အပိုင်း (၁၀၁)

206 14 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၀၁ )
Chapter 101        အလင်းရဲ့ အစေခံလုပ်ဖို့ အမှောင်မှာအလုပ်လုပ်ကြတယ်။

ဒီ ကြွက်လူတွေက သာမာန်ကြွက်လူတွေနဲ့ တူညီသလိုဖြစ်နေတာကြောင့် ကျောက်ဖူ သူတို့အကြောင်း ဘာမှ ထူးထူးခြားခြား ပိုမြင်ခဲ့ပါဘူး။ သာမာန် ကြွက်လူတွေကတော့ သူတို့လောက် အစွမ်းအစ မရှိကြပါဘူး။ မဟာ ချင် ကျေးရွာမှာ အချက်အလက် အခြေအနေတွေအတွက် ရရှိတဲ့ ဆုကြေးတွေက အမျိုးမျိုးရှိ‌ေနပြီး၊ အော့လူဘီလူးတစ်‌ေကာင်နဲ့ တစ်ယောက်ချင်းတိုက်ခိုက်နိုင်တဲ့ မဟာ ချင် စစ်သည်တွေထက်စာရင်တော့ ဒီ ကြွက်လူတွေက ပြသနာ မဟုတ်သေးပါဘူး။

  ကြည့်ရတာ ဒီကြွက်လူတွေက သူတို့့ရဲ့ဝတ်စုံနဲ့လက်နက်တွေကြောင့်အင်အားကြီးမားလာတာ ဖြစ်နိုင်ပြီး၊ သူတို့ရဲ့ အလုပ်အကိုင်ဟာ သမိုင်းအကြွင်းအကျန်‌ေတွနဲ့ ဆက်နွယ်မှု့ ရှိပုံပါ။

ကျောက်ဖူ ဒီသမိုင်းအကြွင်းအကျန်ကိုပိုမိုစိတ်ဝင်စားလာခဲ့ပြီး၊ ကျန်းတဟူ ဒူးထောက်‌ေနတာကို စဉ်းစားလိုက်ကာ‌ေပြာလိုက်ပါတယ်။
“ ထ"

ကျန်းတဟူ သက်ပြင်းသာချလိုက်နိုင်ပါတယ်။ သူ့က ကျောက်ဖူ အပြစ်ပေးလိမ့်မယ်လို့မျှော်လင့်ထားခဲ့တဲ့အတွက် စိတ်လျော့ထားခဲ့တာပါ။ ဒါပေမယ့် ကျောက်ဖူ သူကို အပြစ်ပေးဖို့မပြောနဲ့ ပြစ်တင်ရှုံ့ချတာ‌ေတာင် မလုပ်သွားခဲ့ပါဘူး။

ဒီကိစ္စက တကယ်လို့ ကျန်းတဟူရဲ့အပြစ်ဆိုရင် တော့ ကျောက်ဖူ သူ့ကို အပြစ်ပေးမှာ သေချာပါတယ်။ ဒါပေနယ့် ကျန်းတဟူ ပြောဆိုပြီးနောက် သူ့မှာ အမှားမရှိကြောင်း နားလည်ခဲ့ပါတယ်။ဒါကြောင့် ကျောက်ဖူ အပြစ်မပေးတော့တာပါ။ ဆိုရိုးစကားအရဆိုရင်တော့  'စီမံကိန်းရေးဆွဲခြင်းသည် လူကလုပ်ရမှာဖြစ်ပြီး၊ ပြီးမြောက် အောင်မြင်ခြင်းဆိုတာက သက်ဆိုင်သည်' ဆိုတာပါပဲ။ အစီအစဉ်တစ်ခုကို ဘယ်လောက် အသေးစိတ်ကျအောင် ကောင်းစွာစဉ်းစားထားပါစေ၊ မျှော်လင့်မထားတဲ့ အရာတွေက ပေါ်ပေါက်လာနိုင်ဆဲပါ။ ဒါကြောင့် ကျန်းတဂူကို ကျောက်ဖူ အပြစ်မတင်ခဲ့ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now