အပိုင်း (၁၈၈)

197 21 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၈၈ )
Chapter 188       ဒီကမ္ဘာမှာ သူက ဘယ်လိုလူလဲ 

  ဓါးပြရွာကို သိမ်းပိုက်ပြီးနောက္မှာ‌ေတာ့ ကျောက်ဖူ ငွေအဆင့် ပစ္စည်းကိရိယာ ၄၀၀ ကို ထုတ်ပေးခဲ့လိုက်ပါတယ်။ ဒီအရာတွေအားလုံးက ဂူဖန်းရဲ့ သိုလှောင်လက်စွပ်ထဲက အရာတွေပါ။

ကျောက်ဖူ ငွေ အဆင့် ပစ္စည်းကိရိယာတွေ ထုတ်ယူလိုက်တာ မြင်တွေ့ရပြီးနောက် ဓါးပြတွေ အားလုံးနဲ့ လွီဆုဘိုင်တို့ တုန်လှုပ်ခြောက်ခြား သွားခဲ့ကြပါပြီ။ မိုးမခ‌ေတာင်မြို့မှာ‌ေတာင် ဒီလောက္များပြားတဲ့ ငွေအဆင့်ပစ္စည်းကိရိယာ အစုံလိုက်‌ေတွ မရှိပါဘူး။ တကယ်တန်းမှာလည်း မိုးမခတောင်မြို့ရဲ့ အထက်အတင့်အကြီးအကဲတွေပိုင်တဲ့ ငွေ အဆင့် ပစ္စည်းကိရိယာဆိုလို့ တစ်ခုစီသာ ရှိတာပါ။ ဒါ့အပြင် ဓါးပြခေါင်းဆောင်ဆီမှာတောင်မှ ငွေအဆင့် ပစ္စည်းကိရိယာဆိုလို့ သူ့လှံတစ်ခုသာ ရှိပါတယ်။

“ ဒီကမ္ဘာမှာ သူက ဘယ်လိူလူလဲ”
    ဆိုပြီး၊ ကျောက်ဖူကို သူ့ပတ်၀န်းကျင်မှာ ရှိနေတဲ့ လူတွေအားလုံးက ပိုပိုပြီး၊ လျှို့ဝှက်ဆန်းကြယ်လာသလို ခံစားလိုက်ရပါတယ်။  ဘယ်တစ်စုံတစ်ယောက်ကမျှ သူ့ရဲ့အခြေအနေကို ခန့်မှန်းမရနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ဘယ်သူကမျှ တိုက်ရိုက္မမေးမြန်းရဲကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုမေးလိုက်ရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားမှာ စိုးလို့ပါ။ ဒီအချိန်မှာတော့ သူတို့အားလုံး ကျောက်ဖူကို အတော်လေးကြောက်ရွံ့နေခဲ့ကြပါပြီ။

ကျောက်ဖူမှာ ဒီဓါးပြတွေတွေကို ငွေအဆင့် ပစ္စည်းကိရိယာတွေ ပေးထားရတဲ့ အကြောင်းအရင်းတွေက များများစားစား ရှိနေခဲ့ပါတယ်။  သူမှာရှိနေတဲ့ အရေအတွက်က မိုးမခတောင်မြို့မှာ ရှိနေတဲ့ အရေအတွက်ထက် နည်းနေသေးတဲ့အပြင် ဓားပြတွေရဲ့ ကျင့်ကြံမှု အဆင့်တွေဟာလည်း နိမ့်ကျနေသေးတာကြောင့် သူတို့ကြားမှာ ကွာဟချက်တွေ များနေခဲ့ပါတယ်။ သူတို့ကို ဒီလို  ငွေအဆင့် ပစ္စည်းကိရိယာ‌ေတွ ပေးလိုက်တာဟာ သူတို့ရဲ့ တိုက်ခိုက်ရေးအင်အားကို တိုးမြှင့်စေရုံသာမက သူတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကိုပါ တိုးတက်စေနိုင်လို့ပါပဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now