အပိုင်း (၁၂၄)

227 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၂၄ )
Chapter 124           တော်ဝင် သွေးတော်

ဘုရင့်အလုပ်အကိုင်ရဲ့ ဒုတိယအဆင့်ကတော့ သူ့ရဲ့ သွေး‌ေတွအားလုံးဟာ ဘုရင့်ရဲ့သွေး အဖြစ်ကို ပြောင်းလဲသွားခဲ့တာပါပဲ။ အနာဂတ်မှာ ကျောက်ဖူရဲ့ သွေးတွေမှာ ဘုရင့်ရဲ့ စွမ်းအားပါဝါ‌ေတွကို ကြီးမားတဲ့ ပမဏအထိ ထည့်သွင်း ဝင်ဆံ့နိုင်‌ေတာ့မှာပါ။

ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးမှာတော့ သွေးကြောအမျိုးအစား အမျိုးမျိုးနဲ့ သွေးကြောအဆင့် အမျိုးမျိုး ရှိနေကြပါတယ်။ သာဓကအနေနဲ့ ကောင်းကင်နတ်တွေနဲ့ နတ်ဆိုးတွေရဲ့သွေးကြောတွေဟာ လူသားတွေရဲ့ သွေးကြောတွေထက် ပိုမိုအားကောင်းကြပါတယ်။ ဒါကြောင့် ဒီလို သွေးအမျိုးအစားကို ရရှိလာတဲ့ လူသားတွေက ပို အင်အားကြီးမားလာမှာပါ။

ကျောက်ဖူရဲ့ဘုရင့်သွေးက အဲ့ဒီ့ သွေးတွေထက် အားနည်းမနေခဲ့ပါဘူး။ ကျောက်ဖူ ပိုအစွမ်းထက်လာလေ ဘုရင့်သွေးကလည်း ပိုအစွမ်းထက်လာမှာပါ။

ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာမှာတော့ သွေးကြောတွေကိုအဆင့် ၂၄ ဆင့်ခွဲခြားထားပါတယ်။ အဆင့် ၁ မှ ၃ ကို အဆင့်နိမ့် သွေးကြောတွေ၊  အဆင့် ၃-၆ ကို အလယ်အလတ်အဆင့်သွေးကြောတွေ၊  အဆင့် ၆-၉ ကို အဆင့်မြင့်သွေးကြောတွေ၊ အဆင့် ၉-၁၂ ကို တော်ဝင်သွေးကြောတွေ၊  အဆင့် ၁၂-၁၅ကို တော်ဝင်အင်ပါယာ သွေးကြောတွေ၊  အဆင့် ၁၅-၁၈ ကိုအချုပ်အခြာအာဏာ သွေးကြောတွေ၊ အဆင့် ၁၈-၂၁ ကိုတော့ နတ်ဘုရား အဆင့်သွေးကြောတွေနဲ့ အဆင့် ၂၂-၂၄ ကိုတော့ မူလသွေးကြောတွေ အဖြစ်သတ်မှတ်ထားကြပါတယ်။

သူ ပိုင်ဆိုင်တဲ့ မဟာ ချင် သွေးကြောကတော့ အဆင့် ၃ အဆင့်နိမ့် သွေးကြော ဖြစ်ပြီး၊ အလွန်စင်ကြယ်ခြင်းမရှိပါဘူး။ အမှန်တကယ်လဲ သူက  'မိသားစုခွဲ အဆက်အနွယ်' ရဲ့အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပြီး၊ သူအနေနဲ့ ကံကောင်းခြင်း‌ေတွရရှိခဲ့လိုသာ မဟ ချင်ရဲ့ အမွေအနှစ်ကိုရရှိခဲ့‌ေပမယ့်  သူရဲ့သွေးကတော့ အဆင့်မြင့် သွေးအုပ်စု ထဲမှာ မပါခဲ့ပါဘူး။

ကျောက်ဖူမှာ အဆင့်နိမ့် သွေးအုပ်စုရှိနေတကြောင့် ကောင်းကင်ဘုံ ဆုတောင်းသူများ စင်္ကြန်ကို သွားပြီး၊ သူ့ရဲ့ သွေးကြောတွေကိုတော်ဝင် သွေးအမျိုးအစား အဖြစ် ပြောင်းလဲခဲ့လိုက်ပါတယ်။ ကောင်းကင်ဘုံ ဆုတောင်းသူများ စင်္ကြန်ရဲ့ အလယ်ဗဟိုမှာ သူ မျက်စိမှိတ်ကာ ခြေချိတ်ထိုင်လိုက်ပြီး၊ သူ့ရဲ့ ဘုရင့်စွမ်းအား‌ေတွကို လှည့်ပတ်လိုက်ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now