အပိုင်း (၁၇၈)

188 18 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၇၈ )
Chapter   178       ထောင်ချောက်ဆင် သတ်ဖြတ်ခြင်းများ

လုရှမ်းနဲ့ ယုလင်းပိုင်တို့က ဒီစကားကို ကြားလိုက်တဲ့ အခါမှာတော့ အလွန် အလေးအနက် ထားသွားခဲ့ကြကာ သူတို့ရဲ့ ခေါင်းတွေကို ညွှန့်ကာ လက်နှစ်ဖက်ကို လက်သီးဆုပ် ဆုပ်လိုက်ကြပြီး၊ ပြောလိုက်ကြပါတယ်။
“ မြို့တော် အရှင်သခင်၊ ကျွန်တော်တို့ကို အမိန့်ပေးပါ”

ရှီဂျင်း စဉ်းစားပြီး၊ ပြောလိုက်ပါတယ်။
“ ဒီလူသုံးယောက်နဲ့သွားပြီးစကားပြောပါ။  သူတို့က ကူညီမယ်ဆိုရင် ကောင်းကင်ဘုံ ကျောက်တုံးမြို့တော်က ဒီလောက်အန္တရာယ်များလိမ့်မှာ မဟုတ်ဘူး။ ”

ရှီဂျင်းနဲ့ စကားပြောပြီးနောက် လုရှမ်းနဲ့ ယုလင်းပိုင်တို့ ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။ 
'' အဲဒီလူသုံးယောက် ''က အရှေ့ဖက် အစိမ်းရောင် ဒေသမှာရှိ‌ေနတဲ့ အခြားအဓိကမြို့ကြီး သုံးမြို့ရဲ့ အရှင်သခင်တွေပါပဲ။

……………………… ..

ကျောက်ဖူ ရောက်နေတဲ့ နေရာမှာတော့ ....
သူနဲ့ သူ့ရဲ့ ဂေါ်ဗလင် ၃၂ကောင်က မီတာ 30 လောက်ကျယ်ပြီး၊  100 မီတာ လောက် နက်တဲ့ တွင်းကြီးတစ်ခုကို ၉ညနဲ့ ၁၀ရက်ကြာအောင် တူးခဲ့ကြပါတယ်။

အဲ့ဒီတွင်းကြီးကို တူးပြီးတဲ့အခါမှာတော့ ကျောက်ဖူ အချောင်း ၅၀ လောက်ရှိတဲ့ ငွေ အဆင့် လှံတွေကို အောက်ခြေမှာ တပ်ဆင်ခဲ့ပါတယ်။ ဒါတွေ အားလုံးက ကျောက်ဖူမှာ ရှိသမျှ  လှံ‌ေတွပဲ ဖြစ်ပြီး၊ ဒါလောက်နဲ့တော့ မလုံလောက်နိုင်ပါဘူး။ ဒါကြောင့် ကျောက်ဖူ သံသစ်ပင်တစ်ပင်ကို ရှာဖွေခဲ့ပြီး၊ အဲ့ဒီအပင်ကနေ နောက်ထပ်လှံ ၁၀၀ ခန့် ပြုလုပ်ခဲ့လိုက်ပါတယ်။

အဲ့ဒီနောက် သူ အခြားပြင်ဆင်စရာ ရှိတဲ့အရာတွေကိုလည်း ပြင်ဆင်ခဲ့လိုက်ပါတယ်။ ဒီ့နောက်မှာ‌ေတာ့ ဧရာမ ကြီးမားတဲ့ တွင်းချိုင့် ထောင်ချောက်ကြီးက ပြီးဆုံးသွားခဲ့ပါပြီ။

မိုင်နိုတောတွေ အားလုံးကို ဒီကြီးမားတဲ့ တွင်းချိုင့် ထောင်ချောက်ထဲဆွဲဆောင်ဖို့က ကျောက်ဖူရဲ့  ခန့်မှန်းရလွယ်ကူတဲ့ ရည်မှန်းချက်ပါပဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now