အပိုင်း (၆၂)

257 35 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၆၂ )
Chapter  62          ကောင်းကင်ဘုံ ဆုတောင်းသူများ စင်္ကြန်(လျှောက်လမ်း)

"အစ်ကိုကြီး ချင်၊  ဒီညီငယ်လေးက မင်းဆီကိုလာပြီး လည်ပတ်တာပါ”

  ဆိုပြီး ချင်နင်ကို ပြုံးပြလိုက်ပြီး၊ ကျောက်ဖူ ပြောလိုက်သည်။

ချင်နင် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ ကျောက်ဖူ လာတဲ့ အချိန်တိုင်း လက်ဆောင်တွေ ယူလာတတ်တာကြောင့်ပါ။ အဲ့ဒီနောက် ချင်နင် မြန်မြန်ဆန်ဆန်ပဲ ပြန်ပြောခဲ့လိုက်သည်။

“ ညီအစ်ကို ကျောက် မြန်မြန်ပဲ ဝင်ခဲ့ပါ။"

ချင်နင် ကျောက်ဖူကို စိတ်မားထက်သန်စွာနဲ့ ဖိတ်ခေါ်လိုက်ပြီး၊ ဆက်မေးခဲ့လိုက်သည်။

“ ညီအစ်ကို ကျောက်၊ ဒီတစ်ခေါက် ငါ့ကို လာရှာတာ ဘာများရှိလို့လဲ "

ကျောက်ဖူ ချင်နင်းလက်ထဲကို နှင်းမြေခွေးသားမွှေးကို အရင်ထည့်ပေးလိုက်သည်။ ချင်နင်လက်ခံပြီးနောက် ညင်ညင်သာသာ ပွတ်သပ်လိုက်တဲ့အခါ နူးညံ့ပျော့ပျောင်းမှုဟာ ထွက်ပေါ်လာတဲ့  အတွက် ဒီသားမွှေးက ထူးကဲကောင်းမွန်တဲ့ အရည်အသွေးရှိတယ်ဆိုတာကို နားလည်လိုက်ပြီး၊ သူ့ကို အားရကျေနပ်သွားစေခဲ့သည်။

ချင်နင်ရဲ့ မျက်နှာကို အကဲခတ်လိုက်ရင်း၊ ကျောက်ဖူ ပြောလိုက်သည်။

"အစကိုကြီး ချင်၊ ကျွန်တော် စွမ်းအင် ကျောက်တုံး တစ်ချို့ ဝယ်ချင်လို့ပါ။" 

ချင်နင်  နှင်းမြေခွေးသားမွှေးကို ချစ်ခင်စွာ နဲ့ထိုးစွပွတ်သပ်‌ေနပြီး၊ ခေါင်းညိတ်လိုက်ကာ ပြန်မေးခဲ့သည်။

“ မင်း ဘယ်လောက် ၀ယ်ချင်တာလဲ”

“ ၁၀၀၀!”  ကျောက်ဖူ ပြန်ဖြေလိုက်ခဲ့သည်။

ဒီအရေအတွက်က ချင်နင်ကို ကြောက်လန့်သွားစေခဲ့သည်။ စွမ်းအင်ကျောက်တုံး ၁၀၀၀၊ ရွှေဒင်္ဂါးတသောင်း၊ ဒါဆို ကျောက်ဖူမှာ ငွေဘယ်လောက်တောင် ရှိနေတာလဲ။ ဒါပေမယ့် ဒီအကြောင်းကို သူ နည်းနည်းလောက် တွေးပြီးတဲ့နောက် ရက်အနည်းငယ် အတွင်း ဈေးဆိုင်တွေက ရတဲ့ငွေတွေက ဒီလောက်ရှိလိမ့်မယ်ဆိုတာကို သဘောပေါက်လာခဲ့သည်။ ကျောက်ဖူမှာ ငွေ အလုံအလောက် ရှိပေမယ့် ဒီလောက်အထိပစ္စည်းပမဏ ရဖို့အတွက်ကတော့ ချင်နင်ကို ခေါင်းကိုက်စေခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now