အပိုင်း (၁၇၉)

176 16 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၇၉ )
Chapter   179      လက်စွပ် အစောင့်

ကျောက်ဖူ ထောင်ချောက်ရဲ့ အခြားတစ်ဖက္မှာ ရပ်နေခဲ့ပြီး၊ မိုင်နိုတော အကြီးအမှုးချုပ်နဲ့ သူနောက်ကွယ်က သာမန် မိုင်နိုတော (၂၀) ​​ခန့်ကိုအလျင်အမြန် ပြေးဝင်လာနေတာကို စောင့်ကြည့်နေခဲ့ပါတယ်။ ကျောက်ဖူ အတော်လေး စိတ်လှုပ်ရှားနေခဲ့ပါပြီ။

မိုင်နိုတော အကြီးအမှုးချုပ်က အတော်လေး မြန်ဆန်တာကြောင့် ကျန်‌ေန‌ေသးတဲ့ အခြ မိုင်နိုတောတွေ ထောင်ချောက်အတွင်း မ၀င်ခင်မှာပဲ သူက ကျောက်ဖူနားကို ရောက်‌‌ေနခဲ့ပါပြီ။

  ဒါကြောင့် ကျောက်ဖူအနေနဲ့ မိုင်နိုတော အကြီးအမှုးချုပ်ရဲ့ အမြန်နှုန်းကို ကန့်သတ်ဖို့ လိုနေခဲ့ပါပြီ။

ကျောက်ဖူ မဟာနတ်သတ္တဝါ ရော့ လေးကြီးကို   ထပ်မံထုတ်ယူလိုက်ပြီး မြန်မြန်ဆန်ဆန်ပဲ မြှားနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့လိုက်ပါတယ်။ မြှားတွေက ခရမ်းရောင်အလင်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ မိုင်နိုတော အကြီးအမှုးချုပ် ခေါင်းဆီကို ပြေးဝင်သွားခဲ့ပါတယ်။

မြှားများစွာနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ မိုင်နိုတော အကြီးအမှုးချုပ်ဟာ လက်သီးချက်တွေ ကို မြှားတစ်‌ေချာင်းချင်းစီအတွက် ထုတ်လွှတ်ခဲ့ပြီး၊ အဝေးကို လွှင့်ပျံစေခဲ့ပါတယ်။

ကျောက်ဖူ ရပ်တန့်နေခဲ့ပြီး၊ မြှားတွေကို အဆက္မပြတ် ထပ်တလဲလဲ ပစ်ခတ်‌ေနခဲ့ပါတယ်။ မိုင်နိုတော အကြီးအမှုးချုပ်‌ေတာ့ တဖြည်းဖြည်း နီးကပ်သထက် နီးကပ်လာခဲ့ပါပြီ။ မကြာခင်မှာပဲ သူက  5 မီတာ အကွာ‌အ‌ေဝးအတွင်း ဝင်ရောက် လာခဲ့ပါပြီ။

ဒီစက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ရန်သူကို ကြည့်လိုက်ပြီး၊ မိုင်နိုတော အကြီးအမှုးချုပ်က သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး၊ အဲဒီလူကို အသားစတွေ အဖြစ်ပြောင်းလဲပစ်ဖို့ ပြင်လိုက်ပါတယ်။

ဒါပေမယ့် ဒီအချိန်မှာပဲ မိုင်နိုတော အကြီးအမှုးချုပ်က ဝတ်ရုံရှည်ဝတ်ထားတဲ့ ပုဂ္ဂိုလ်က သူ့ရဲ့ ခေါင်းစွပ်အောက်မှာရိှတဲ့ ပါးစပ်က အနည်းငယ်ပြုံးနေတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် မိုင်နိုတော အကြီးအမှုးချုပ် စိတ်ရှုပ်သွားခဲ့ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now