အပိုင်း (၁၇၁)

197 26 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၇၁ )
Chapter   171        အချုပ်အခြာ

  အဲ့ဒီလူငယ်က လမ်းလျှောက်ဝင်လာတဲ့အခါမှာတော့ မရေမတွက်နိုင်အောင် များပြားတဲ့ လူတွေက သူ့ ပတ်၀န်းကျင်ကို  ချက်ချင်းပဲ ပြုံးရွှင်စွာနဲ့ စုရုံးရောက်ရှိလာကြပြီး၊ သူတို့ရဲ့ နှစ်သက်အားပေးမှုကို ဖော်ပြဖို့ ကြိုးစား‌ေနခဲ့ကြပါတယ်။  လီဝူကို ခန်းမထဲကို လျှောက်ဝင်လာခဲ့ပုံပာာ မရေမတွက်နိုင်တဲ့ ကြယ်တွေက ဝိုင်းရံထားတဲ့ လ တစ်ခုလိုပါပဲ။

သူ့ ပတ်၀န်းကျင်မှာရှိ‌ေနတဲ့ အထက်တန်းစား လူတွေက သူ ယခင်က မော့ကြည့်ခဲ့ရတဲ့ သူတွေ ဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာတော့ သူတို့က သူ့ကို မယုံနိုင်လောက်အောင် လေးစားမှုရှိလာခဲ့ပြီး၊ သူ့ကို ဝမ်းသာအားရ မျက်နှာသာရဖို့ ကြိုးစား‌ေနခဲ့ကြပါတယ်။ အထက်တန်းစား လူတွေကို ကြည့်လိုက်ပြီး၊ သာမန်လူတစ်ဦး ဖြစ်တဲ့ လီဝူဟာ မယုံနိုင်လောက်အောင် ဝမ်းသာရွှင်လန်းသွားခဲ့ပါတယ်။

ဒါပေမယ့် အပေါ်ယံမှာ‌ေတာ့ လီဝူ နှိမ့်ချပြီး၊  ယဉ်ကျေးဟန် ဆောင်နေခဲ့ပါတယ်။ သူက  ရင်း မိသားစု တွေ့ရှိခဲ့တဲ့ အယောင်ဆောင် တစ်ယောက်သာ ဖြစ်ကြောင်း သူ့ကိုယ်သူ နားလည်ပါတယ်။ ဒီလူတွေက သူ့ရဲ့ ပုဂ္ဂိုလ်ရေး‌ကို လေးစားကြတာမဟုတ်ဘဲ မဟာ ချင်ရဲ့ အမွေခံ ဖြစ်တဲ့ဂုဏ်ပုဒ်ကြောင့်  မျက်နှာသာရဖို့ ကြိုးစားနေခဲ့ကြတာပါ။

သူ့အနေနဲ့ လုပ်ရမှာက ရင်း မိသားစုကို သူတို့ရဲ့စောင့်ရှောက္မှုနဲ့ အမှန်တကယ် အစွမ်းထက်တဲ့အတိုင်း မဟာ ချင်ရဲ့ အမွေခံ အဖြစ် ဆောင်ရွက်ဖို့ပါပဲ။ တစ်နေ့မှာတော့ သူဟာ ဒီလို အရေးပါပြီး၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဟာ သူ့ခြေရင်းကို အမှန်တကယ် ဦးညွှတ်ရမှာပါ။

ခန်းမရဲ့ အလယ်ဗဟိုကို ရောက်လာပြီးနောက် လီဝူဟာ ဇါတ်တိုက်လေ့ကျင်ထားသလို စင်ပေါ်ကို လျှောက်သွားခဲ့ပြီး၊ သူ့မျက်နှာပေါ်မှာ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချရတဲ့ အပြုံးတွေနဲ့ သူ ပြောလိုက်ပါတယ်။
“ အားလုံးပဲ၊ ကျွန်တော့်ရဲ့ ဧည့်ခံပွဲက ကြိုဆိုပါတယ်။ ဒီနေ့ ကျွန်တော့အနေနဲ့ တရားဝင် ရင်း မိသားစုဆီကို ပြန်‌ေရာက်လာတဲ့နေ့ဖြစ်လို့ ရင်း မိသားစု ကြီးထွားလာမယ့်နေ့ပါပဲ ။ မဟာ ချင် အင်ပါယာရဲ့ ဂုဏ်ကျက်အသရေက ပြန်လည် နိုးထလာတော့မှာပါ။ မဟာ ချင်ဟာ ယခင် ဂုဏ်ကျက်သရေကို ပြန်လည် ရောက်ရှိလာတော့မှာပါ။ မဟာ ချင်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေအနေနဲ့ များပြားလှတဲ့ အကျိုးကျေးဇူးတွေကို ခံစားရတော့မှာပါ။ ဒါပေမယ့် မဟာ ချင်ရဲ့ရန်သူတွေကတော့ ပြာတွေလို ပြန့်ကျဲပြီး၊ မီးခိုးတွေလို ပျံ့နှံ့‌ေပျာက်ကွယ်သွားရမှာပါ!”

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Kde žijí příběhy. Začni objevovat