အပိုင်း (၂၉)

284 32 1
                                    

'အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၂၉ )
Chapter 29         အရိုးစု သံချပ်ကာဝတ် မြင်းစီး တပ်ဖွဲ့

ကျောက်ဖူနဲ့ သူ့လူတွေသည် မှောင်မိုက်နေတဲ့ လမ်းမကြီးအတိုင်း လျှောက်လာလိုက်ခဲ့ကြသည်။ သိပ်မကြာခင်မှာပဲ သူတို့တွေသည် အရိုးစုအုပ်စုတစ်စုနဲ့ ရင်ဆိုင်တွေဆုံခဲ့ကြသည်။ အဲ့ဒီအရိုးစု အုပ်စုက အရိုးစု ၁၁ ယောက်ရှိနေခဲ့ပြီး၊ အရိုးစု ၅ ယောက်သည် အရိုးစု ဒိုင်းကိုင်စစ်သည်တွေဖြစ်ကြပြီး၊ ၆ ယောက်မှာ အရိုးစုခြေလျင်စစ်သည်တွေပဲဖြစ်သည်။ ဒီအရိုးစုတွေက အသက်ပြန်ဝင်လာပြီးနောက် ကျောက်ဖူရဲ့တပ်ဖွဲ့‌ဆီကို မြန်မြန်ဆန်ဆန်နဲ့  ပြေးဝင်လာခဲ့ကြသည်။

ဒီအချိန်မှာပဲ ဂေါ်ဗလင်တိုက်ခိုက်ရေးသမား ၁၀ယောက်က ဒိုင်းတွေကို နံရံအဖြစ် လုပ်ဆောင်လိုက်ခဲ့ကြသည်။ သူတို့ကိုင်ဆောင်ထားတဲ့ ဒိုင်းတွေက ၆ပေ အမြင့်၊ ၄ပေ လောက် ဗျက်ကျယ်ပြီး၊ အထူကတော့ ၁၀ စင်တီမီတာ (၆ လက်မ) နီးပါးလောက် ရှိနေခဲ့ကြသည်။ ဒါပေမဲ့ ဒီလမ်းကြောင်းက  ၁၀မီတာ (ပေ၃၀) ကျော်လောက်ပဲ အကျယ်ရှိနေခြဲတာကြောင့် ဂေါ်ဗလင်တိုက်ခိုက်ရေးသမား တစ်ယောက်က နောက်ဆုတ်နေခဲ့ရသည်။ ဒီဒိုင်းနံရံက အရိုးစုစစ်သည်တွေကို လုံးဝရပ်တန့်သွားအောင်  တားဆီးထားနိုင်ခဲ့သည်။

အရိုးစု ဒိုင်းကိုင်စစ်သည်တွေက ဘယ်လောက်ပဲ တွန်းအားပေးနေပါစေ ဂေါ်ဗလင်တိုက်ခိုက်ရေးသမားတွေက မရွေ့ပြောင်းနိုင်တဲ့ တောင်ကြီးတွေလို မားမားမတ်မတ် တောင့်ခံထားခဲ့ကြသည်။

ကျောက်ဖူ ဒီအခြေအနေကိုတွေ့တဲ့အခါမှာတော့  အတော်လေး စိတ်ကျေနပ်သွားခဲ့သည်။ အဲ့ဒီနောက် သူက အရိုးစုစစ်သည်အချို့ ၀င်လာနိုင်ဖို့အတွက် အပေါက်တစ်ခု ဖွင့်ဟပေးဖို့  သူ့လူတွေကို အမိန့်ပေးခဲ့လိုက်သည်။

ဂေါ်ဗလင်တိုက်ခိုက်ရေးသမားတွေထဲက အလယ်မှ ၂ ယောက်သည် သူ့အမိန့် နာခံလိုက်ကြပြီး၊ သူတို့ရဲ့ ဒိုင်းတွေကို နေရာ အနည်းငယ် ရွှေ့ပေးခဲ့လိုက်သည်။ ဒီအချိန်မှာတော့ အရိုးစုအချို့က အဲ့ဒီနေရာကို ဖိတွန်းလိုက်လိုက်တာကြောင့် အချိန်ကိုက်ညီသွားခဲ့ပြီး၊ အရိုးစု အချို့သည် အဲ့ဒီအပေါက်ထဲကို ‌ဝင်ရောက်လာခဲ့ကြသည်။ အဲ့ဒီနောက် ဂေါ်ဗလင်ဒိုင်းကိုင်စစ်သည်တွေက အဲ့ဒီအပေါက်ကို မြန်မြန်ဆန်ဆန်နဲ့ ပြန်ပိတ်ဆို့လိုက်ကြသည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Hikayelerin yaşadığı yer. Şimdi keşfedin