အပိုင်း (၁၇၀)

194 17 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၇၀ )
Chapter  170        ကမ္ဘာကြီးကို သိမ်းပိုက်ခြင်း

အဲဒီနောက္မှာတော့ သူ့ရဲ့သက်တော်စောင့်ဟာ ငရုတ်သီးနဲ့ကြော်ထားတဲ့ အမဲသားတစ်ပွဲ၊ ထမင်းတစ်ပန်းကန်လုံးနဲ့ ပြန်‌ေရာက် လာခဲ့ပါတယ်။ ကျောက်ဖူ ချက်ချင်းပဲ မြန်မြန်ဆန်ဆန် လုပ်နေတာတွေကို လက်စသတ်ပြီး၊ သူ့ဗိုက်ကို ဝအောင်စားလိုက်ကာ ကောင်းကင်ဘုံ နိုးထခြင်းကမ္ဘာကို ပြန်သွားဖို့ ပြင်ဆင်ခဲ့ပါ‌ေတာ့တယ်။

ဒီအချိန်မှာတော့ ဝူချန်နန်ဟာ ကိုယ်ရံတော်အမျိုးသမီးအနည်းငယ်နဲ့အတူ ရောက်လာခဲ့ပါတယ်။ သူမက ကျောက်ဖူ အစာစားပြီးတာကို တွေ့လိုက်တဲ့အခါမှာ‌ေတာ့ ပြုံးပြလိုက်ပြီး၊ ပြောလိုက်ပါတယ်။ “ ကျောက်ဖူ ရှင်လိုက်ခဲ့ပါ။ ရှင့်ရဲ့ အမြင်တွေပွင့်သွားအောင် ကျမခေါ်သွားမယ်။"

ကေ‌ောက်ဖူ အတော်လေး အံ့ဩသွားခဲ့ပါတယ်။  "ငါ့ရဲ့ အမြင်တွေ ပွင့်သွားအောင် ငါ့ကို ခေါ်သွားမယ် ဟုတ်လား။"

ဝူချန်နန်က ပွဲတက်၀တ်စုံ ၀တ်စားထားပြီး၊ ဆံပင်တွေပြင်ထားကာ မိတ်ကပ်လူးထားတာကို သူ တွေ့လိုက်ရပါတယ်။ ဒါကြောင့် ယနေ့ည ပွဲအကြောင်းကို သတိရသွားခဲ့ပြီး၊ သူမ ဘာကိုဆိုလိုတယ် ဆိုတာကို သူ နားလည်သွားခဲ့ပါတယ်။

ကျောက်ဖူ ခေါင်းကို ခါလိုက်ရင်း ပြန်ပြောလိုက်ပါတယ်။
“ ငါ မသွားတာက အကောင်းဆုံးပဲ၊  မင်းတို့လိုကြီးမားတဲ့ ပုံရိပ်ရှိတဲ့သူတွေအတွက် ပွဲပဲ  မင်းဘာမင်းပဲ သွားပါ။ ငါ့လို သေးငယ်တဲ့ပုံရိပ်တွေက အဲ့ဒီ့နေရာကိုမသွားသင့်ဘူး။ "

ဝူချန်နန် က ရယ်မောလိုက်ရင်း ပြောလိုက်ပါတယ်။
“ ရှင့်ရဲ့အဆင့်အတန်းကို မှတ်မိ‌ေသးလား။ ကျွန်မက ရှင် ဘယ်လို ပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာကို မပြောနိုင်ပါဘူး။ ဒီနေ့ မဟာ ချင်ရဲ့ အမွေခံကို  ကြိုဆိုတဲ့ စားသောက်ပွဲပဲ။ ရှင်က ရင်း  မိသားစု ၀င်တစ်ဦး ဖြစ်လို့ သူ့ကို မတွေ့ချင်ဘူးလို့ ကျွန်မကိုမပြောပါနဲ့။ သူက ရင်း မိသားစုရဲ့အနာဂတ် ခေါင်းဆောင်ဖြစ်လာပြီး၊ ကြီးမားတဲ့ဩဇာအာဏာကို ပိုင်ဆိုင်လာမှာ။"

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now