အပိုင်း (၁၈၀)

194 21 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၈၀ )
Chapter 180      အချက်အလက် ကျောက္မျက် 

ဒီလက်ရာမြောက်ပြုလုပ်ထားတဲ့ ကျောက်တံခါးတွေကို ကြည့်လိုက်ပြီး၊ ကျောက်ဖူ သူ့လက်ကို ဆန့်ထုတ်လိုက်ကာ သူ့ရဲ့စွမ်းအားကို အသုံးပြုပြီး၊ ဖြည်းဖြည်းချင်းဖွင့်လိုက်ပါတယ်။ တံခါးနောက်ကွယ်မှာ‌ေတာ့ တိတ်ဆိတ်မှောင်မိုက်နေခဲ့တာကြောင့် ကျောက်ဖူ သူ့ရှေ့ကို  ၅ မီတာလောက်သာ မြင်နိုင်ခဲ့ပါတယ်။ ဒီနေရာက အတော်လေးကို တိတ်ဆိတ်နေခဲ့တာကြောင့် သူ့ကို အတော်စိတ်လှုပ်ရှားစေခဲ့ပါတယ်။

ကျောက်ဖူ စတင်ဝင်လာတဲ့အချိန်မှာဘဲ ပုံသဏ္ဍာန်မဲ့စွမ်းအင်တစ်ခုက သူ့ကိုတားဆီးထားတာ‌ေကြာင့် အံအားသင့်သွားခဲ့ပါတယ်။

ဒါကြောင့် ကျောက်ဖူ အမှောင်သစ်တော အမိန့်ပေး တံဆိပ်ကို ရုတ်တရက် သတိရသွားခဲ့ပါတယ်။ အဲ့ဒီ့  အမိန့်ပေးတံဆိပ်ကို ထုတ်ယူလိုက်ပြီးနောက် သူ့ရဲ့ရှေ့မှာ တာဆီးတေဲ့ ပုံသဏ္ဍာန်မဲ့ စွမ်းအင်‌ေတွက ချက်ချင်းပဲ ပျောက်ကွယ်သွားပါတော့တယ်။

ကျောက်ဖူ ဒီအမိန့်‌ေပးတွဆိပ်တော်ကို အမိန့်ပေးတံဆိပ် အပိုင်းအစ ၆၇ ခုကို ပေါင်းစပ်ထားတာပါ။ ဒါတွေကို သူ ဂေါ်ဗလင်တွေဆီကိုလည်း ပေးထားပါသေးတယ်။ ဒါက သူတို့ကို သူနဲ့အတူ ‌ေခါ်လာချင်လို့ပါ။ ဒါပေမယ့် ကျောက်ဖူ ‌ေဂါ်ဗလင်တွေက အမိန့်တော်တံဆိပ်မရှိဘဲလဲ  ၀င်ရောက်နိုင်တယ်ဆိုတာ သိလိုက်ရတာကြောင့် အဲ့ဒီ့တံဆိပ်တွေကို ပြန်သိမ်းထားလိုက်ပါတယ်။

ကျောက်ဖူ ဂေါ်ဗလင်တွေကို ဦးဆောင်ပြီး အထဲကိုမဝင်ခင်မှာ တံခါးအပြင်ဖက်ရှိမှာပဲ မီးတိုင်အနည်းငယ်ကို ထွန်းလာခဲ့လိုက်ပါတယ်။

အစပိုင်းမှာတော့ ဒီနေရာက အတော်လေးရှည်လျားတဲ့စင်္ကြံတစ်ခုလို့ ထင်ခဲ့ရပြီး၊ လူတိုင်းက မမျှော်လင့်တဲ့ အံ့အားသင့်စရာတွေ ကြုံတွေနိုင်တယ်ဆိုပြီး၊ စိတ်လှုပ်ရှား‌ေနခဲ့ကြပါတယ်။

ခဏတာလမ်းလျှောက်ပြီးတဲ့နောက် သူတို့ တောထဲမှာ ရှိနေတဲ့ ရဲတိုက်တစ်ခုကို ရောက်ရှိလာတဲ့အခါမှာ‌ေတာ့ အဲ့ဒီနေရာဟာ အတော်လေး တိတ်ဆိတ်မှောင်မိုက်နေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အချို့အရာတွေကိုတော့ ပြုလုပ်နိုင်နေဆဲပါပဲ။ ဒီ‌ေနရာမှာ ရှိနေတဲ့ သစ်ပင်တွေဟာ မယုံနိုင်အောင် စိမ်းလန်းစိုပြေနေခဲ့ကြပြီး၊ ထူးဆန်းတဲ့ဆူညံသံတွေကိုလည်း ရံဖန်ရံခါကြားနေရပါတယ်။ ဒီအခြေ အနေတွေကြောင့် ဒီတောက အတော်ကြောက်စရာကောင်းပုံရနေခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now