အပိုင်း (၁၈၉)

188 26 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၈၉ )
Chapter 189   မှောင်သထက် မှောင်မိုက်လာခဲ့ပြီ

ဒီစစ်သည်သစ် ၂၀၀ ကို လက်ခံရရိှပြီးနောက်  ကျောက်ဖူရဲ့ အင်အားဟာ စစ်သည် ၆၀၀ အထိ တိုးချဲ့နိုင်ခဲ့ပါပြီ။

အစပိုင်းမှာတော့ ဆန်းရှောင်ဝေဟာ ကျောက်ဖူ နဲ့ သူ့လူတွေဟာ လွီဆုဘိုင်ကို ကူညီပြီး၊ မိုးမခတောင်မြို့ကို ပြန်ရအောင် လုပ်ပေးမယ်ဆိုတာကို မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ အခြားရွေးချယ်စရာ မရှိတော့ပါ။ ကျောက်ဖူဟာ သူတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါ။ သူတို့အနေ ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုရင်တော့ မိုးမခတောင်မြို့ဟာ ကျန်း‌ေဟာင်ရဲ့ လက်ထဲကို လုံးဝကျရောက် သွား‌ေတာ့မှာပါ။ အချိန်က သိပ်မကြာသေးတာကြောင့် ဒေသခံအများစုက လွီမိသားစု အပေါ်ကို သစ္စာရှိ‌ေနကြပါသေးတယ်။  ဒါပေမယ့် အချိန်ကုန်လွန်သွားပြီး၊ ဒေသခံ အများစုဟာ ကျန်းဟောင်အပေါ် သစ္စာစောင့်သိသွားတာနဲ့ မိုးမခတောင်မြို့ကို ပြန်ယူဖို့က မဖြစ်နိုင်‌ေတာ့ပါဘူး။

တစ်ဆက်တည်းမှာပဲ ကျောက်ဖူက သူ့ရဲ့အစီအစဉ်ကို ဆန်းရှောင်ဝေကို ရှင်းပြလိုက်ပါတယ်။ ဒီအချိန်မှာတော့ ဆန်းရှောင်ဝေက သူ့ကို  ယုံကြည်မှု ပိုတိုးပွားလာခဲ့ပါပြီ။

  ဒီတပ်ဖွဲ့အပြင် ကင်းလှည့်နေတဲ့ အခြား တပ်ဖွဲ့ ၂ ခုလည်း ရှိ‌ေနပါ‌ေသးတယ်။ ဒါပေမယ့် ဒီ တပ်ဖွဲ့တွေမှာ ကျန်းဟောင် ထည်သွင်းထားတဲ့ လူအချို့လည်း ရှိနေခဲ့ပါတယ်။ ဒါကြောင့် သူတို့ကို ဦးစွာ ဖယ်ရှားပစ်ဖို့ လိုပါတယ်။

  တပ်ဖွဲ့သုံးဖွဲ့ဟာ မတူညီတဲ့ ဒေသတွေကို ကင်းလှည့်‌ေနကြရတာပါ။ ကျောက်ဖူ နောက်ကျတယ်ဆိုတာကို သိလိုက်တာကြောင့် ဆန်းရှောင်ဝေက တပ်ဖွဲ့ကို နှစ်စုခွဲဖို့ အကြံပြုလိုက်ပါတယ်။

ကျန်းဟောင်ရဲ့ သူလျှိုတွေကိုသတ်ဖို့  ဆန်းရှောင်ဝေက အဖွဲ့တစ်ဖွဲ့ကို  ဦးဆောင်ပြီး၊ ကျောက်ဖူက နောက်တစ်ဖွဲ့ကို ဦးဆောင်မှာပါ။

ဒါကြောင့် ကျောက်ဖူ သူ့တပ်ဖွဲ့ကို နှစ်ဖွဲ့ခွဲလိုက်ပြီး၊ ကျန်နေသေးတဲ့ အခြားတပ်ဖွဲ့နှစ်ဖွဲ့ကို ရှာဖို့သဘောတူခဲ့လိုက်ပါတယ်။
……………………………………
မိုးမခတောင်မြို့ရဲ့ အပြင်ဖက်ဒေသမှာတော့   မာနထောင်လွှားနေတဲ့ စစ်သည် (၁၀) ဦးဟာ စိတ်ဓာတ်ကျပြီး၊ညည်းတွားနေတဲ့ စစ်သည်တစ်စုကို ဦးဆောင်ပြီး၊ ရှေ့ကနေ လျှောက်နေကြပါတယ်။
  "မြန်မြန်လုပ်ကြ ဟေ့၊ ဒီတပ်ဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ ငါက အချစ်ကလေးဆီ ပြန်ပြီး၊ ဖက်အိပ်ချင်နေပြီ။"
   ဦးဆောင်သူက နောက်ကို လှည့်လိုက်ပြီး၊ သူ့နောက်မှာရှိ‌ေနတဲ့ တပ်ဖွဲ့ကို မကျေမနပ် အော်နေခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now