အပိုင်း (၄၃)

273 33 0
                                    

အပိုင်း ( ၄၃ )      ရေခဲ‌ပြင်နေ ကျား

ဒီအချိန်မှာတော့ ကိုဘိုးလ်ခေါင်းဆောင် ဒိုကီသည် ကျောက်ဖူရဲ့ အဓိကတိုက်ခိုက်ရေးသမားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ကျောက်ဖူ သူရဲ့အချက်အလက်တွေကို ကြည့်ပြီးတဲ့နောက် သူသည် S အဆင့်ဖြစ်ပြီး၊ အသွားတစ်ဖက်ဓါးကို အသုံးပြုသူတစ်ယောက်လည်းဖြစ်သည်။ ကျောက်ဖူဆီမှာ အသွားတစ်ဖက်ဓါးတွေကို သုံးတဲ့သူ အများကြီးမရှိတာကြောင့် သူက ဒိုကီကို ငွေအဆင့် အသွားတစ်ဖက်ဓါးတစ်ချောင်းကို ပေးခဲ့လိုက်သည်။

လုမိုင် သူ့ကို အတော်လေး ပညာပေးခဲ့တာကြောင့်ဒိုကီ စိတ်ဆင်းရဲသွားခဲ့သည်။ လုမိုင်နဲ့ တွေ့တဲ့အချိန်တိုင်း သူက ဦးအောင် တိမ်းရှောင်သွားခဲ့သည်။ လုမိုင် ဘာတွေလုပ်ခဲ့လဲဆိုတာကို ကျောက်ဖူ မသိခဲ့ပါဘူး။ ဒါပေမဲ့ သူပြန်ရောက်လာတဲ့အခါမှာတော့ ဒိုကီ က ဒဏ်ရာတွေနဲ့ နောက်ဆုံး ထွက်သက်ကို ရှူရှိုက်နေခဲရတာကိုသာ သူ တွေ့ခဲ့လိုက်ရသည်။

အခုအချိန်မှာတော့ မဟာ ချင် ကျေးရွာရဲ့အဓိကတာဝန်ဖြစ်တဲ့ စူးစမ်းရှာဖွေဖို့ကိုသာ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။

မီးခိုးလေးကို ခေါ်ဆောင်လာခဲ့ရခြင်းသည် ကျောက်ဖူအတွက် မလုပ်မဖြစ် လိုအပ်တဲ့အရာတစ်ခု ဖြစ်နေခဲ့ပါပြီ။ သူရဲ့ နှာခေါင်းက အခြားတိရိစ္ဆာန်တွေနဲ့ မျက်နှာစိမ်းပြင်ပရှာဖွေသူမျိုးနွယ်စုတွေကို ရှာဖွေရာမှာ အတော်လေး မြန်ဆန်တာကြောင့်ဖြစ်သည်။

မီးခိုးလေးက က လမ်းလျှောက်နေခဲ့ရင်း တစ်နေရာအရောက်မှာတော့ မြေပြင်ပတ်လည်ကို သူ့လက်နဲ့ ပုတ်နေခဲ့သည်။ ကျောက်ဖူ အနက်လေးကို စီးနင်းပြီး၊ သူ့နောက်ကနေ လိုက်သွားခဲ့လိုက်သည်။  ရုတ်တရက်ဆိုသလို မီးခိုးလေးက တစ်စုံတစ်ခု ရှာဖွေကို တွေ့ရှိသွားခဲ့ပါပြီ။ သူကရှေ့ကို ကြည့်လိုက်ပြီး ၊ခေါင်းကိုမော့ကာ အရေးကြီးတဲ့ အမူအရာနဲ့  ကျောက်ဖူကို ခနခန လှမ်းခေါ်နေခဲ့သည်။ ဆိုလိုတာကတော့ ရှေ့မှာ စွမ်းအားကြီးတဲ့သတ္တဝါ တစ်ကောင်ရှိနေတယ်လို့ ဆိုလိုတာပါ။

ကျောက်ဖူ ခေါင်းကိုညိတ်ပြလိုက်ပြီး၊ လူတိုင်းကို သတိထားဖို ပြောလိုက်ခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now