အပိုင်း (၁၈၇)

182 21 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၈၇ )
Chapter  187           ဒီနေ့ မင်း သေမယ့်နေ့ပဲ။

  လွီဆုဘိုင် အသေးစိတ် ပြောပြ‌ေနခဲ့ပြီး၊ သူမရဲ့ မျက်နှာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ခံစားချက် အမူအရာတွေက အတုအယောင် မဟုတ်ခဲ့ပါဘူး။ အခြေအနေက ဒီလို ဖြစ်နေခဲ့ပေမယ့် ကျောက်ဖူ သူမကို အရာအားလုံး ယုံကြည်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။ တကယ်တမ်းလဲ တစ်စုံ တစ်ယောက်အနေနဲ့ တွေ့ခါစ လူတစ်ယောက်ကို ဘယ်လိုမှ ယုံကြည်စိတ်ချနိုင်မှာ မဟုတ်ပါဘူး။

"မင်းအနေနဲ့ လက်စားပြန်ချေချင်လား။ ငါ မင်းကို ကူညီနိုင်ပေမယ့် မင်းအနေနဲ့ နည်းနည်း‌ေဆာ့ ပြန်ပေးရမယ်။"
  ဒီလို ပြောပြီးတဲ့နောက်မှာတော့ ကျောက်ဖူ  ဘဝနဲ့ သေခြင်း စာချုပ်လေးခုကို ထုတ်ယူခဲ့လိုက်ပါတယ်။ သူတို့ရဲ့ ဘ၀တစ်ခုလုံးကို သူ့လက်ထဲကို ထည့်ထားခြင်းမရှိပဲ၊ သူတို့ကိုအပြည့်အဝ ယုံကြည်ဖို့ဆိုတာက မဖြစ်နိုင်လို့ပါပဲ။

ဘဝနဲ့ သေခြင်း သဘောတူစာချုပ်လေးခုကို မြင်လိုက်တဲ့အခါမှာ‌ေတာ့ လွီဆုဘိုင်နဲ့ အခြားသူတွေရဲ့ အမူအရာတွေက စိတ်ပျက်သွားခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်စုံ တစ်ယောက်ရဲ့ လက်ထဲကို သူတို့ဘဝတွေ အပ်လိုက်ရတယ်ဆိုရင် မည်သူပျော်ရွှင်မည်နည်း။

လွီဆုဘိုင် အချိန်အတန်ကြာ စဉ်းစား‌ေနခဲ့ပြီး၊ နောက်ဆုံးတော့ ပြောလိုက်ပါတယ်။
  “ မင်းနဲ့ စာချုပ်ချုပ်ဖို့ ငါ သဘောတူပါတယ်။ ဒါပေမယ့် အဖွား၊ မောင်လေးနဲ့ အစေခံကို‌ေတာ့ ချမ်းသာပေးပါ။ ငါ့အနေနဲ့ သူတို့ကို ခြိမ်းခြောက်တာ၊ ထိန်းချုပ်ခံရတာမျိုး မမြင်ချင်လို့ပါ။"

ကျောက်ဖူ ဒီအကြောင်းကို စဉ်းစားလိုက်ပြီး၊ သူ့အနေနဲ့ သူမကို ထိန်းချုပ်နိုင်ရင်ပဲ လုံလောက်ပြီဖြစ်တယ်လို့ တွေးမိလိုက်တာကြောင့် ခေါင်းညိတ်လိုက်ပြီး၊ သဘောတူလိုက်ပါတယ်။

စာချုပ်က မရေမတွက်နိုင်တဲ့ အလင်းမှုန်တွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ လွီဆုဘိုင်ရဲ့ ခန္ဓာကိုယ်ထဲကို  ၀င်‌ေရာက်သွားပြီး‌ေနာက် ကျောက်ဖူ သူ့ရဲ့အစီအစဉ်ကို စတင်ဖို့ ဆုံးဖြတ်ခဲ့လိုက်ပါတယ်။ ကျန်းဟောင်နှင့် တိုက်ခိုက်ဖို့အတွက် လွီ မိသားစုကို ထောက်ခံတဲ့ စစ်သည်တွေနဲ့ နေထိုင်သူတွေကို ပထမဆုံး စုစည်းဖို့ လိုအပ်ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now