အပိုင်း (၇၉)

223 26 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၇၉ )
Chapter 79     ကြောက္မက္ဖွယ်ကောင်းတဲ့ စွမ်းအားပါဝါ

သူတို့အားလုံး ဒီကြောက္မက္စရာကောင်းတဲ့ ဩဇာပါဝါကို ခံစားလိုက်ရတဲ့အခါ ပင်လယ်ထဲမှာ လှေငယ်လေးက လှိုင်းပုတ်ဒဏ်တွေကြားထဲ ရောက်သွားသလို သိမ်ငယ်ကြောက်ရွံ့မူတွေ ဖြစ်သွားကြပါတယ်။

ဒီ လျှို့ဝှက်ဆန်းကြယ်သောအရိုးစုက ကျောက်ဖူ  ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး၊ သူ့ဆီကို လျှောက်လာနေခဲ့ပါပြီ။

  ဘိုင်ချီနဲ့ အခြားသူတွေက အရိုးစုကို တားဆီးဖို့ သတ္တိ‌ေတွ အတင်းမွေးပြီး၊ ပြေးလာခဲ့ကြပါတယ်။   ဒါပေမယ့် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အရိုးစုက သူတို့ကို လှည့်တောင် မကြည့်ခဲ့ပါဘူး။

ဓားခုတ်ချက်တစ်ချက်က ထွက်ပေါ်လာပြီး၊ ကြီးမားတဲ့ ဓါးချီ လှိုင်းလုံးကြီးက  သူတို့သုံးယောက်ကို ဝါးမျိုးလိုက်ပါတယ်။ ဘိုင်ချီနဲ့ အခြားသူတွေက အသည်းအသန် ခုခံလိုက်ကြပေမယ့်၊ သူတို့ လွင့်ပျံထွက်သွာခဲ့ပါပြီ။

သူတို့သုံးယောက်လုံး မြေပေါ်ကိုပြုတ်ကျသွားပြီး၊ သွေး‌ေတွအန်ထုတ်လိုက်ရတာကြောင့် သူတို့ ခန္ဓာကိုယ် တစ်ခုလုံး‌ေသွး‌ေတွ စွန်ထင်းသွာခဲ့ပါတယ်။ သူတို့ မြေကြီးပေါ်မှာလဲနေကြပြီး၊ မတ်တပ်ရပ်ဖို့ အားမရှိကြတော့ပါဘူး။ ဒါကတော့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အရိုးစုရဲ့ အမှတ်မထင်တိုက်ခိုက္မှုတစ်ခုသာ ဖြစ်ပေမယ့် ဘိုင်ချီနဲ့ အခြားသူတွေကိုတော့ ဒုတိယ ဒဏ်ရာကြီးကြီးမားမားတွေ ရသွားစေခဲ့ပါတယ်။ သူတို့ဟာ မဟာ ချင် ကျေးရွာမှာရိှတဲ့ အင်အားအကောင်းဆုံး တိုက်ခိုက်ရေးသမား သုံးယောက်ဖြစ်ပေမယ့် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အရိုးစု ရှေ့မှာ‌ေတာ့ သူတို့ဟာ အတော်အားနည်းနေပုံပါပဲ။

ဝှစ်၊ ဝှစ်၊ ဝှစ် ...

ကြီးမားတဲ့ အင်အား‌ေတွပါဝင်‌ေနတဲ့ လောက်စလုံးချောင်းတွေက အရိုးစုဆီ ပျံသန်းဝင်ရောက်လာပါပြီ၊၊ဒါပေမယ့် ထူးဆန်းတဲ့ အရိုးစုက အေးစက်စက် ဟန့်သံတစ်ချက်ပေးလိုက်ကာ သူ့ဓားနဲ့ ခုတ်ပိုင်းလိုက်ပါတယ်။ သူ့ဓါးကနေ လခြမ်းပုံ ဓါးချီတွေထွက်ပေါ်လာပြီး၊ များပြားလှတဲ့ လောက်စလုံးချောင်း တွေကို ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီဓါးချီတွေက အဆီးအတားမရှိ လောက်လွှဲတွေဆီဆက်ဝင်သွားခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now