အပိုင်း (၁၃၅)

215 26 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၃၅ )
Chapter 135               သတ်ဖြတ်မှုခုနစ်ခု ကြယ်

" ဘယ်လိုဖြစ်ပြီး၊ တစ်စုံတစ်ယောက်က သူရဲ့ စစ်သူကြီး ကြယ်ကို ဒီလောက် အမြန်ဆင့်ခေါ်နိုင်ခဲ့တာလဲ။"  မရေမတွက်နိုင်တဲ့ အထူးပုဂ္ဂိုလ်တွေနဲ့ စွမ်းရည်သုံးစွဲသူတွေက ထွက်ပေါ်လာခဲ့တဲ့ ခရမ်းရောင်ကြယ်ကြီးကို ကြည့်‌ေနကြပြီး၊ တုန်လှုပ်‌ေခြာက်ခြား‌ေနခဲ့ကြပါပြီ။

စစ်သူကြီး ကြယ်တစ်လုံး ပြန်လည် ထွက်ပေါ်လာခြင်းက ကံကြမ္မာရဲ့( ချိန်ညှိုမှု) ချိန်ခွင်လျှာကို ထိခိုက်စေနိုင်ပါတယ်။ ဒါဟာ ‌တစ်စုံတစ်ယောက်က ခမ်းနားကြီးကျယ်တဲ့ စစ်သူကြီးတစ်ယောက်ကို ရရှိသွားခဲ့ တယ်လို့ ဆိုလိုတာပါ။ ဒီလို ခမ်းနားကြီးကျယ်တဲ့ စစ်သူကြီးတွေဟာ အလွန်အင်အားကြီးမားပြီး၊ အရပ်ဖက်နဲ့ စစ်ဖက် ဆိုင်ရာ ကိစ္စရပ်‌ေတွမှာ ကျွမ်းကျင်ကြပါတယ်။ သူတို့ကတိုင်းပြည်ကိုအုပ်ချုပ်နိုင်ပြီး၊ စစ်တပ်ကို ဦးဆောင်လမ်းပြနိုင်ကြပါတယ်။ သူတို့က ကံကြမ္မာအများစုကို စုစည်းနှိုင်ကြပါတယ်။

ရှေးခေတ်ကတည်းက ဖုန်းရွှေ ဆရာတွေက စစ်သူကြီးကြယ်ကို ပိုင်ဆိုင်ထားတဲ့သူတွေက   ထူးခြားတဲ့ အနာဂတ်ရှိလိမ့်မယ် ဆိုတာကို ပြောကြားထားခဲ့ပြီး၊ သူတို့တွေဟာ အလွန်အင်အားကြီးမားပြီး၊ အခွင့်အာဏာအရှိဆုံး ပုဂ္ဂိုလ်‌ေတွ ဖြစ်လာလိမ့်မယ်လို့ ပြောကြားထားခဲ့ကြပါတယ်။

ဥပမာ - ဟန်ရှင်င်၊ ဇာချူလျန်း၊ ချင်ချုံး စသည်ဖြင့်…ဒီလူတွေဟာ တရုတ်ပြည်ရဲ့သမိုင်းမှာရိှ‌ေနကြတဲ့ အခိုင်အမာ မဏ္ဍိုင်တွေပဲဖြစ်ကြပြီး၊ သူတို့အားလုံးဟာ သက်ဆိုင်ရာ အရှင်သခင်တွေအတွက် များစွာ အထောက်အကူပြု ခဲ့ကြပါတယ်။

ကောင်းကင်ဘုံ နိုးထခြင်းကမ္ဘာ ဖွင့်လှစ်လိုက်တဲ့ အခါမှာ‌ေတာ့ သမိုင်းဝင် သူရဲကောင်းတွေကို ပြန်လည် ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့နဲ့ သက်ဆိုင်တဲ့ ကြယ်တွေကိုတော့ (ချိတ်ပိတ်) တံဆိပ်ခတ်ထားခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ စစ်သူကြီးကြယ်တွေဟာ (ချိတ်ပိတ်) တံဆိပ်ခတ်ထားခြင်း ခံထားရတာ‌‌ေတွက ပြန်ပွင့်လာခဲ့တာေကြာင့် အထူးပုဂ္ဂိုလ်တွေနဲ့ စွမ်းရည် သုံးစွဲသူ‌ေတွက ဒီကိစ္စကို 'ပြန်လည်‌ေပါ်ထွက်လာတယ်' လို့ ခေါ်ခဲ့ကြတာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)जहाँ कहानियाँ रहती हैं। अभी खोजें