အပိုင်း (၁၄၄)

209 23 0
                                    

'အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၄၄ )
Chapter 144           နတ်စစ်သူကြီး

ဒီလို မြင်းစီးသူရဲ‌ေတွက ရှမ်ဘိုင် တပ်ဖွဲ့ရဲ့နောက်ကွယ်မှထိုးဖောက် တိုက်ခိုက်လာခဲ့ပါပြီ။ ဒီလိုပဲ ထိုးဖောက်လာတဲ့ တိရိစ္ဆာန်တွေရဲ့ရုန်းရင်းဆန်ခတ်မှု‌ေတွနဲ့  စိတ်ဓာတ်၊ အချက်အလက်တွေနဲ့ ပစ္စည်းကိရိယာ‌ေတွ ကွာခြားမှုတို့ကြောင့် ရှမ်ဘိုင် တပ်ဖွဲ့ ရှုံးနိမ့်သွားခဲ့ပါပြီ။

လော့ယူ သူ့ရဲ့ ပျက်စီးနေတဲ့ ရွာအခြေအနေကို မြင်တဲ့အခါမှာ‌ေတာ့ ဟူ့ကို သတ်ဖို့ပြေးဝင်လာကြတဲ့ စစ်သည် အနည်းငယ်ကို ရက်စက် ကြမ်းတမ်းစွာ သိမ်းကြုံးကန်နေခဲ့ပါတယ်။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ပဲ အင်အားကြီးမားတာကြောင့် ဒိုကီ သူရဲ့လှံကို ဆုပ်ကိုင်ကာ သူ့နဲ့ ထိပ်တိုက်ဖို့ လုပ်ခဲ့ပါတယ်။

ဘိုင်ချီ အဖြူရောင် ဝတ်စုံကိုဝတ်ဆင်ထားပြီး၊ သူ့ဘေးမှာတော့ သွေးနီရောင် ရှိနေတဲ့ ဓါးတစ်‌ေချာင်း ရှိနေခဲ့ပါတယ်။ သူက ကြီမားတဲ့ အနက်ရောင် မြင်းကြီးကို စီးထားပြီး၊ တိုက်ပွဲကို အေးအေးဆေးဆေး ကြည့်‌ေနခဲ့ပါတယ်။ နေရာတိုင်းမှာ‌ေတာ့ သတ်ဖြတ်မှုတွေ ပြည့်နေခဲ့ပါပြီ။ ရှမ်ဘိုင် စစ်သည်တွေက ရဲစွမ်းသတ္တိရှိကြပေမယ့် သူတို့ ပြန်တိုက်ခိုက်လို့ မနိုင်‌ေတာ့ပါဘူး။ ဒါကြောင့် တချို့စစသည်တွေက ထွက်ပြေး နေခဲ့ကြပါပြီ။

နောက်ဆုံးမှာတော့ ဘိုင်ချီရဲ့ အကြည့်က လော့ယူပေါ်  ကျ‌ေရာက်သွားခဲ့ပြီး၊ ဒိုကီသူ့ကို စတင်တိုက်ခိုက်တော့မှာကို မြင်တဲ့အခါမှာ‌ေတာ့ ဘိုင်ချီ  ပြောလိုက်ပါတယ်။
" ဒိုကီ။ နောက်ဆုတ်။"

ဒီတိုက်ပွဲဟာ စစ်သည်တွေ အနည်းနဲ့ အများ လေလွင့်မှု မရှိရအောင် သူ့အနေနဲ့  ဒီစစ်ပွဲကိုတတ်နိုင်သလောက် မြန်မြန်ပြီးအောင် လုပ်ရမှာ မလို့ပါပဲ။ ဒါကြောင့် ဘိုင်ချီ ကိုယ်တိုင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့လိုက်တာပါ။

ဘိုင်ချီ သတ်ဖြတ်မှုခုနစ်ခုဓါးကိုသူ့ဘေးမှ ဆွဲယူလိုက်ပြီး၊ မြင်းတင်ပါးပို ခြေထောက်နဲ့ တို့လိုက် ဖြင့်ပါတယ်။ အဲ့ဒီ့နောက် စစ်မြင်းက အနက်ရောင် မှုန်ဝါးပြီး၊ ရှေ့ကို တိုးဝင်သွားပါတော့တယ်။ 

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now