အပိုင်း (၈၅)

233 28 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၈၅ )
Chapter 85            ဘုရင့်ကိုယ်ပိုင် နယ်မြေ

မဟာ ချင် ကျေးရွာကို ပြန်သွားပြီးနောက် ကျောက်ဖူ  ဆန်းကြယ် ၉ပါး တစ်ဖက်သွားဓါးကို ကျန်းတဟူအား ပေးလိုက်ပါတယ်။ သူရဲကောင်းဒိုင်းကိုတော့  ကျောက်ဖူ ပြိုင်ဘက်ကင်း ခွန်အား (သန်မာ)မူရှိနေတဲ့ဂေါ်ဗလင်တိုက်ခိုက်ရေးစစ်သည်တစ်ယောက်ကို ပေးခဲ့ပါတယ်။   နောင်မှာ သူ S အဆင့် အော့ဖ်စက်လုံးရရှိပါက သူ့ကို ပေးပြီး၊ ဒီ့ထက်ပိုသန်မာလာအောင် လုပ်ပေးမှာပါ။

ဒီကိစ္စများကိုဆောင်ရွက်ပြီးနောက် ကျောက်ဖူ   ကောင်းကင်ဘုံ ဆုတောင်းသူများ စင်္ကြန်ကို သွားခဲ့လိုက်ပါတယ်။ အခုဆို သူ့ကံကြမ္မာနဲ့ ဘုရင့်စွမ်းအားပါဝါကို ပေါင်းစပ်ဖို့ လုပ်ခဲ့ပါပြီ။ ကျောက်ဖူ   ကောင်းကင်ဘုံ ဆုတောင်းသူများ စင်္ကြန်မှာ ခြေချိတ်ထိုင်လိုက်ပြီး၊ သူစိတ်ကို အာရုံစူးစိုက်လိုက်ပါတယ်။ ဟီရှန်းယု သင်ပေးလိုက်တဲ့နည်းအတိုင်း လုပ်ခဲ့တဲ့အခါမှာတော့ မဟာ ချင် ကျေးရွာရဲ့ ကံကြမ္မာဟာ သူ့ဆီ ဝင်ရောက်လာခဲ့ပါတယ်။

သူ့ခန္ဓာကိုယ်အတွင်းမှာ‌ေတာ့ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ အနက်ရောင်နဂါးနဲ့ တောက်ပနေတဲ့ ရွှေရောင်အလင်းတန်း‌ေတွဟာ တဖြည်းဖြည်းနဲ့ပဲ အတူ ပေါင်းစည်းသွားကြပါတယ်။

အဲ့ဒီ့နောက်  ကျောက်ဖူ သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်ပါတယ်။ သူ့လက်ကို ပြန်ဆန့်ထုတ်ကြည့်လိုက်တဲ့အခါမှာတော့ အနက်ရောင်အလင်းတောက်ပနေတဲ့ အော့ဖ်စက်လုံးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ ဒီအော့ဖ်စက်လုံးက အရင်ရွှေရောင်ကနေ အရောင်ပြောင်းသွားတာကလွဲရင် ပိုတောက်ပလာခဲ့ပါပြီ။ အနက်ရောင် အော့ဖ်စက်လုံးထဲမှာ‌ေတာ့ အနက်ရောင် နဂါးပုံရိပ်အချို့ ရွှေ့လျားနေတာတွေ့လိုက်ရပါတယ်။

ကျောက်ဖူ ကောင်းကင်ဘုံ ဆုတောင်းသူများ စင်္ကြန် အဆောက်အဦ ပေါ်မှာ ဒီအနက်ရောင် အော့ဖ်စက်လုံးကို ဖိချလိုက်တဲ့ အခါမှာတော့ အနက်ရောသ် စက်ဝိုင်းခြမ်းပုံ အလင်းက အပြင်ဖက်ကို ထိုးထွက်လာပါတော့တယ်။ အဲ့ဒီ့ အနက်ရောင် အလင်းထဲမှာပဲ အနက်ရောင် နဂါးက ရွှေ့လျားနေတဲ့ ပုံရိပ်ရှိနေခဲ့ပါတယ်။ ဒါက ကျောက်ဖူရဲ့ ဘုရင့်အမှတ်အသား သင်္ကေတ ပါပဲ။ ဒါက အတားအဆီးတစ်ခု ဒါမှမဟုတ် အကာအကွယ်အရံအတား ဆိုလဲ ဟုတ်ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now