အပိုင်း (၇၆)

232 31 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၇၆ )
Chapter 76   ခြွင်းချက်တွေနဲ့အတူ ထူးခြား‌‌ေကျာ်ကြားတဲ့ ဓားများ

ကျောက်ဖူ  ရှာအိုဂျင်းကို ခေါ်လိုက်ပါတယ်။ ဒီအချိန်မှာတော့ သူရဲ့ ဒဏ်ရာအများစုက ပျောက်ကင်းသွားခဲ့ပါပြီ။ ဒါပေမယ့်သူ့ရဲ ခန္ဓာကိုယ်ကတော့ အားနည်းနေဆဲဖြစ်ပြီး၊ သူ့မျက်နှာပေါ်မှာလည်း အမာရွတ်အနည်းငယ် ကျန်နေပါတယ်။ သူရဲ့ ချောမောတဲ့ မျက်နှာဟာ အခုတော့ အတော်ထိတ်လန့်စရာ ကောင်းသွားခဲ့ပါပြီ။

ကျောက်ဖူ သူ့အမာရွတ်တွေကို ကုသဖို့ ဆေးဝါးတချို့ပေးလိုက်ပါတယ်။ ဒါပေမယ့်ရှာအိုဂျင်း က ငြင်းဆန်ခဲ့ပြီး၊ ပြန်ပြောခဲ့ပါတယ်။
“ ကျွန်တော် ဒီအမာရွတ်တွေကို ဖြစ်ပျက်ခဲ့တာတွေကိုမှတ်မိဖို့နဲ့ ကိုယ့်ကိုယ်ကို အားကောင်းလာအောင် တွန်းအားပေးဖို့ ထားလိုက်ပါ့မယ်။”

..........................

"ဒါ မင်းအတွက် "  ကျောက်ဖူ  ရှာအိုဂျင်း ကို SS အဆင့် အော့ဖ်စက်လုံးပေးလိုက်ပါတယ်။

ရှာအိုဂျင်း ကတော့ ဘာမှန်းမသိပဲ လက်ခံလိုက်ပါတယ်။ ဒါပေမယ့် သာ ကြည့်လိုက်တဲ့အခါမှာတော့ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ သူ ဒူးထောက်ထိုင်ချလိုက်ပြီး၊ ပြောလိုက်ပါတယ်။
“ အရှင့်ရဲ့ ကြီးမားတဲ့ မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"

ကျောက်ဖူ ပေါ့ပေါ့ပါးပါးပဲ ခေါင်းညိတ်လိုက်ပြီး၊
ပြောလိုက်ပါတယ်။
“ မင်းကိုငါ အရမ်းတန်ဖိုးထားတယ်၊ဒါ‌ေကြာင့် ငါ့ကို စိတ်မပျက်စေနဲ့”

ရှာအိုဂျင်း မြန်မြန်ဆန်ဆန်ပဲ ခေါင်ညိတ်လိုက်ပြီး၊ ကတိပေးလိုက်ပါတယ်။ အဲ့ဒီ့နောက် သူ တစ်ခုခုကိုစဉ်းစားလိုက္မိပြီး၊ အသေးစိတ်ပုံစံ စာရွက်တစ်ရွက် မိသားစု ထုတ်ပေးလိုက်ပါတယ်။
“ အရှင် မင်းမြတ်၊ ဒါက ကျွန်တော်တို့ရွာရဲ့ ဝိုင် လုပ်နည်း အညွှန်းပါ။ အရှင့်အတွက် တစ်ခုခု အထောက်အကူဖြစ်မှာပါ။"

ကျောက်ဖူ ယူကြည့်လိုက်ပါတယ်။

[ပန်းတစ်ရာ ဝိုင် လမိးညွှန်စာရွက် ] - ပန်းများကိုအသုံးပြုပြီး၊ မွှေရနံ့များနဲ့ ဆွဲဆောင်မူအပြည့်ရှိတဲ့ ဝိုင်ချက်လုပ်နိုင်သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now