အပိုင်း (၉၉)

221 20 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၉၉ )
Chapter 99           သံမဏိလင်းယုန်လက်ရွေးစင် စစ်သည်များ

အဆင့် ၁ စစ်သူကြီး တွေဟာ သူတို့ရဲ့ ထူးခြားသော စစ်မှုထမ်း အလုပ်အကိုင် အတွက် လူ ၁၀၀ သာရှိနိုင်သော်လည်း၊ ရရှိထားသူတို့သည် ပိုမိုအားကောင်းလာသည်နှင့်အမျှ ဒီအလုပ်အကိုင်အတွက် လူအများအပြားကို ပိုမိုလေ့ကျင့်ပေးနိုင်မှာပါ။

ထူးခြားတဲ့ စစ်မှုထမ်း အလုပ်အကိုင် အမျိုးအစားက နှစ်မျိုးရှိနေပါတယ်။ တစ်ခုကတော့ အလုပ်အကိုင် အသစ်တစ်ခု ဖန်တီးရမှာဖြစ်ပြီး၊ အခြားတစ်ခုကတော့ မဟာချင်ရဲ့ ကျော်ကြားတဲ့  သံမဏိလင်းယုန်လက်ရွေးစင် စစ်သည်တွေလို သမိုင်းဝင် အလုပ်အကိုင်တွေ ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။

အလုပ်အကိုင်အသစ်တစ်ခုကို ဖန်တီးပြီး တိုးတက်အောင် လုပ်တာပဲဖြစ်ဖြစ် သမိုင်းဝင် အလုပ်မကိုင်ကို ရွေးချယ်ပြီးလုပ်တာပဲဖြစ်ဖြစ် သူတို့ရဲ့ကိုယ်ပိုင် ကိစ္စပါပဲ။ အလုပ်အကိုင်အသစ်တစ်ခုကို တိုးတက်အောင် လုပ်တာဟာ အဲ့ဒီအရာတစ်ခုထဲကို ဇောက်ချ အာရုံစိုက် လုပ်ဆောင်ဖို့လိုပါတယ်။ အခြားနည်းတစ်ခုနဲ့ပြောရရင်တော့  အလုပ်အကိုင်သစ်တစ်ခု ဖွံဖြိုးတိုးတက်လာဖို့ဆိုရင် တစ်စုံတစ်ယောက်ရဲ့ အသစ်လုပ်တဲ့ အလုပ်အကိုင်အခြေအနေက လက်ရှိအချိန်အခါနဲ့ ကိုက်ညီမှသာ အဆင်ပြေနိုင်မှာပါ။

အခြားတစ်ဖက်မှာတော့  သမိုင်းဝင် အလုပ်အကိုင်‌ေတွက‌ေတာ့ သူတို့ရဲ့ ပင်ကိုယ်သဘောသဘာဝအရ သမိုင်းမှာ သွေးထွက်သံယို တိုက်ပွဲတွေနဲ့ အရည်အချင်းစစ်ခံပြီးသားတွေပါ။ဒါကြောင့် သူတို့က အတော်လေး အစွမ်းထက်ပြီးသားတွေပါ။

ကျောက်ဖူ ဒီဆုံးဖြတ်ချက်ကို သူကိုယ်တိုင် မဆုံးဖြတ်ပဲ ဘိုင်ချီကို မေးလိုက်ပါတယ်။
"ဘိုင်ချီ၊ မင်းဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ။"

ဘိုင်ချီ မြန်မြန်ဆန်ဆန် ပြန်မဖြေခဲ့ပါဘူး။ သူဟာသူ အတော်လေးစဉ်းစားလိုက်ပြီးမှ ပြန်ဖြေလာခဲ့ပါတယ်။
" အရှင် မင်းမြတ်၊ ကျွန်တော့် အနေနဲ့ အလုပ်အကိုင် အသစ် ဖန်တီးတာထက် ကွန်တော်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့စစ်မှုထမ်း အလုပ်အကိုင်ကိုလုပ်တာက အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ ”

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Onde as histórias ganham vida. Descobre agora