အပိုင်း (၈)

418 46 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၈ )
Chapter 8       အောင်ပွဲသုံးခု

ဒုတိယအုပ်စုဖြစ်တဲ့ ဂေါ်ဗလင်အုပ်စုမှာတော့ ဂေါ်ဗလင်တွေက ၅၀တောင်မပြည့်ခဲ့ပါဘူး။ ပထမ အခါတုန်းကလိုပါပဲ လေးသမားတွေက သူတို့ရဲ့ မြှားတွေနဲ့ အရင်ဆုံး ဂေါ်ဗလင် အနည်းငယ်ကို သတ်ဖြတ်နိုင်ခြင်းနဲ့ ဒဏ်ရာရစေခြင်းတို့ကို လုပ်နိုင်ခဲ့ကြသည်။ အဲ့ဒီနောက်ဒိုင်းကိုင်စစ်သည်တွေနဲ့ သူတို့နောက်မှာပါလာတဲ့ ခြေလျင်စစ်သည်တွေ ရှေ့ကိုတက်သွားခဲ့ကြသည်။

ကျောက်ဖူကလည်း မီးဘောလုံး ၂ခု နဲ့စတင်တိုက်ခိုက်ခဲ့သည်။ ဒါပေမဲ့ ဒီအချိန်မှာတော့ သူဟာ စိတ်ပင်ပန်းနွမ်းနယ်လာခဲ့ပါပြီ။ သူက ပထမဆုံး ဂေါ်ဗလင်အဖွဲ့နှင့် တိုက်ခိုက်စဉ်အခါက မီးဘောလုံး ၇ ခုကို အသုံးပြုခဲ့ပြီးပါပြီ။ ဒါကြောင့် သူက အခုချိန်မှာတော့ ခေတ္တရပ်နားလိုက်ခဲ့ရသည်။

အဲ့ဒီနောက် ဒိုင်းကိုင်စစ်သည်တွေနဲ့ ခြေလျင်စစ်သည်တွေက ဂေါ်ဗလင်တွေကို စနစ်တကျ ဟန့်တားထားခဲ့ကြပြီး၊ လေးသမားတွေက  သူတို့ရဲ့ နောက်ကွယ်ကနေ စိတ်ကြိုက်ပစ်ခတ်လိုက်ခဲ့ကြသည်။

အဲ့ဒီအချိန်မှာပဲ ဂေါ်ဗလင်တစ်ကောင်က တိုက်ပွဲကနေ တိမ်းရှောင်နိုင်ခဲ့ပြီး၊ ကျောက်ဖူဆီကို တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

သူရဲ့ စိတ်ပင်ပန်းနေတဲ့ အနေအထား ပြင်ဆင်တဲ့ အချိန်ဟာ ကြာမြင့်တဲ့အတွက် ဒီလိုပြေးဝင်လာတာကို မြင်လိုက်ရပေမယ့် ကျောက်ဖူ ကြောက်စိတ်မဝင်ခဲ့ပါဘူး။  ဒီလိုသေရေးရှင်ရေး အခြေ အနေနဲ့ ရင်ဆိုင်ရတဲ့အခါ သူက ဓားကိုကိုင်လိုက်ပြီး၊ ဂေါ်ဗလင် နှင့်ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့သည်။ အဲ့ဒီနောက် ကျောက်ဖူ သူ့ဆီပြေးဝင်လာတဲ့ ဂေါ်ဗလင်ကို တစ်ချက်ကြည့်လိုက်ပြီး၊ သူ့ရဲ့ အင်အားကို အစွမ်းကုန်အသုံးချကာ ဓါးနဲ့ ခုတ်ပိုင်းခဲ့လိုက်သည်။

အဲ့ဒီဂေါ်ဗလင်က ကျောက်ဖူရဲ့ တိုက်ခိုက်မှုမူကို
ခေါင်းကို စောင်းြာ အလွယ်တကူပဲ ရှောင်ရှားသွားခဲ့သည်။ အဲ့ဒီနောက် ကျောက်ဖူကို လှောင်ပြောင်ခဲ့ပြီး၊ ကျောက်ဖူရဲ့ ခါးကို သူ့ တစ်ဖက်သွားဓါးနဲ့ လှမ်းထိုးလိုက်သည်။ ဒီအခြေအနေကိုမြင်တဲ့အခါမှာတော့ ကျောက်ဖူ အလျင်အမြန်ပဲ နောက်ကိုခုန်ဆုတ်ခဲ့လိုက်သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now