အပိုင်း (၁၆၇)

190 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၆၇ )
Chapter  167          သွေးစွန်းနေတဲ့ ဓါး

  ဆအား အသွားတစ်ဖက်ဓါး အလင်းတစ်ခုလို သူ့ရဲ့စစ်မြင်းနဲ့ တိုးဝင်လာပြီး၊ ရွာရဲ့ ခေါင်းဆောင်တစ်ယောက် ခေါင်းကို ဖြတ်ချလိုက်တဲ့ အခါမှာတော့ ချက်ခြင်းဆိုသလိုပဲ ပြတ်ထွက်သွားခဲ့ပါတယ်။ သူက ခေါင်းပြတ်ကို ဖမ်းယူလိုက်ပြီး၊ မြှောက်ပြလိုက်ကာ လူသားဘာသာစကားနဲ့ အော်ဟစ်လိုက်ပါတယ်။
“ မင်းတို့ရဲ့ ခေါင်းဆောင်သေပြီ။ ခုခံသူအားလုံးကို သတ်မယ်။ ”

တစ်ရွာလုံးက ဆအား ရက်စက်ကြမ်းကြုတ်တဲ့တိုက်ခိုက္မှုနဲ့ သူတို့ရဲ့ ခေါင်းဆောင် သေဆုံးသွားတာကို မြင်လိုက်ရတဲ့အခါမှာ‌ေတာ့ တစ်ရွာလုံး အလျင်အမြန်ပဲ လက်နက်ချဖို့ ရွေးချယ်လိုက်ပါ‌ေတာ့တယ်။

တိုက်ပွဲ ပြီးဆုံးသွားတဲ့ အခါမှာ‌ေတာ့ သူ့ရဲ့ လက်ထောက် တစ်ယောက် ရောက်လာပြီး၊ ဆအားကို သတင်းပို့လာခဲ့ပါတယ်။
“ အရှင် ဆအား၊ ဒီတစ်ကြိမ်မှာ‌ေတာ့ သုံ့ပန်း ၇၅၂ ယောက်၊ ကုန်ပစ္စည်းများစွာနဲ့ ကြေးဒင်္ဂါး ၁၀၀၀၀၀ ရရှိခဲ့ပါတယ်။ ဆုံးရှုံးမှုအနေနဲ့ ကျွန်တော်တို့ရဲ့စစ်သည် ၁၆၃ ယောက် ဒဏ်ရာရခဲ့ပြီး၊ ခုနစ်ယောက်သေသွားခဲ့ပါတယ်။ ”

ဒီစကားကိုကြားလိုက်ရတော့ ဆအား အနည်းငယ် ပျော်ရွှင်သွားခဲ့ပါတယ်။ များစွာသော သုံ့ပန်းတွေကို ဖမ်းဆီးရမိပြီးနောက် သူ့အနေနဲ့ ဒီလအတွက် သူ လုပ်ဆောင်ရမယ့် ခွဲတမ်းငါးပုံတစ်ပုံကို ပြီးဆုံးစေခဲ့လို့ပါပဲ။ အဲ့ဒီနောက် သူက အမိန့်‌ေပးလိုက်ပါတယ်။
" ကုန်စည်တွေနဲ့ ငွေကြေးတွေကို စစ်သည်တွေကို ခွဲဝေပေးလိုက်ပါ။ ဒဏ်ရာရသူတွေကို ဆေးအမြန်ကုပေးလိုက်ပြီး၊ ငါတို့ရဲ့ စစ်သည်အလောင်းတွေကို ကောင်းကောင်း မြုပ်နှံလိုက်ပါ။ ”

  မဟာ ချင် အခြားကျေးရွာတွေကို အိပ်သွန်ဖာမှောက် တိုက်ခိုက်ခြင်းကြောင့် သူတို့ရဲ့ စစ်သည်တွေဟာ တိုက်ခိုက်တဲ့ အကြိမ်တိုင်း ကြီးမားတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်ဘိုင်ချီက သူ့စစ်သည်တွေကို ရရှိလာတဲ့ ပစ္စည်းနဲ့ငွေကြေးတွေကို ခွဲဝေပေးဖို့ အမိန့်ပေးထားခဲ့တာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now