အပိုင်း (၄၁)

273 31 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၄၁ )
Chapter 41 ကိုဘိုးလ်

နာရီအနည်းငယ်အကြာမှာတော့ ကျောက်ဖူစီးလာတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်သည် နမ့်ခူး မြို့တော်ကို ရောက်ရှိလာခဲ့ပါပြီ။ အဲ့ဒီနောက် သူတို့တွေက ကျောက်ဖူနှင့်အခြားသူတွေကို ကိုယ်ပိုင်ကားနဲ့ အဆင့်မြင့်အိမ်ရာကို ခေါ်ဆောင်လာခဲ့ကြသည်။

ကျောက်ဖူတို့ကို ခေါ်ဆောင်သွားတဲ့ အဆင့်မြင့်အိမ်ရာသည် ရင်း မိသားစု ရဲ့ပိုင်ဆိုင်မူ တစ်ခုပဲဖြစ်သည်။ ဒီပတ်ဝန်းကျင်မှ ရှုခင်းတွေသည် အလွန်သာယာ ရုံသာမက လုံခြုံရေးကလည်း အတော်လေး တင်းကြပ်ထားခဲ့သည်။ အဲဒီနေရာမှာတော့ လူ၂၀၀၀ လောက် နေထိုင်နေခဲ့ကြသည်။ အဲ့ဒီသူတွေသည် ရင်း မိသားစုရဲ့ သွေးမျိုးဆက်တွေ ရှိနေကြတဲ့သူတွေပဲဖြစ်သည်။ ဒီလူတွေ အားလုံးက အဓိက မိသားစုကြီးမှလူတွေ မဟုတ်ကြပါဘူး။ အဓိကမိသားစုကြီးက လူတွေကတော့ ဒီထက် ကောင်းမွန်တဲ့ နေရာတွေမှာ နေထိုင်ကြတတ်ကြသည်။

ဒီနေရာမှာတော့ ကျောက်ဖူ သူ့မိခင်ဘက်မှ အဘိုးအဘွားတွေနှင့် ပြန်တွေ့ခဲ့သည်။ သူတို့တွေက သူ့ကိုဖက်ပြီး ခဏတာ ငိုကြွေးပြီးတဲ့နောက်မှာတော့ သူတို့နဲ့အတူနေဖို့ ဘာကြောင့် မပြန်လာခဲ့တာလဲလို့ မေးမြန်းခဲ့ကြသည်။

ကျောက်ဖူ သူ့မိခင်ဘက်မှ အဘိုးအဘွားများကို ပြန်တွေ့ဆုံခွင့်ရတဲ့အတွက် အရမ်းကို ကျေးဇူးတင်နေခဲ့သည်။ သူက သူတို့ဆီကို မပြန်ချင်တာကတော့ သူ့အတွက် ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်တာကြောင့်ပါ။ သူတို့ကအ တော်လေး အိုမင်းနေကြပါပြီ။ ကျောက်ဖူ သူ့မိသားစုရဲ့ တခြားဆွေမျိုးတွေနဲ့တော့ ရင်းရင်းနီးနှီး မရှိခဲ့ပါဘူး။ သူ့မိခင်ရဲ့ ဆွေမျိုးတွေက သူ့ကို အေးစက်စက် ဆက်ဆံကြတာကြောင့် သူက အဲ့ဒီသူတွေနဲ့ ဆက်ဆံရမှာကို စိတ်မဝင်စားခဲ့ပါဘူး။

အဲ့ဒီနောက်မှာတော့ ကျောက်ဖူ သူ့အတွက် ကိုယ်ပိုင်အိမ်ကို ရရှိခဲ့သည်။ ဒီအိမ်ယာက စတုရန်းမီတာ ၁၀၀ ခန့်ရှိပြီး၊ ဇိမ်ခံ ပစ္စည်းတွေနဲ့ အလှဆင်ထားခဲ့သည်။ အီလက်ထရောနစ် ခေတ်မှီ ပစ္စည်းကိရိယာအမျိုးမျိုးလည်းရှိနေခဲ့တာကြောင့် ဒီကိစ္စက ရင်း မိသားစု ဘယ်လောက်ချမ်းသာတယ် ဆိုတာကို ဖော်ပြနေသလိုပါပဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Où les histoires vivent. Découvrez maintenant