အပိုင်း (၁၄၈)

204 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၄၈ )
Chapter 148         ထာဝရ ည

ဒေသသစ်တစ်ခုကို သွားဖို့ လမ်းကြောင်းကို ဖွင့်လှစ်တဲ့ လုပ်ငန်းစဉ်ကို ယခင်ကအတိုင်း ဆောင်ရွက်ခဲ့ပြီး၊ မကြာမီမှာပဲ ကျောက်ဖူ အရှေ့ဖက် အစိမ်းရောင် ဒေသကို ရောက်ရှိလာခဲ့ပါပြီ။  မြေပေါ်မှာ ရှိ‌ေနကြတဲ့ ကျောက်တုံး၊ ကျောက်ဆောင် တွေဟာ စိမ်းလန်းစိုပြည်နေတဲ့ ရေညှိတွေနဲ့ ဖုံးလွှမ်းထားပြီး၊ သစ်ပင်အနည်းငယ်သာ ရှိနေခဲ့ကာ ဒီနေရာမှာတော့ ချောင်းငယ်‌ေတွ များစွာရှိနေခဲ့ပါတယ်။  တစ်ခါတစ်ရံ လေထဲမှာ မြူတွေ ပြည့်နေတတ်တာကြောင့် ဒီနေရာက အိပ်မက္ ဆန်ဆန်လှပနေခဲ့ပါတယ်။

အရှေ့ဖက် အစိမ်းရောင် ဒေသမှာတော့ တောင်ပိုင်း အလင်းမြို့တော်၊ကောင်းကင်ဘုံ ကျောက်တုံးမြို့တော်၊ နေကိုးစင်းမြို့တော်နဲ့  မြင်‌ေနရတဲ့ ရေ မြို့တော် ဆိုပြီး၊ အဓိကမြို့ကြီးလေးမြို့ရှိနေခဲ့ပါတယ်။

ကျောက်ဖူ ယခင်မြို့တွေလိုပဲ မြို့ကြီး‌တွေကို လှည့်ပတ်လေ့လာခဲ့ပြီး၊ ဒီနေရာမှာတော့ အထူးကောင်းမွန်တဲ့ ရေချိုငါး အမျိုးအစား တစ်မျိုးကို ဒေသထွက်အဖြစ် တွေ့ရှိခဲ့ရပါတယ်။ ဒီငါးတွေကို အရှေ့ဖက် အစိမ်းရောင်ဒေသရဲ့ ချောင်း အများစုမှာ တွေ့ရ‌ေလ့ရှိပြီး၊ ဒီငါးတွေက သာမန်မြက်ပင်တွေနဲ့ ဆင်တူကာ အနည်းငယ် အရွယ်အစားသေးငယ်ပါတယ်။ သူတို့ရဲ့ အသားတွေဟာ မယုံနိုင်လောက်အောင် အရသာရှိပြီး၊ နူးညံ့တာကြောင့် လူတွေက ကြိုက်နှစ်သက်ကြပါတယ်။

အဓိကမြို့ကြီးတွေမှာ ရှိ‌ေနတဲ့ ကုန်ပစ္စည်းတွေကို ကြည့်ပြီးတဲ့နောက် ကျောက်ဖူ သူ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ဖို့နဲ့ စားသောက်ဆိုင်ဖွင့်ဖို့ အတွက် မြေနေရာတွေကို ဝယ်ယူဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီ့နောက် သူ အဓိကမြို့ကြီး (၄) ခုအနက္မှ မြို့တစ်ခုဖြစ်တဲ့ ကောင်းကင်ဘုံကျောက်တုံး မြို့တော်ကို ရောက်သွားခဲ့ပြီး၊ အဲ့ဒီ့မြို့မှာရိှတဲ့ ကစားသမားအရေအတွက်ဟာ အခြားမြို့ (၃) မြို့မှာ ရှိနေတဲ့  ကစားသမားအရေအတွက်ထက် နည်းပါးနေတယ် ဆိုတာကို တွေ့ရှိခဲ့လိုက်ပါတယ်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now