အပိုင်း (၁၀၅)

228 22 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၀၅ )
Chapter 105      ရုပ်တု ဆယ့်နှစ်ခု

  မွန်းစတားရဲ့နှလုံးကို သူ့ဓါးက ထိုးဖောက်သွားပြီးနောက် ကျောက်ဖူ သူ့ရဲ့ဖုံးကွယ်ထားတဲ့ဓါးကို  ပြန်သိမ်းလိုက်ပြီး၊ ချက်ခြင်းပဲ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ အဲ့ဒီ့ မွန်းစတားဟာ မြေပေါ် ကိုလဲကျသွားပြီး၊ မီးခိုးတွေ အဖြစ်ပြောင်းလဲသွားကာ လေထဲမှာပျောက်ကွယ်သွားခဲ့ပါပြီ။ မွန်းစတားကနေပြီး၊ ၅စင်တီမီတာလောက်ရှိတဲ့ မီးခိုးရောင် ‌စတုဂံပုံ သလင်းကျောက်တစ်လုံး ကျလာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မွန်းစတား သေသွားခဲ့တဲ့အတွက် ကျောက်ဖူ အသက်ဝဝရှူ ခဲ့လိုက်ပါတယ်။ သူ မြေပေါ်မှာ ရှိ‌ေနတဲ့ မီးခိုးရောင်သလင်းကျောက်တုံးကို တွေ့လိုက်ပါတယ်။ သူ လျှောက်သွားပြီး၊ သလင်းကျောက်ကို ကောက်ယူကြည့်လိုက်တဲ့ အခါမှာတော့ သူ မျက်နှာပေါ်မှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ဖြစ်သွားခဲ့ပါတော့တယ်။

[ပရလောက နတ်ဆိုး သလင်းကျောက်]:
ပစ္စည်းတစ်ခုကို ပေါင်းစပ်ခြင်းဖြင့် [ပရလောက နတ်ဆိုးရဲ့ စွမ်းအား] ကို ရနိုင်သည်။

ပရလောက နတ်ဆိုး စွမ်းအားပါဝါ ဟာ မွန်းစတားရဲ့ စွမ်းအား ဖြစ်ဖို့ များပါတယ်။ ဒီ မွန်းစတားက ပရလောက နတ်ဆိုး ပါပဲ။ ကျောက်ဖူ ဒီမွန်းစတားဟာ ဘာ်လို အမျိုးအစားသတ္တဝါလဲ ဆိုတာ သိချင်နေခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ သူ ဒီ ပရလောက နတ်ဆိုး သလင်းကျောက်ကို ပစ္စည်းတစ်ခုထဲ ပေါင်းစပ်လိုက်ရင် ဘာဖြစ်လာမလဲဆိုတာ သိချင်နေခဲ့ပါတယ်။ ဒီအချိန်မှာ သူ့ရဲ့ဖုံးကွယ်ထားတဲ့ ဓါး‌ေတွနဲ့ ဝတ်စုံတွေက အဖြူရောင်အဆင့် သာရှိ‌ေနပါသေးတယ်။ ဒါကြောင့် ပရလောက နတ်ဆိုးရဲ့ သလင်းကျောက်ကို သူတို့နဲ့ ပေါင်းစပ်လိုက်ပါက အလဟဿ ဖြစ်သွားမှာပါ။‌ ေကျာက်ဖူ သူ့မှာ အခြားအဆင့်မြင့် ပစ္စည်းတွေ ရှိပေမယ့် ဒီ ပရလောက နတ်ဆိုး သလင်းကျောက်ကို ပေါင်းစပ်ဖို့ဆိုတာက လုပ်ကြံသတ်ဖြတ်သူတွေရဲ့ ပစ္စည်းကိရိယာတွေနဲ့ ပိုပြီးသင့်တော်တယ် တွေးလိုက်မိပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now