အပိုင်း (၁၃၁)

202 22 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၃၁ )
Chapter 131              တိုက်ခိုက်ချက် တစ်ချက်

“ ညီအစ်ကိုတို့၊ မင်းတို့နှစ်ယောက်ကြားမှာ ရန်ငြိုး‌ေတွရှိနေလို့လား။ မင်းအနေနဲ့ သူ့ကို သေစေချင်နေရင်တော့ လုပ်ပါ။ ဒီကိစ္စက အတော်လေး ခက်တယ်။" ဒီကိစ္စက တွေးမကြည့်ပဲနဲ့တောင် ကျင့်ကြံမှု အဆင့် ၀- ၃ ရှိတဲ့သူကို ကျင့်ကြံမှု ရက်ပိုင်းလောက်သာ ရှိနေသေးတဲ့ အဆင့် ၀ နဲ့ တိုက်ခိုက်ခိုင်းတာဟာ သေဖို့ပဲ ရှိတယ်ဆိုတာ ဒီလူကြီး ပြောနိုင်ပါတယ်။ ဂီနီယာ ရှင်သန်နိုင်မယ် ဆိုတာကို သူမယုံပါဘူး။ ဒါကြောင့် ဂီနီယာအတွက် ကျင့်ကြံမှု အဆင့် ၀-၃ ရောက်နေတဲ့ ပြိုင်ဘက်ကို ရှာနေတဲ့ ကျောက်ဖူက ဂီနီယာကို သတ်ဖို့ တစ်စုံတစ်ယောက်ကိုအသုံးပြုချင်‌ေနတယ်လို့ ထင်ခဲ့မိတာပါ။

ကျောက်ဖူ ပြုံးပြလိုက်ပြီး၊ အဲ့ဒီလူကြီးကို ဘာမှ ပြန်မပြောခဲ့ပါဘူး။ အဲဒီအစား သူက ဂီနီယာကို လှည့်ကြည့်ပြီး၊ မေးလိုက်ပါတယ်။
“ မင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလား”

“ ရှိပါတယ်၊ သခင်လေး”  ဂီနီယာ သူခေါင်းကို ငုံ့ပြီး၊ လက်နှစ်ဖက်ကို ဆုပ်ကာ ပြတ်သားစွာ ပြန်ဖြေခဲ့ပါတယ်။

   "အရှင် မင်းမြတ်" လို့ ခေါ်တာက သူ့အတွက် အလွန်အဆင်မပြေခဲ့တာကြောင့် သူ့ရဲ့ လက်အောက်ငယ်သားတွေကို "သခင်‌ေလး"လို့ခေါ်ဖို့ အမိန့် ပေးထားခဲ့တာပါ။ ဒီလို နာမည်မျိုးက အတော်အတန် ခေါ်လေ့ ရှိတာကြောင့် ဘယ်သူမှ သံသယဝင်မှာ မဟုတ်ပါဘူး။

ဒီစကားကို ကြားပြီးနောက် ကျောက်ဖူ လူကြီးဘက်ကိုလှည့်ကြည့်လိုက်ပြီး၊ ပြောလိုက်ပါတယ်။
“ အဆင့် ၀_၃ ပတ်လည်မှာရှိ‌ေနတဲ့ ပြိုင်ဘက်တွေကိုသာ ကြည့်လိုက်ပါ”

ကျောက်ဖူ အပြင်းအထန် တောင်းဆိုနေတဲ့အတွက် လူကြီးက စာရင်းထဲကိုကြည့်လိုက်ပါတယ်။ အဲ့ဒီနောက် လူကြီးက ပြောလိုက်ပါတယ်။
"ညီအစ်ကိုဖက်က သေချာရင် 'မကောင်းဆိုးဝါး အာဏာရှင်' လို့ခေါ်တဲ့ အဆင့် ၀-၃ ထိပ်ဆုံးကို ရောက်နေတဲ့ တစ်ယောက်နဲ့ လာမယ့်ပွဲမှာ စီစဉ်ပေးပါ့မယ်။ သူတိုက်ဖို့ ထွက်သွားပြီးရင်တော့ငါ့ကို အပြစ်မတင်ပါနဲ့။ "

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now