အပိုင်း (၁၃၀)

212 23 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၃၀ )
Chapter 130                   ဂီနီယာ

အဓိကမြို့ကြီးတစ်မြို့ရဲ့ အရှင်သခင်ဟာ ဒဏ်ရာ အပြင်းအထန် ရနိုင်တယ် ဆိုတာကို ကြားသိလိုက်တဲ့အခါ ကျောက်ဖူ အလွန်အံ့အားသင့်သွားခဲ့ပါတယ်။ ဘာ‌ေတွ ဖြစ်ခဲ့ကြတာလဲ။  အဓိကမြို့ကြီးတစ်မြို့ရဲ့ အရှင်သခင်တစ်ယောက်ဟာ စိတ်ကူးလို့မရနိုင်တဲ့ ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့အတွက် အနည်းဆုံးတော့ ကျင့်ကြံမှု အဆင့် ၄ မှာ ရှိ‌ေနမှာ သေချာပါတယ်။ သူတို့ဟာ မငြင်းနိုင်လောက်အောင်အစွမ်းထက်ကြပြီး၊ ဒီလို သူတို့ထဲက တစ်ယောက်ဟာ ဒီလို အကြီးအကျယ် ဒဏ်ရာရခဲ့တဲ့အတွက် တစ်စုံတစ်ယောက်က ဒီလို အံ့အားသင့်စရာလုပ်ခဲ့လို့ပါပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကောင်းကင်ဘုံနိုးထခြင်း ကမ္ဘာကြီးမှာ ဒီလောက် ကြီးမားတဲ့ အဖြစ်အပျက်က  .......ဒီအရာမှ တစ်ပါးမရှိခဲ့ပါဘူး။

  ရုတ်တရက်ပဲ ကျောက်ဖူ ပုံမှန်မဟုတ်တဲ့ အမှတ်လက္ခဏာတစ်ခုကြောင့် မြို့တော် အရှင်သခင် ဒဏ်ရာရသွားခဲ့တာကို သတိပြုမိသွားပါတယ်။

ဒါက ကျောက်ဖူကို အံ့အားသင့်သွားစေခဲ့ပေမယ့် မြို့တော် အရှင်သခင်ရဲ့ဒဏ်ရာဟာ သူ့ကြောင့် ဖြစ်ခဲ့တယ် ဆိုတာ သေချာခဲ့ပါတယ်။

ယခုအချိန်မှာတော့  မြို့တော် အရှင်သခင်က အပြင်းအထန်ဒဏ်ရာရသွားခဲ့တာ‌ေကြာင့် ဒီအဓိကမြို့ဟာ အထူးအခြေအနေတစ်ခု အဖြစ် ရောက်သွားခဲ့ပါပြီ။ အစောင့်တွေ ပိုများလာပြီး၊ မည်သည့်အရာကိုမဆို တားဆီးဖို့အတွက် အချိန်ပြည့်နီးပါး ကင်းလှည့် နေကြပါတယ်။ ဒီအဓိကမြို့ရဲ့ ပတ်၀န်းကျင် လေထုဟာ အတော်လေး စိတ်ဖိစီးစရာကောင်းနေခဲ့ပြီး၊ သူတို့အတွက် ဒီလိုလုပ်ဖို့ မှ တစ်ပါး ရွေးချယ်စရာ မရှိခဲ့ပါဘူး။မြို့တော် အရှင်သခင် ဒဏ်ရာရသွားခဲ့တာကြောင့် မြို့ကို လုံခြုံမှုရှိစေဖို့က တစ်ခုတည်းသော နည်းလမ်းပါပဲ။

ကျောက်ဖူ ချင်နန်းကို သွားရှာခဲ့လိုက်ပါတယ် ချင်နန်းရဲ့အမူအရာတွေက လေးနက်နေပြီး၊   အနည်းငယ်စိုးရိမ်တဲ့လေသံနဲ့ သူ့ကို ပြောခဲ့ပါတယ်။
“ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်‌‌ေတာင် မသိပါဘူး၊မြို့တော် အရှင်သခင်လဲ ခုထိ မမှတ်မိသေးဘူးဖြစ်‌ေနတယ်။ မြို့တော်အရှင်သခင် မှတ်မိသမျှကတော့ စိတ်ကူးလို့မရနိုင်လောက်အောင် စွမ်းအားကြီးမားတဲ့ စွမ်းအင်တစ်ခုက သူ့ကို မြေပေါ်လဲကျ သွားစေခဲ့တာပဲ။   စွမ်းအားကြီးတဲ့ မြို့တော် အရှင်သခင်တောင် မတုံ့ပြန်နိုင်ခဲဘူး။"

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Où les histoires vivent. Découvrez maintenant