အပိုင်း (၁၆၄)

193 22 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၆၄ )
Chapter  164           စစ်ပွဲ ယန္တရား

ကျောက်ဖူ ဒီ ဂေါ်ဗလင်တွေကို ကိုင်တွယ်ဖို့အတွက် ကောင်းကင်နတ်ဆိုးဓါးကို ထုတ်သုံးဖို့ မလိုအပ်ခဲ့ပါဘူး။ အဲ့ဒီ့အစား ဒီဂေါ်ဗလင်တွေကို သတ်ဖို့ သူ့ရဲ့ လုပ်ကြံသတ်ဖြတ်သူ စွမ်းရည်စကေးကိုသာ အသုံးပြုခဲ့လိုက်ပါတယ်။ သူ့အနေနဲ့ သူတို့အားလုံးကို တပြိုင်နက် တိုက်ခိုက်ဖို့က လုပ်ကြံသတ်ဖြတ်သူ စွမ်းရည်စကေးနဲ့ ကိုက်ညီမှု မရှိတာကြောင့် သူတို့ကို မသိမသာပဲကိုင်တွယ် ခဲ့ရပါတယ်။

  ဂေါ်ဗလင် ငါးကောင်က ခက်ထန်တဲ့ အမူအရာတွေနဲ့ ကျော်သွားတာကို မြင်လိုက်တဲ့ အခါမှာတော့ ကျောက်ဖူ တောထဲမှာ ပုန်းနေခဲ့ပြီး၊ သတ်ဖြတ်ဖို့ အခွင့်အလမ်းကို စောင့်နေခဲ့ပါတယ်။

"ဒီကိစ္စကိုလုပ်တဲ့ ခွေးသားကို ရှာကြ။ သူ့ကိုတွေ့ရင် သတ်မယ်”
   ဂေါ်ဗလင်တစ်ကောင်က ဒေါသတကြီးနဲ့ အော်ပြီး၊ တောထဲမှာ ပတ်လျှောက် ရှာဖွေနေခဲ့ပါတယ်။

"ဒါအမှန်ပဲ!  ဒါအမှန်ပဲ!  သူ့ကိုသတ်!"  အခြား ဂေါ်ဗလင်တွေကလည်း ကြွေးကြော်‌ေနခဲ့ကြပါတယ်။

ဂေါ်ဗလင်တွေ ဖြည်းဖြည်းချင်း နီးကပ်လာတာကို ကျောက်ဖူ အေးဆေးတည်ငြိမ်စွာနဲ့ ထောင့်မှာ ပုန်းပြီး ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့်  ကျောက်ဖူကို အံအားသင့်သွားစေခဲ့တာကတော့ မီတာ ၂၀ လောက် လမ်းလျှောက်ပြီးနောက် ဂေါ်ဗလင်တွေက 'ခွေးသား' ကိုရှာတာ လက်လျှော့လိုက်ကြပြီး၊ အဲ့ဒီသူကို ဝိုင်းသတ်ကြမယ်လို့ သစ္စာကတိပြုခဲ့ကြပါတယ်။

ကျောက်ဖူ သူတို့ကို နောက်ထပ် ဆွဲဆောင်ချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့က ဒီမှာကြီးမားတဲ့ ရန်ပွဲ ဖြစ်ပွားမယ်ဆိုရင် တခြား ဂေါ်ဗလင်တွေရဲ့အာရုံကို ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကျောက်ဖူမှာ အခြားရွေးချယ်စရာ လမ်းမရှိတော့ပါဘူး။

အဲ့ဒီ့နောက် သူပုန်းနေတဲ့နေရာကနေ ပြေးထွက်သွားခဲ့ပါတယ်။ မယုံနိုင်လောက်အောင် မြန်ဆန်တဲ့ အမြန်နှုန်းနဲ့ ထွက်ခွာသွားခဲ့တာပါ။ သူ ကျောက်တုံးပစ်ဂေါ်ဗလင်အဖွဲ့ ရဲ့‌ေနာက်‌ေကျာက်ဖက်မှာ ရှိနေတဲ့ ကျောက်တုံးပစ်ဂေါ်ဗလင် နှစကောင်ရဲ့ နောက်ကျောကို လေပြေ‌ေလး တစ်ခုလို ရောက်ရှိသွားခဲ့ပါပြီ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now