အပိုင်း (၁၅၈)

201 23 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၅၈ )
Chapter 158      နတ်ဆိုး နေလုံး 

ကျောက်ဖူ သူ့လက်တစ်ဖက်က ဓါးကို ကိုင်ထားပြီး၊ နောက်လက်တစ်ဖက်က နောက်ပစ်ထားခဲ့ပါတယ်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ ရွှေရောင်အလင်းတွေနဲ့ တောက်ပခဲ့ပ့တယ်။ သူ့ရဲ့ သွေးနီရောင် မျက်လုံးတွေက အဖိုးတန်တဲ့ ကျောက်မျက်တွေလို တောက်ပနေခဲ့ပြီး၊ ရှီဂျင်းကို အေးစက်စွာ စိုက်ကြည့်နေခဲ့ပါတယ်။

ရှီဂျင်း လေထဲမှာ ရပ်နေခဲ့ပြီး၊ သူ့ရဲ့ ခန္ဓာကိုယ်ဟာ အပြာရောင်မီး‌ေတာက်နဲ့ သွေးနီရောင် မီးတောက်တို့က တောက်လောင်နေခဲ့ပါတယ်။  သူ့ရဲ့ ကိုယ်ခန္ဓာထဲကို မြို့အစောင့် အယောက်တစ်သိန်းရဲ့ စွမ်းအား‌ေတွ စီးဝင်လာပြီးနောက် သူဟာ နတ်ဘုရားကို‌ေတာင် သတ်နိုင်တဲ့ သန်မာမှုမျိုး ရှိနေခဲ့ပါပြီ။ သူကိုယ်တိုင်တောင် သူ ဒီလောက် အစွမ်းထက်လာတယ် ဆိုတာကို အံ့အားသင့်နေခဲ့တာပါ။

ဒီအချိန်မှာတော့ ကျောက်ဖူ သူ့လက်ထဲမှ ဓါးကို တဖြေးဖြေး ‌ေမြှာက်လိုက်ပြီး၊ သူ့ရဲ့ခန္ဓာကိုယ်ဟာလည်း ရွှေရောင် အလင်းတန်း တစ်ခုလို ဖြစ်သွားခဲ့ကာ ရှီဂျင်းဆီ တိုးဝင်သွားခဲ့ပါတယ်။ ရှီဂျင်းရဲ့အမူအရာတွေဟာ အေးစက်လာခဲ့ပြီး၊   သူ့ရဲ့အသွားတစ်ဖက် ဓါးရှည်ကို ဆုပ်ကိုင်ကာ သူ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ အပြာရောင်နဲ့ သွေးနီရောင် အလင်းတန်း အဖြစ်ပြောင်းလဲသွားကာ ကျောက်ဖူဆီကို တဟုန်ထိုး ပြေးဝင်လိုက်ပါပြီ။

ဘုန်း !!!

အလင်းတန်းနှစ်ခု ထိပ်တိုက်‌ေတွ့ဆုံသွားတဲ့ အခါမှာတော့ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာခဲ့ပြန်ပါတယ်။  မျက်စိကန်းသွားစေနိုင်တဲ့ အဖြူရောင်အလင်းက ထွက်ပေါ်လာခဲ့ပြီး၊ အဖျက်စွမ်းအား‌ေတွ ပါဝင်နေတဲ့ လှိုင်းတွေက အပြင်ဘက်ကို ရိုက်ခတ်လာပါတော့တယ်။ မြေပြင်ဟာ ဖျက်ဆီးခံလိုက်ရပြီး၊ မရေမတွက်နိုင်အောင် များပြားလှတဲ့ သတ္တဝါတွေဟာ နေရာအနှံ့ကိုဝရုန်းသုန်းကား  ထွက်ပြေးသွားကြတာ‌ေကြာင့် သစ်ပင်တွေလည်း ဖျက်ဆီးခံလိုက်ရပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now