အပိုင်း (၂၃)

298 28 1
                                    


အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၂၃ )      ရွာတစ်ရွာကိုတိုက်ခိုက်ခြင်း
Chapter 23         

ဘိုင်ချီရဲ့ ပုံရိပ်က မှုန်ဝါးသွားပြီး၊ သူ့ဘယ်ဘက်မှာရှိနေတဲ့ အရိုးစုဒိုင်းကိုင်စစ်သည်ဆီကို ဘေးတစ်စောင်း အနေအထားနဲ့ ချဉ်းကပ်သွားခဲ့သည်။ အဲ့ဒီနောက် သူရဲ့ တစ်ဖက်သွားဓါးကြီးဆီးကို  စွမ်းအား‌တွေ အပြည့်အဝ ထည့်သွင်းခဲ့လိုက်ပြီး၊ ချီဓါးချက်ကို ထုတ်ဖော်လိုက်ခဲ့သည်။ ၃ မီတာရှည်လျားတဲ့ တစ်ဖက်သွားဓါးကြီးရဲ့အလင်းသည် ဓါးကနေ ထွက်ပေါ်လာခဲ့ပါပြီ။

ဘုန်း

ဘိုင်ချီရဲ့ တိုက်ခိုက်မှုက သူတို့အရှေ့မှာ ရှိနေတဲ့ အရိုးစု ဒိုင်းကိုင်စစ်သည် ၃ ကောင်နှင့် အရိုးစုခြေလျင်စစ်သည်တွေကို လွင့်ပျံသွားစေခဲ့ပြီး၊ သူတို့ရဲ့ ခံစစ်အကာအကွယ်ကို ချိုးဖျက်ခဲ့လိုက်သည်။

ကျောက်ဖူ မြန်မြန်ဆန်ဆန်ပဲ အော်ဟစ်လိုက်ခဲ့သည်။

“ မြန်မြန်လုပ်၊  သူတို့ကို လူစုခွဲလိုက်ကြ။"

ဒိုင်းကိုင်စစ်သည်တွေ နှင့် ခြေလျင်စစ်သည်တွေကချက်ချင်းဆိုသလို အမိန့်နာခံခဲ့ကြပြီး၊ အဖွဲ့နှစ်ခု ခွဲကာ ပြိုလဲသွားတဲ့အရိုးစုတွေနှင့် ကျန်နေတဲ့အရိုးစုတွေကို ခွဲထုတ်လိုက်ခဲ့ကြသည်။

ဒီအချိန်မှာတော့ အရိုးစု‌တွေရဲ့ ခံစစ်သည် ကျိုးပေါက်သွားခဲ့ပြီဖြစ်တာကြောင့် ချက်ချင်းဆိုသလို ရှုပ်ထွေး သွားခဲ့ပါပြီ။ ကျောက်ဖူရဲ့စစ်သည်တွေက စတင်တိုက်ခိုက်ခဲ့လိုကိကြပါပြီ။ ဒါပေမဲ့ သူ့လူတွေနဲ့ အရိုးစုတွေသည် ဘယ်လောက် နီးကပ်‌နေခဲ့လဲဆိုရင်တော့ ကျောက်ဖူ  မီးဘောလုံးကို ပစ်လွှတ်လို့မရနိုင်‌လောက်‌အောင်ဖြစ်နေခဲ့သည်။ ဒါကြောင့် သူက ကျောက်တုံးခွဲမြှားနဲ့ ပစ်လွှတ်တိုက်ခိုင်ဖို့ လုပ်ဆောင်လိုက်ရသည်။

အဲ့ဒီအချိန်မှာပဲ အရိုးစု ဒိုင်းကိုင်စစ်သည်တစ်‌ယောက်က အာရုံထွေပြားနေတာကို တွေ့ခဲ့လိုက်ရသည်။ အဲ့ဒီအချိန်ကို အခွင့်‌ကောင်းယူပြီး ကျောက်ဖူ အဲ့ဒီအရိုးစုကို မြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဲ့ဒီအရိုးစုရဲ့ဦးခေါင်းကို ထိုးဖောက်သွားခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Où les histoires vivent. Découvrez maintenant