အပိုင်း (၁၆၆)

188 25 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၆၆ )
Chapter  166          အစွန်းရောက္ မဟာ ချင်

တကယ်လို့ ကျောက်ဖူ ဒီလို ဓါးအနှစ်သာရ ၁၂၀၀ ကို ရယူလိုခဲ့ပါက ဟော့ဖ်ဂေါ်ဗလင် အကောင် ၁၂၀၀ လောက်ကို သတ်ရမှာပါ။  ကျောက်ဖူ ဟော့ဖ် ဂေါ်ဗလင် များစွာရှိနေ‌ေသးတယ် ဆိုတာကို သဘောပေါက်သွားခဲ့ပြီး၊ ယခုအချိန်အထိ သူက ၅၀ လောက်သာ မြင်ဖူးတာကြောင့်ပါပဲ။ ဒီအရေအတွက်က လိုအပ်တဲ့ ဓါးအနှစ်သာရ  ၁၂၀၀ အတွက်လုံလောက္မှု မရှိပါဘူး။ ဒါပေမယ့် ဒဏ္ဍာရီအဆင့် ပစ္စည်းကိရိယာတွေကို ရရှိဖို့အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဘယ်လောက်တောင် ခက်ခဲသလဲ ဆိုတဲ့  အကြောင်းရင်းကို ကျောက်ဖူ နားလည်သွားခဲ့ပါပြီ။

ဟော့ဖ် ဂေါ်ဗလင်ကို သတ်ပြီးနောက် ကောင်းကင်နတ်ဆိုးဓါးက သဏ္ဍာန်မဲ့ စွမ်းအင်တွေကို ထုတ်လွှတ်လိုက်ပြီး၊ ဟော့ဖ် ဂေါ်ဗလင်ရဲ့ အသွေးအသားတွေကို စုပ်ယူသွားခဲ့ပါတယ်။  ဒါကြောင့် ကျောက်ဖူ ယခင်က အိပ်မော ကျနေတဲ့  ကောင်းကင်နတ်ဆိုးဓါးက နိုးသွားပြီလို့ သိလိုက်ရပါတယ်။

ပန်းနတ်သမီးသုံးယောက်က ဒီစွမ်းအားကို ခံစားလိုက်ရပြီးတဲ့နောက် ကျောက်ဖူရဲ့ရင်ဘတ်ထဲကနေ မျက်နှာဖြူဖတ်ဖြူလျော်နဲ့ ထွက်ပြေးကြပြီး၊ အော်ပြောလိုက်ကြပါတယ်။
“ ဒီစွမ်းအားက အရမ်းကို ဆိုးလွန်းတယ်။ ငါတို့ ဒီလို ခံစားချက္မျိုးကို မုန်းတယ်။  ကျောက်!  ဒါက နတ်ဆိုးဓါးပဲ!”

ကျောက်ဖူ ခေါင်းညိတ်ပြီးခေါင်းညိတ်လိုက်သည်။

အခြားတစ်ဖက္မှာတော့ ကောင်းကင်နတ်ဆိုးဓါးဆီက ပျော်ရွင်ဖွယ်ကောင်းတဲ့ ရယ်မောသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ နတ်ဆိုး ချီတွေက ဓါးကနေ စတင် ထွက်ပေါ်လာခဲ့တာကြောင့် ပူနွေးနေတဲ့ ပတ်ဝန်းကျင်ကို ပိုမိုအေးစက်လာစေခဲ့ပါတယ်။ ကြည့်ရတာ နတ်ဆိုးတစ်‌ေကာင် ဆင်းသက်လာတော့မယ့် ပုံစံပါပဲ။ အဲ့ဒီနောက် ကောင်းကင်နတ်ဆိုးဓါးက သူတို့သုံးဦးကိုနှုတ်ဆက်လိုက်ပါတယ်။
" မင်္ဂလာပါ။ ပုံပြင်ပန်းနတ်သမီးတို့။"

“ အဟ့ !!”  ပန်းနတ်သမီးသုံးယောက်က
“ ဒီ နတ်ဆိုးဓါးကစကား ပြောနိုင်တယ်။ ကျောက်၊ ဒီဓါးကို မြန်မြန်လွှတ်ပစ်လိုက်။ ဒါဆို အဲဒါက နင်းကို မလွှမ်းမိုးနိုင်တော့ဘူး!”

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)On viuen les histories. Descobreix ara