အပိုင်း (၁၉၂)

216 27 8
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၉၂ )
Chapter 192            ဘုရင် ပြန်လာခြင်း

ကျောက်ဖူ  ရှလေးကို ခေါ်ပြီး၊ တယ်လီပို့ပို့ဆောင်ရေးလမ်းကြောင်းကို အသုံးပြုခဲ့လိုက်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ နောက်တစ်ကြိမ် မှုန်ဝါးသွားခဲ့ပါတယ်။ ဒီလို အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် နောက်ဆုံးမှာတော့ မဟာ ချင်မြို့ရဲ့ တယ်လီပို့ပို့ဆောင်ရေးလမ်းကြောင်း အပြင်ဖက္မှာ ထွက်ပေါ်လာခဲ့ပါပြီ။

အစောင့်စစ်သည်တွေက ကျောက်ဖူ ပြန်လာတာကို မြင်တဲ့အခါ အံ့အားသင့်သွားကြပြီး၊ အရိုအသေပေးကာ ခေါ်လိုက်ကြပါတယ်။
" အရှင် မင်းမြတ်"

  ကျောက်ဖူ ခေါင်းညိတ်ပြလိုက်ပြီး၊ တယ်လီပို့ဆက်သွယ်ရေးလမ်းကြောင်းမှ ထွက်ခွာလာခဲ့ပါတယ်။ ကျောက်ဖူ ပြန်လာပြီဆိုတဲ့ သတင်းက ရေကန်တစ်ခုထဲကို ကျောက်တုံးပစ်ချလိုက်သလိုမျိုး ပျံ့နှံ့သွားခဲ့ပါပြီ။ မကြာခင်မှာပဲ မဟာ ချင်မှ အားလုံးဟာ မယုံနိုင်လောက်အောင်အသက်ဝင်လာခဲ့ကြပြီး၊ ထိပ်တန်းပုဂ္ဂိုလ်တွေဟာလည်း မြန်မြန်ဆန်ဆန်ပဲ ထွက်လာခဲ့ကြပါတယ်။

  တယ်လီပို့ ဆက်သွယ်ရေးလမ်းကြောင်းမှ ထွက်ခွာပြီးနောက် ကျောက်ဖူ မဟာ ချင် မြို့ရဲ့ပတ်ဝန်းကျင်‌ေလထုနဲ့ ပတ်သက်ပြီး၊ ထူးဆန်းတဲ့ အရာတစ်ခု ဖြစ်နေတယ်လို့ ခံစားလိုက်ခဲ့ရပါတယ်။ ဒီအခြေအနေက အတော်အတန် ဖိနှိပ်ချုပ်ချယ်မှုနဲ့ တင်းမာနေပုံရတာကြောင့် ကျောက်ဖူ  မျက္မှောင်ကြုတ်သွားခဲ့ပါတယ်။

  ကျောက်ဖူ ခေါင်းငုံ့လိုက်ပြီး၊ သူ့အဝတ်အစား ထဲမှာ အိပ်ပျော်နေတဲ့ ပန်းနတ်သမီး သုံးယောက်ကို နှိုးလိုက်ပါတယ်။ နှိုးလာပြီးနောက် ပန်းနတ်သမီး သုံးယောက်ဟာ ကျောက်ဖူရဲ့ အဝတ်အစားထဲမှ ထွက်လာခဲ့ကြကာ ပတ်ဝန်းကျင်ကို စပ်စုလိုက်ကြပါတယ်။ ကျောက်ဖူက သူမတို့ကို ပြောခဲ့သလို ပတ်ဝန်းကျင်တစ်ခုလုံး ပန်း‌ေတွ ပွင့်နေတယ်ဆိုတာကို တွေ့ရိှသွားကြပါပြီ။ ဒီနေရာဟာ သူမတို့အတွက် ထူးဆန်းပြီး၊ စွဲမက္စရာတစ်ခုဖြစ်လို့ မဟာ ချင်ကို သူမတို့ သိပ် သဘောကျ‌နေခဲ့ပါပြီ။  သူတို့တွေဟာ ဟို၊ဒီ ပျံဝဲပြီး၊ လှည့်ပတ်ကြည့်ရှု‌ေနခဲ့ကြတယ်။ ဒါအခြေအနေကို ကျောက်ဖူ ပြုံးပြီး၊ ကြည့်နေခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now