အပိုင်း (၆၅)

252 33 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၆၅ )
Chapter  65            အလောင်း စစ်ဆေးခြင်း

သတင်းအချက်အလက် စာမျက်နှာဖိုရမ် က အရာတွေကိုကိုကြည့်ပြီးတဲ့နောက် ကျောက်ဖူ သူ့အတွက် စားစရာ အချို့ ယူလာပေးဖို့ အမိန့်ပေးလိုက်သည်။ ယခုတော့ သူက ရင်းဇီရဲ့ အဆက်အနွယ် ဖြစ်လာတဲ့အတွက် အကျိုးကျေးဇူးတွေ ထိုက်သင့်သလော ရရှိခဲ့သည်။ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် သူ အပြင်ထွက်ဖို့တောင် မလိုအပ်သလို၊ အစာအဆိပ်သင့်ခြင်းကို တားဆီးရန်အတွက်လည်း တင်းကျပ်တဲ့ စနစ်တွေ ရှိနေတဲ့အတွက် အဆိပ်ကို စိတ်ပူစရာ မလိုတော့ပါဘူး။

အစာစားပြီးနောက် ကျောက်ဖူ ကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာကြီးကို ပြန်သွားခဲ့သည်။

ဒီအချိန်က နေထိုင်သူ အသစ်တွေ ခေါ်ယူဖို့အချိန်ပါ။ 'မူလ' ဆိုတဲ့ စင်မြင့်ထက်မှာ ရွှေရောင်အလင်းတစ်ခုတောက်ပလာခဲ့ပါတယ်။ ဂိမ်းစနစ်ကြေညာချက်က SS အဆင့်အတန်း နေထိုင်သူ အသစ်တစ်ဦး ဆင့်ခေါ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း ကြေညာလာခဲ့သည်။ ကျောက်ဖူ ဝမ်းသာပြီး ချက်ခြင်းပဲ ကြည့်လိုက်သည်။

မဟာ ချင် ကျေးရွာဟာ အခုဆို အဆင့်မြင့်ကျေးရွာတစ်ရွာဖြစ်လာတဲ့အတွက် တစ်နေ့ကို လူ ၄၅ မှ ၅၀ အကြား ဆင့်ခေါ်နိုင်ပါပြီ။ SS အဆင့်အတန်း နေထိုင်သူ အသစ်က ကြည့်ကောင်းတဲ့ အသားအရေ ရှိတဲ့ လူငယ်တစ်ယောက်ပါ။

နာမည်: ရှမင်း

အဆင့် - SS

ဘွဲ့ထူး၊ဂုဏ်ထူး - မရှိ

အလုပ်အကိုင်: [ကုန်သည်]

အောင်မြင်မှု ရမှတ်များ - သာမန် (၀/၂၀၀)

အမျိုးအနွယ်: လူသား

အသက် - ၂၂ (၁၀၀)

သစ္စာရှိမှု - ၈၀

အခြား အချက်အလက်များ: သန်မာမူ (ခွန်အား): ၆၊ ညာဏ်ရည်: ၁၀၊ ကြံခိုင်မူ  ၈၊ သွက်လက်မူ: ၇

ကျင့်ကြံမှု: အဆင့် ၀

ကျင့်ကြံခြင်းနည်းစနစ်:

ကျွမ်းကျင်မှုစွမ်းရည်စကေး: [စီမံခန့်ခွဲမှု]

ပစ္စည်းကိရိယာ - အ၀တ်အထည် (အကြမ်း)၊ ပိတ်ဖိနပ်၊ ဘောင်းဘီ(အကြမ်း)

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)حيث تعيش القصص. اكتشف الآن