အပိုင်း (၁၁၃)

202 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၁၃ )
Chapter 113            နေရာကူးပြောင်းခြင်း အဆောင်

ဒီ ထွက်ပေါ်လာတဲ့ အလင်းရောင်စုံ‌ေတွမှာ ကွဲပြားတဲ့ စွမ်းအားပါဝါ‌ေတွပါဝင်ပြီး၊ ဒီအလင်းတန်းတွေတွေက ကောင်းကင် နတ်ဆိုးဓါးနဲ့ ပေါင်းစည်းသွားခဲ့ပါတယ်။ ဒါတွေအပြင် ကျောက်ဖူက ဘုရင့်ရဲ့ စွမ်းအားပါဝါကိုပါ ကောင်းကင် နတ်ဆိုးဓါးနဲ့ ပေါင်းစပ်လိုက်တာကြောင့်  နတ်ဆိုးချီတွေဟာ ဓါးရဲ့ အပြင်ဘက်အထိ လျှံထွက်လာခဲ့ပါတယ်။

သံမဏိကျောကုန်း နတ်ဆိုးသားရဲဝက်ဝံဟာ မယုံနိုင်လောက်အောင် အံ့ဩဖွယ်ကောင်းတဲ့ ထူးဆန်းတဲ့ သားရဲ အရှိန်အဝါတွေ ထုတ်လွှတ်ပြီး၊ မြန်မြန်ဆန်ဆန် လျောက်လာနေခဲ့ပါပြီ။ မျက်စိတမှိတ်အတွင်း ကျောက်ဖူ ဆီ ရောက်လာခဲ့ပေမယ့်၊ ကျောက်ဖူ မလှုပ်ရှားသေးပါဘူး။ ကြည့်ရတာဒေါသပေါက်ကွဲနေတဲ့ ဝက်ဝံနဲ့ အရုပ်လေး တစ်ရုပ်နဲ့တောင် တူနေပါတယ်။

သံမဏိကျောကုန်း နတ်ဆိုးသားရဲဝက်ဝံက သနားကြင်နာမှု ကင်းမဲ့ပြီး၊ တောင်တွေကို‌ေတာင် ဖျက်ဆီးပစ်‌ေတာ့မယ့် ပုံဖြစ်နေပါတယ်။ သူရဲ့ ရိုက်ချက်ကသာ ကျောက်ဖူကို ထိမိသွားရင်တော့ အရိုးတခြား အသားတခြား ဖြစ်သွားမှာပါ။

ကျောက်ဖူကတော့ ဆက် ရပ်နေခဲ့့့ပြီး၊ ဝက်ဝံရဲ့ လက်တွေက သူနဲ့ ထိတော့မှာကို မြင်လိုက်ကြတဲ့ သူတွေက တော်တော်လေးကို စိတ်ပူသွားခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ ကျောက်ဖူ ပြုံးပြလိုက်ပြီး၊  သူ့လက်တွေကို ဝှေ့ယမ်းလိုက်ပါတယ်။

ရွှင်း!

ကောင်းကင်နတ်ဆိုး ဓါးကနေ ဓါးသံကထွက်လာခဲ့ပြီး၊ အနက်ရောင် အစက်အပြောက်တွေအဖြစ် ပြောင်းလဲသွားကာ လေထဲကို ပျံနှံ့သွားခဲ့ပါပြီ။ အဲ့ဒီ့နောက် ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်သွားခဲ့ပြီး၊ သံမဏိကျောကုန်း နတ်ဆိုးသားရဲဝက်ဝံရဲ့လှုပ်ရှားမှု‌ေတွဟာ လည်း ချက်ခြင်းပဲ အေးစက် ရပ်တန့်သွားခဲ့ပါပြီ။

  ဒီအခိုက်အတန့်မှာပဲ ဝက်ဝံရဲ့ အလွန်ကြီးမားတဲ့ ဦးခေါင်းဟာ ၁၀ မီတာခန့်အကွာကို လွင့်ပျံထွက်သွားခဲ့ပါပြီ။ သံမဏိကျောကုန်း နတ်ဆိုးသားရဲဝက်ဝံရဲ့ ခေါင်းပြတ်‌ေနတဲ့ ခန္ဓာကိုယ်ရဲြ လည်ပင်းမှသွေး‌ေတွက ပန်းထွက်လာပြီး၊ မြေပြင်‌ေပါ်ကို မိုးရွာ ကျသလိုကျဆင်းလာခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now