အပိုင်း (၁၁၄)

204 27 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၁၄ )
Chapter 114           မသေမျိုး ကပ်ဆိုးကြီး

ဒီလိုမျိုး အရှေ့တိုင်း အဆောင်တွေဆိုတာက  အတော်လေး ရှားပါးပါတယ်။  အမှန်တကယ်မှာတော့ ဒီကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးမှာ အစစ်အမှန်ကမ္ဘာအနှံ့မှာရှိတဲ့ ဓလေ့ထုံတမ်းတွေ၊ယဉ်ကျေးမှု‌ေတွနဲ့ ပြည့်နှက်နေတာကြောင့် ဒီလို အရာမျိုး ရှိနေတာကတော့ မထူးဆန်းပါဘူး။ ပြီးအလွန်ထူးဆန်းခြင်းမရှိပေ။ ကျောက်ဖူ  ဒီလိုအရာမျိုး‌ေတွကို ကြိမ်ဖန်များစွာ မြင်ဖူးထားခဲ့တာပဲ။ မဟုတ်ပါလား။

မွန်းစတားတွေရဲ့ နေရာကူးပြောင်းခြင်း အဆောင်က အလွန်အသုံး၀င်ပုံ မပေါ်‌ေပမယ့်  C- အဆင့် ကျွမ်းကျင်မှုစွမ်းရည်စ‌ေကး‌ေလာက်‌ေတာ့ တန်ဖိုး ရှိပါတယ်။ ဒါပေမယ့် ကျောက်ဖူ စဉ်းစားပြီးတဲ့နောက် မထင်မှတ်တဲ့ အခြေအနေတွေမှာ အသုံးချနိုင်ကြောင်း တွေးလိုက္မိပါတယ်။

ဥပမာအနေနဲ့ မသေမျိုး ကပ်ဆိုးကြီးတွေကျရောက်လာခဲ့ပါက ဒီလို အဆောင်တွေက အတော်‌ေလး အသုံးဝင်မှာပလ။ ဒီလို အဆောင် တစ်ခုတည်းကပင် ကီလိုမီတာ ၁၀၀၀လောက် ရှင်းထုတ်နိုင်တဲ့အတွက် ဒီလိုအချိန်တွေမှာ အတော်လေး အသုံးဝင်မှာပါ။၊

အဲ့ဒီ့နောက် ကျောက်ဖူ ညှိုးခြောက်နေတဲ့ဝက်ဝံ
အလောင်းကို သူ့ရဲ့ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပါတယ်။ ရောက် က ကျွမ်းကျင်မှု သိပ်မရှိသေးပေမယ့် ရွှေ အဆင့်ပစ္စည်းကိရိယာတွေ လုပ်နိုင်နေပါပြီ။ ရောက် အနေနဲ့ ဒီလို ရွှေအဆင့် ပစ္စည်းကိရိယာတွေ လုပ်ရင်တော့ အချိန်အတော်‌‌ေလးယူရပြီး၊ ခန့်မှန်းခြေ လဝက်လောက် ကြာတတ်ပါတယ်။

  ကျောက်ဖူ ဒီလိုအချိန်မှာ ကုန်းစွန်းလင်း အကြောင်းကို မတွေးပဲ မနေနိုင်ခဲ့ပါဘူး။ သူမက ဒီလို ပစ္စည်းကိရိယာတွေ သွန်းလုပ်တဲ့ နေရာမှာ ပါရမီပြါ့ီး၊ S အဆင့်နဲ့ အလုပ်အကိုင် အပိုဆု တွေ ရထားတဲ့ ရောက် တောင်မှ သူမကို မယှဉ်နိုင်ပါဘူး။

  ယခင်အချိန်က သူမ ဒီရွှေ အဆင့် ပစ္စည်းကိရိယာ‌ေတွ လုပ်ခဲ့တုန်းက တစ်ပတ်လောက်သာ အချိန်ယူခဲ့ရပြီး၊ အဲ့ဒီလို ရွှေ အဆင့် ပစ္စည်း ကိရိယာကို ပြုလုပ်တာကလဲ ပထမဆုံး အကြိမ် ဖြစ်ဖို့ များပါတယ်။ ဒါကြောင့် သူမ အနေနဲ့ ရောက် ထက်နှစ်ဆလောက် ပိုမြန်‌ေနတာကြောင့်   ကျောက်ဖူ သူ့မရဲ့ စွမ်းရည်ကို မချီးကျူးပဲ မနေနိုင်ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now