အပိုင်း (၁၇၂)

196 22 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၇၂ )
Chapter   172        ကျွန်မရဲ့လူ

ဝူချန်နန် ဘယ်လောက်တောင် အလေးအနက်ထားနေတယ် ဆိုတာကို ကျောက်ဖူ  မြင်လိုက်တဲ့ အခါမှာ‌ေတာ့ သူ မဟာ ချင်ရဲ့ အမွေခံဟာ ဘယ်လောက်‌ေတာင် ကြောက်စရာကောင်းလဲဆိုတာကို နားလည်သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်ပါတယ်။

ကျောက်ဖူ ရဲ့လုပ်ရပ်ကို မြင်လိုက်ရတဲ့အခါမှာ‌ေတာ့ ဝူချန်နန် ဒေါသတကြီးနဲ့ ကျောက်ဖူရဲ့လက္မောင်းကို ရိုက်ပုတ်လိုက်ပါတယ်။ အဲ့ဒီနောက်သူမက ပြောလိုက်ပါတယ်။
“ ကျွန်မက ဒီဟာကို အလေးအနက်ထားပြောနေတာ။ ရှင့်အနေနဲ့ သူ့ကိုတွေ့ပြီးရင် စိတ်မဆင်းရဲ‌ေစချင်လို့။ မဟာ ချင်ရဲ့ အစစ်အမှန် အမွေခံက အတော်လေး ကြောက်စရာကောင်းတယ်။ သူ ဘယ်လောက်တောင် ကြောက်စရာ‌ေကာင်းတယ်ဆိုတာ ကျွန်မရဲ့ အတွေ့အကြုံအရ ခံစားနေရတာ။ အဲ့ဒါကို ရှင်က ဘာလို့ ဂရုမစိုက်ရတာလဲ။"

ကျောက်ဖူ ပြုံးနေတာကို ရပ်လိုက်ပြီး၊ ခေါင်းညိတ်ပြလိုက်ပြန်ပါတယ်။ သူ့ကိုယ်သူ ပြန်ကြောက်ရွံ့ဖို့ တောင်းဆိုနေတာက အတော်လေး ပျော်စရာကောင်းနေခဲ့လို့ပါ။ ဒါပေမယ့် ဝူချန်နန် ဘာကြောင့် ဒီလောက်တောင် ထိတ်လန့်တုန်လှုပ်နေရတာပါလဲ။ နဂါးရဲ့ ဟိန်းဟောက်သံ ကြားထဲက ဖြစ်နိုင်လား။

ဒီအခြေအနေကို မြင်လိုက်တဲ့ အခါမှာတော့ ဝူချန်နန် ချောင်းသံတစ်ချက်ဟန့်လိုက်ပါတယ်။   ကျောက်ဖူ တည်းခိုတဲ့နေရာကို သူတို့ရောက်လုနီးပါး ဖြစ်နေတာကို တွေ့လိုက်တဲ့ အခါမှာတော့ သူမက ပြောလိုက်ပါတယ်။
"ကျောက်ဖူ ၊ ရှင့်ကို ကျွန်မ မကူညီစေချင်တာသေချာလား။ ဒီအခြေအနေက ရှင့်ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ဆို ကြီးမားတဲ့ အဖွဲ့အစည်းကို ဖန်တီးနိုင်ဖို့ ခက်လိမ့်မယ်။ "

"အမ်" ကျောက်ဖူ ပြန်ပြောလိုက်ပါတယ်။
“ အရာအားလုံးကို ငါ သေချာ ဂရုစိုက်ပါမယ်။ ဒါပေမယ့် ......ကျေးဇူးတင်ပါတယ်။ ချန်နန်”

ဝူချန်နန် အတော်လေးအံ့ဩသွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ဖူ သူ့မရဲ့နာမည်ကို ခေါ်လိုက်တာ ဒါက ပထမဆုံးအကြိမ်ဖြစ်လို့ပါပဲ။  ဒါပေနယ့် သူမက ကျောက်ဖူကို စေ့စပ်စွာစွာကြည့်လိုက်ရင်း၊ ပြောလိုက်ပါတယ်။
“ ကျောက်ဖူ ၊ ရှင့်မှာ လိုတာတစ်ခုခုရှိရင် ကျွန်မကို အသိပေးပါ။ ရှင့်အတွက် ကူညီဖို့ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ရှင်နဲ့ တွေ့တဲ့အချိန်ကတည်းက ရှင်ဟာ အနာဂတ်မှာ သာမာန်လူတစ်ယောက္ မဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်။ ကွျန်မ ရှင့်ကို စတွေထဲက ကျွန်မရဲ့လူ ဖြစ်လာမယ်ဆိုတာ သိပါတယ်။ ရှင် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ တစ်နေ့တော့ ကျွန်မ ရှင့်ရဲ့ ‌လက်အောက်ကို စိတ်ပါလက်ပါ ခိုလှုံမှာပါ။ ရှေ့မှာဖြစ်လာမယ့် ရှုပ်ထွေးနေတဲ့ အခြေအနေနဲ့ မှောင်မိုက်တဲ့ အချိန်တွေမှာ ရှင့်ရဲ့အကူအညီလိုမှာ။ ”

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now