အပိုင်း (၁၆၂)

195 26 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၆၂ )
Chapter  162         မဟာစစ်သူကြီးသုံးယောက်

ဟုတ်တာပေါ့။ ကျောက်ဖူ အနေနဲ့ တိုက်ပွဲကနေ အကျိုးအမြတ် အချို့ ရခဲ့ပါတယ်။ ပထမဆုံးအရာကတော့ သူ့ရဲ့ ဘုရင့်လက်စွပ်ထဲကို ထည့်သွင်းထားခဲ့တဲ့  ဂူဖန်းရဲ့အလောင်းပါပဲ။

  ကောင်းကင်ဘုံ ကျောက်တုံး မြို့တော်ဟာရဲ့ မဟာ စစ်သူကြီး သုံးယောက်ထဲက ဂူဖန်းရဲ့ အလောင်းဟာ SSS အဆင့်ဖြစ်ပါတယ်။ ဒီအလောင်းနဲ့အတူ ကျောက်ဖူ စစ်သူကြီးတစ်ယောက်ကို အဆင့်မြင့် စစ်သူကြီးအဖြစ် ဖန်တီးနိုင်ပါတယ်။ ဒါ့အပြင် ဂူဖန်းရဲ့ သာမာန် ဒဏ္ဍာရီ ပစ္စည်းကိရိယာနဲ့ ရွှေအဆင့် ပစ္စည်းကိရိယာ လေးခုကို ရရှိခဲ့ပါတယ်။

ဒဏ္ဍာရီအဆင့် ပစ္စည်းကိရိယာကတော့ သူ အသုံးပြုခဲ့တဲ့ ခရမ်းရောင်လေးပါပဲ။

[မဟာ နတ်သတ္တဝါ ရော့ငှက် လေး]: အဆင့်: ဒဏ္ဍာရီ အချက်အလက္များ : သန်မာမှု (ခွန်အား) +15၊ ညာဏ်ရည် +10၊  ကြံခိုင်မှု +10၊ သွက်လက္မှု +10
ဖော်ပြချက်အခြေအနေ : မဟာနတ် သတ္တဝါ ရော့ငှက်ရဲ့ အလောင်းကို ပြုလုပ်ထားတဲ့ ပစ္စည်းကိရိယာ။ ဒီပစ္စည်းကိရိယာတွင် မဟာနတ် သတ္တဝါ ရော့ငှက်ရဲ့ စိတ်ဝိညာဉ်ကို ချိတ်ပိတ် ထည့်သွင်းထားတာကြောင့် မဟာ နတ်သတ္တဝါ ရော့ငှက်ရဲ့စွမ်းရည်များ ပါ၀င်‌ေနသည်။

မဟာနတ် သတ္တဝါ ရော့ငှက် လေးရဲ့ အချက်အလက်တွေက သာမန်ကို အတော်အတန် ဖြစ်‌ေနခဲ့ကြပေမယ့် ကျောက်ဖူ ဒီလေးမှာ ရှိနေတဲ့ စွမ်းရည်တွေအတွက် မတွေးဘဲ မနေနိုင်ခဲ့ပါဘူ။ ဒါပေမယ့် ဒီဆလးရဲ့ အစွမ်းအထက်ဆုံး စွမ်းရည်စကေးက ခရမ်း‌ေရာင် ရော့ငှက်ကို ထုတ်လွှတ်လိုက်နိုင်တာကြောင့်ပါပဲ။

ဒီစွမ်းရည်စ‌ေကးကြောင့် ဂူဖန်းဟာ ကျောက်ဖူရဲ့ ဘုရင့် ပိုင်နက် နယ်မြေကိုတောင် ဖြတ်ကျော်နိုင်ခဲ့တာပါ။ ဒါ‌ေတာင်မှ သူ့ရဲ့ ဘုရင့်ပိုက်နက်နယ်‌ေမြက အပြည့်အဝ ခုခံကာကွယ် ထား‌ခဲ့ပေမယ့်  မဟာနတ် သတ္တဝါ ရော့ငှက် လေးက သူ့ရဲ့ အစွမ်းသတ္တိကို ထုတ်ပြခဲ့ပါသေးတယ်။

ဒါပေမယ့် ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းခဲ့ပါသလဲ။ ကျောက်ဖူ သူ့မှာ လေးအသုံးပြုတဲ့ စစ်သူကြီးတစ်ယောမှမရှိပါဘူး။ ဒါကြောင့် ကျောက်ဖူ ဒီလေးနဲ့ သင့်တော်တဲ့ သူတစ်ဦးကို ရှာမတွေ့မချင်း ဒီလေးကို ထိန်းသိမ်းထားရမှာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now