အပိုင်း (၈၉)

231 26 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၈၉ )
Chapter 89              အော့စ်လူဘီလူး မြို့တော်

ကျောက်ဖူ ပေါ့ပေါ့ပါးပဲ ရယ်ပြီး၊ ပြောလိုက်ပါတယ်။
“ မင်းတို့ အလိုအပ်ဆုံးအရာတွေ၊ အစားအစာနဲ့ပစ္စည်းကိရိယာတွေအများကြီးယူဆောင်လာခဲ့တယ်။ ဒီကိစ္စက အရမ်းအရေးကြီးတယ်။ မင်းတို့ရဲ့သခင် အရှင်ကြီးကာကီက ငါနဲ့တွေ့ဖို့ အရမ်းလိုလိုလားလားရှိမယ်ဆိုတာ သေချာပါတယ်။ ”

အော့စ်ခေါင်းဆောင် တုန်လှုပ်ချောက်ချားဖွယ်သွားတဲ့ အမူအရာနဲ့ ပြန်ပြောခဲ့ပါတယ်။
“ ငါတို့က သခင်ကြီး ကာကီရဲ့လူ‌ေတွဆိုတာ မင်း ဘယ်လိုသိတာလဲ။ ”

တကယ်တော့ ကျောက်ဖူ ကာကီကို သတ်ဖို့ လိုက်ရှာဖို့စဉ်းစားခဲ့ဖူးတာပါ။ ဒါကြောင့် သူ တည်နေရာအကြမ်းမြေပုံအရ မြောက္ဘက်ကို တယ်လီပို့လမ်းကြောင်းတွေနဲ့ အဆက်မပြတ်ထွက်လာပြီး၊ ခုလို ကာကီရဲ့ ပိုင်နက်ထဲရောက်လာခဲ့တာပါ။ အခုတော့ ဒီအော့စ်တွေနဲ့တွေ့ပြီး၊ ကျောက်ဖူ သူရောက်နေတာ ကာကီရဲ့ ပိုင်နက်ဖြစ်တယ်ဆိုတာ ကောက်ချက်ချခဲ့တာပါ။ အခုလို အော့စ်တွေက ဝန်ခံလိုက်တာကလည်း ကျောက်ဖူကို သေချာစေခဲ့ပါတယ်။

ဟုတ်တယ်‌ေလ၊ သူအနေနဲ့ ဒီအော့စ်ကို‌ေတာ့ ဒီလိုသွား‌ေပြာလို့ ဘယ်ဖြစ်ပါ့မလဲ။ ကျောက်ဖူ ပြောလိုက်ပါတယ်။
"ငါ အရင် ကတည်းက သခင်ကြီး အရှင်ကာကီရဲ့ ကြီးမြတ်တဲ့ နာမည်ကို ကြားခဲ့ဖူးတာကြာပါပြီ။ သူ့ကို လက်ဆောင်ပေးဖို့ တန်ဖိုးကြီးလက်ဆောင်တွေ ယူလာခဲ့တာပါ။ သူကိုတွေ့ဖို့ ဒါမှမဟုတ် အနည်းဆုံး ဒီကိစ္စကို အစီရင်ခံဖို့ ငါတို့ကို ခေါ်သွားနိုင်မလား။"

ကျောက်ဖူ ‌အော့စ်တွေရဲ့စရိုက်လက္ခဏာ‌ေတွကို သိလို့ လက်ဆောင်တွေ ယူဆောင်လာတယ် ဆိုတာကို ကြားပြီးနောက် ကျောက်ဖူ ပြောသလို ဘယ်လုပ်ပါ့မလဲ။ ဒါကြောင့် သူတို့ ရယ်မောလိုက်ပြီး၊ ပစ္စည်းတွေ လုယူဖို့ ပြေးဝင်လာကြပါပြီ။

  ကျောက်ဖူ အခြေအနေတွေ ပြောင်းသွားတာကို မြင်တဲ့ အခါ သူ့အနေနဲ့ အလျင်စလို ဘာမှ မလုပ်ခဲ့ပါဘူး။ အခုဆို သူး ဘုရင်အလုပ်အကိုင်ကို ရရှိခဲ့ရုံတင်မကဘဲ ဘုရင့်ရဲ့ စွမ်းအားပါဝါကိုလည်း ရရှိထားပါသေးတယ်။ ကျောက်ဖူ အော့စ်တွေ မြန်မြန်ဆန်ဆန်ပြေးဝင်လာတာကို မြင်တဲ့အခါ သူ့ရဲ့ ငွေ အဆင့် ဓါးကို ဖြည်းဖြည်းပဲ ဆွဲထုတ်လိုက်ပါတယ်။ 

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Où les histoires vivent. Découvrez maintenant