေးရဲ့ ပိုင်ရှင်တစ်ယောက်က ဒီလိုဒင်္ဂါးပြားတစ်ပြားတောင်ရနိုင်မှာ မဟုတ်ဘူး၊ ငါကပေါင်မုန့်မီးကင်ရောင်းတဲ့ လူတစ်ယောက်ပဲလေ . . .”
“ဪဟုတ်သား ကျုပ်မှားသွားတယ် ဒီလိုမေးခွန်းမျိုးမမေးသင့်ဘူး . . .”
ရဲရှောင်မှ တောင်းပန်ဟန်ဖြင့် ပြောလိုက်သည်။
ဆိုင်ရှင်ဖြစ်သူ၏ မိန်းမမှလည်း ရဲရှောင်တို့ပြောနေသည်ကို နားထောင်ရင်း သက်ပြင်းချလိုက်သည်။
ထို့နောက် ယောက်ျားဖြစ်သူအား လှမ်းကြည့်ကာ -
“ကျွန်မ အရင်ဘဝက အကုသိုလ်တွေလုပ်ခဲ့လို့ထင်တယ် ဒီလိုမှမဟုတ်ရင် ဒီလိုလူဆင်းရဲတစ်ယောက်နဲ့ ဘယ်လိုများ လက်ထပ်မိမှာလဲ၊ ကျွန်မဘဝရဲ့ သက်တမ်းတစ်ဝက်လောက်က ကုန်ဆုံးသွားပြီ အဲဒါတောင် ကျွန်မတို့ မှာ ခရမ်းရောင်ဒင်္ဂါးပြားတစ်ပြားတောင် မစုဆောင်းနိုင်ခဲ့ဘူး . . .”
ဆိုင်ရှင်မှ ရှက်ရွံ့သွားဟန်ဖြင့် -
“မင်းဘယ်လိုများ ပြောထွက်နိုင်ရတာလဲ၊ ငါ့ကိုဒီလိုလာပြောနေရအောင် မင်းမှာရောရွေးချယ်စရာရှိခဲ့လို့ လား၊ မင်းသာ အရမ်းကိုလှပနေရင် ချမ်းသာတဲ့လူတစ်ယောက်ကိုပဲ လက်ထပ်ခဲ့မှာပေါ့၊ အခုတော့ ကိုယ့်ကိုယ်ကိုယ် လည်း ကြည့်ဦး . . .”
“ငါ့ကိုယ်ငါလည်း ဆင်းရဲတယ်ဆိုတာကိုသိပါတယ် ဒါပေမယ့် မင်းကလည်း ရုပ်ဆိုးတာပဲ . . .”
မိန်းမဖြစ်သူလည်း ဒေါသထွက်သွား၍ ကျယ်လောင်သော အသံဖြင့် -
“ဘာ . . . ရှင်ဘာစကားပြောတာလဲ ဝက်စုတ် . . .”
“ကျွန်မမှာ ဘာရှိခဲ့လဲဆိုတာ ရှင်အသိဆုံး အဲဒါကိုတော့ ရှင်မငြင်းနိုင်ဘူးမလား တကယ့်ငမွဲ . . .”
“ကျွန်မငယ်ရွယ်နုပျိုချိန်မှာ ရှင့်ဘေးနားနေပြီး ရှင့်ရဲ့ဒုက္ခတွေ ခံခဲ့ရတယ်၊ ရှင့်အတွက် အလုပ်တွေလုပ်ပေးခဲ့ ရတယ်လေ ဝက်စုတ်ရဲ့ အဲဒါကြောင့် ကျွန်မရဲ့အလှတွေ ဆုံးရှုံးခဲ့ရတာပဲ ဒါတောင်ကျွန်မကို ဘယ်လိုများ ပြောဝံ့ရ တာလဲ အရှက်မဲ့တဲ့လူရဲ့ . . .”
လင်မယားနှစ်ယောက်မှာ တစ်ယောက်တစ်ခွန်းဖြင့် အချိန်မရွေး ထသတ်တော့မည့်ပုံမျိုးပင်‌ပေါက်နေသည်။
ရဲရှောင်လည်း ချောင်းဟန့်လိုက်ရင်း အခြေအနေများကို ထိန်းလိုက်ရလေသည်။
ထိုအခါမှ လင်မယားနှစ်ယောက်လုံး ရပ်တန့်သွားပြီး ရဲရှောင်အား ရှက်အမ်းအမ်းဖြင့် လှမ်းကြည့်လိုက်ကြ ၏။
“အဟမ်း . . .”
“ဒါနဲ့ဒီနေရာက ဘယ်သူပိုင်တဲ့နေရာများလဲ . . .”
ရဲရှောင်မှ သိချင်ဟန်ဖြင့် မေးလိုက်သည်။
“ဒါကအရှေ့ကောင်းကင်ရဲ့ အရှေ့ဆုံးအရပ်တစ်ခုပေါ့ . . .”
ဆိုင်ရှင်ဖြစ်သူမှာ ရဲရှောင်၏အမေးကိုကြားချိန် ဘာပြောရမှန်းမသိအောင်ဖြစ်ခဲ့ရသည်။
(ဘယ်လိုဖြစ်တာလဲ မင်းက ဒီနေရာကိုရောက်နေတာတောင် ဘယ်နေရာရောက်နေမှန်း မသိဘူးလား . . .)
(ဒီအကြောင်းကို တခြားလူတွေသာသိရင် ယုံနိုင်မှာတောင်မဟုတ်ဘူး . . .)
“အရှေ့ကောင်းကင်ဆိုတာ ဘာများလဲ . . .”
“အင်း . . . ကျုပ်ဆိုလိုချင်တာ ဘာအဓိပ္ပာယ်လဲလို့ မေးချင်တာ ဒါနဲ့ပတ်သက်ပြီး နောက်ကြောင်းရာဇဝင် လေးများ ရှိနိုင်မလား . . .”
ရဲရှောင်မှ ထပ်၍မေးလိုက်ပြန်၏။
ယခုအခါတွင်မူ ဆိုင်ရှင်ဖြစ်သူမှာ ပါးစပ်အဟောင်းသားပင် ဖြစ်သွားလေသည်။
(အရှေ့ကောင်းကင်က ဘာလဲလို့ မေးလိုက်တာလား . . .)
ဆိုင်ရှင်မှာ ရဲရှောင်ကြောင့် ဘာပြောရမှန်းမသိအောင် ဖြစ်သွားပါတော့သည်။

#translator
#ကြွေရွက်ဝါ


“မွဲတေနေသော ရဲရှောင်”
“ထူးဆန်းလိုက်တာ . . .”
“ဒါကဘယ်နေရာပါလိမ့် . . .”
မှန်ပေသည်။
၎ လအတွင်းမှာပင် သူ၏စွမ်းအင်များက မူလထက် ၂ ဆခန့် တိုးတက်ခဲ့ခြင်းဖြစ်၏။
(ဒါပေမယ့် . . . နေပါဦး . . .)

#translator
“မွဲတေနေသော ရဲရှောင်”
(ကောင်းကင်ဘုံ . . .)
မှန်ပေသည်။
“အဟမ်း . . . အဟမ်း . . .”
“ဘယ်နှစ်ခုလိုလို့လဲ . . .”
“ဪ . . . သစ်ကြမ်းပိုးသီးလား . . .”
“ကောင်လေး . . .”
“အင်း . . . ထားလိုက်ပါတော့ . . .”
“နေဦး . . .  နေဦး . . . ခဏနေပါဦး . . .”
“ညီလေး . . . ညီလေး . . .”
“ကြယ်သံမဏိဟုတ်လား . . .”

#translator
“စကားပြောဆိုကြခြင်း”
ရဲရှောင်လည်း စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီးနောက် အိနြေ္ဒတစ်ခွဲသားဖြင့် နေလိုက်သည်။
“တကယ်လို့ ကျုပ်သာ အိနြေ္ဒရရမနေလိုက်ရင် သူတို့က ကျုပ်ရဲ့ ပိုက်ဆံတွေအကုန်လုံးကို ယူသွားလိမ့် မယ်၊ အဲဒီလိုဖြစ်လို့ကတော့ ကျုပ်သေပြီပဲ၊ ကျုပ်ရဲ့ ဘိုးဘေးတွေကိုလည်း အရှက်ရစေလိမ့်မယ်၊ ကျုပ်အဲဒီလို လုံးဝအဖြစ်မခံနိုင်ဘူး . . .”
“ခင်ဗျားဘာသိလို့လဲ . . .”
“ဘုရား . . . ဘုရား . . .”

#translator
“စကားပြောဆိုကြခြင်း”
“အဟွတ် . . . အဟွတ် . . .”
“အဟွတ် . . . အဟွတ် . . .”
“အဟမ်း . . .”

#translator
#ကြွေရွက်ဝါ

Czytaj Dalej

To Też Polubisz

162K 3.9K 56
After your defeat, sonic decided to spare you.You became something of a anti-hero like shadow and help them on their adventures.The mad doctor now ha...
12.8K 1.1K 162
သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ (Stealing The Heaven) ဘာသာပြန်စာရေးဆရာ - အေးငြိမ်းကျော် တခြားသူမှာ ပိုနေတာကို ယူပြီး ကိုယ့်အတွက် လိုနေတာကို ဖြည့်မယ်။ စောရဂ...
40.3K 1.2K 23
this is going to be based off the books currently under editing!! any suggestions please do tell me please enjoy ☆
123K 2K 25
bl . Taekook 🔞🔥 បម្រាម:ក្មេងក្រោម18ឆ្នាំ🙏 សូមអភ័យទោសរាល់ពាក្យពេចន៍មិនសមរម្យ🙏🔥