အပိုင်း (၂၂)

308 30 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၂၂ )     သံချပ်ကာဝတ် စစ်သူကြီး
Chapter 22         

မြားက အရိုးစုတပ်မှူးရဲ့ရင်ဘတ်ကို ကြီးမားတဲ့ အရှိန်နဲ့ ဝင်ဆောင့်သွားခဲ့ပြီး၊ အရိုးစုတပ်မှူးရဲ့ သံချပ်ကာကို ဖောက်ဝင်သွားခဲ့ကာ ရပ်တန့်သွားခဲ့သည်။ ဒီအခြေအနေကြောင့် အရိုးစုတပ်မှူးသည်ဟန်ချက်ပျက်သွားခဲ့ပြီး၊ ခြေလှမ်းအနည်းငယ်လောက် နောက်ကိုဆုတ်ခဲ့လိုက်ရသည်။

အဲ့ဒီအချိန်မှာပဲ သွေးရောင် မီးဘောလုံးကြီး နှစ်လုံးက သူ့ကိုဝင်ဆောင့်လာခဲ့သည်။

ကြီးမားတဲ့ပေါက်ကွဲသံကြီး နှစ်ခုရဲ့ အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး၊ မီးဘောလုံးနှစ်လုံးကနေ တောက်ပတဲ့ အလင်းတွေ ထွက်ပေါ်လာခဲ့သည်။ ဒီပေါက်ကွဲမူကြီးကြောင့် ထွက်ပေါ်လာတဲ့ စွမ်းအင်လှိုင်းတွေက အရိုးစုစစ်သည်တွေနှင့်အရိုးစုတပ်မှူးကို လွှင့်ပျံသွားစေခဲ့သည်။

အရိုးစုတပ်မှူးက မြေပေါ်ကနေ ပြန်ထလာတဲ့အချိန်မှာတော့ ကျောက်ဖူရဲ့ သွေးရောင်မီးဘောလုံး ၂လုံးက သူ့ကိုယ်ပေါ်ကို ကျရောက်သွားခဲ့သည်။

ဘန်း
 
ပေါက်ကွဲသံကြီးတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပြီး၊ မတ်တပ်ရပ်ဖို့ကြိုးစားနေတဲ့ အရိုးစုတပ်မှူးကို ထိမှန်သွားခဲ့ကာ နောက်ကို သုံး၊ လေး မီတာလောက်  လွှင့်ထွက်သွားခဲ့ပြန်သည်။

ဒီအချိန်မှာတော့ အခြားအရိုးစုစစ်သည်တွေက ပြန်ထရပ်လာခဲ့ကြပါပြီ။ အရိုးစုတပ်မှူးရဲ့ ခေါင်းဆောင်မှုကို ဆုံးရှုံးပြီးနောက် သူတို့က အလိုအလျောက် ပြေးဝင်လာခဲ့ကြသည်။

"လေးသမားတွေ မြှားတွေပစ်ပြီး၊ သူတို့ကို ဦးနှိမ်ထားကြ။" 

ကျောက်ဖူ အော်ဟစ်သတိပေးလိုက်သည်။

လေးသမားများက ရဲ့ အဆက်မပြတ် ပစ်ခေတ်နေမူက အဖိုးကြီး လို့ဂ် ကြောင့် ရပ်တန့်‌ေနခဲ့တာပါ။ရန်သူတွေကို မြားများဖြင့် အဆက် မပြတ်ပြန်ပစ်ကြပါတော့တယ်။  မကြာခင်မှာပဲ သွေးရောင် မီးဘောလုံးနှစ်လုံးက လေထဲမှာတစ်ဖန်ပြန်လည်ဖွဲ့စည်းပြီးလာခဲ့ပြီး အရိုးစုစစ်သားတွေဆီ ဝင်ရောက်သွားပြန်ပါတယ်။သူတို့ လွှင့်စင် သွားကြပြန်ပါပြီ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now