"မမနားလည်ပါတယ် .. ဒါပေမယ့် ဘာလို့ ရုတ်တရက်ကြီး ပြောတာလဲ တစ်သက်လုံး ဖုံးကွယ်ထားလိုက်တာ မဟုတ်ဘူး"

သူတို့ နှစ်ယောက်ကြားမှ အခြေအနေကို မရိပ်မိခဲ့ရသည်မှာ ယွင်ယောင်သည် အလွန်တုံးသူ ဖြစ်နေခြင်းကြောင့်လား။ သူမပြောသည့် အခါတိုင်း ယွင်ချဲ့က တိတ်တိတ်သာ နေခဲ့သဖြင့် သူမအနေနှင့် ခံစားမိခဲ့သော်လည်း ထိုအကြောင်းကို အခုချိန်တွင် ဝန်ခံလိမ့်မည်ဟု မထင်ခဲ့ပေ။ သူမအနေနှင့် လက်မခံခြင်း မဟုတ်သော်လည်း ရုတ်တရက် ဖြစ်သွားခြင်းကြောင့် မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိခဲ့ပေ။

"ဒီနေ့ ကျွန်တော် အိမ်ကနေ ထွက်ရတော့မှာလေ ပြန်လာဖို့ကလည်း တော်တော် ကြာဉီးမယ် ... မမလည်း အချိန်ယူပြီး စဉ်းစားနိုင်အောင်လို့ပါ"

ယွင်ယောင်၏ စိတ်ခံစားချက်ကို အလေးထားသောကြောင့် ယွင်ချဲ့ အများအပြား မပြောတော့ပေ။ ထို့ကြောင့် သူမအတွက် လက်ခံပေးနိုင်မည့် အချိန်တစ်ခု ရစေရန် တွက်ဆခဲ့ခြင်း ဖြစ်သည်။

"သူ့ကို အဲ့လောက်တောင် သဘောကျတာလား"

ဘတ်စ်ကား ပြတင်းပေါက် မှတစ်ဆင့် လှမ်းကြည့်နေသော ရှင်းဖုန်းကို လှည့်ကြည့် လိုက်ပြီး သူမမောင်လေး၏ လက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။ သူမ၏ ခေါင်းမှာ ရှုပ်ထွေးနေပြီး ဘာမှပင် မတွေးတောဘဲ ထိုသို့ မေးလိုက်သည်။

"ဟုတ် သဘောကျတယ် ... ကြည့်ရတာ ကျွန်တော် အရင်ဘဝ ကတည်းက သူ့ကိုချစ်နေခဲ့သလိုပဲ တွေ့တာ နောက်ကျ သွားခဲ့ပေမယ့် ဒီဘဝတော့ ဘုရားသခင်က ပြန်လည် ပေါင်းစည်းပေးခဲ့တယ်"

ယွင်ယောင် ပခုံးပေါ်မှ ကျော်ကာ လှမ်းကြည့်လိုက်စဉ် ရှင်းဖုန်းနှင့် အကြည့်ဆုံ သွားပြီးနောက် ယွင်ချဲ့ ပြုံးလိုက်သည်။ သူအပို ပြောနေခြင်း မဟုတ်ပေ။ အရင်ဘဝမှ လေးနှစ်တာ အတွင်းတွင် စခန်းတစ်ခုနှင့်တစ်ခုကို ယွင်ချဲ့ ပြောင်းရွေ့ သွားလာနေခဲ့ပြီး လူအများအပြားနှင့် တွေ့ကြုံခဲ့ရသော်လည်း ရှင်းဖုန်း အပေါ်ကိုသာ ဘာကြောင့် ယူဆချက် ခိုင်မာခဲ့ရတာလဲ။ အရင်ဘဝ ကတည်းက ရှင်းဖုန်း အပေါ် စိတ်ဝင်စားခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုအချိန်က ဟန်မင်ကျယ်နှင့် တွဲနေခဲ့သဖြင့် ယွင်ချဲ့လည်း ရှင်းဖုန်းနှင့် ဝေးဝေးနေကာ အခြား တစ်ယောက်အား ချစ်နေသည့် အချက်ကို

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now