အပိုင်း (၃၈)

266 34 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၃၈ )
Chapter  38         မြင်းများ

ဒီစစ်သည် ၆၀၀ ထဲတွင် အက်ကြောင်းကြီးရဲ့ အောက်ခြေမှာ ရှိနေကြတဲ့ စစ်သည်တွေနှင့် ကျေးရွာတွေ စောင့်ကြပ်ဖို့ တာဝန်ပေးထားတဲ့  စစ်သည်တွေ မပါဝင်ခဲ့ပါဘူး။ တကယ်လို့ အားလုံးသာ ပေါင်းလိုက်ပါက ကျောက်ဖူမှာ စုစုပေါင်း စစ်သည် အင်အား ၇၂၀ ဝန်းကျင်ရှိနေခဲ့ပါပြီ။ ဒါပေမဲ့ သူတို့ရဲ့အရေအတွက်က များပြားလာခဲ့ပေမယ့် အော့စ်လူဘီလူး ၅၀၀၀ ကို ကိုင်တွယ်ဖို့အတွက်တော့ လုံလောက်မှု မရှိသေးပါဘူး။

ကျောက်ဖူ ဒီစစ်သည်အသစ် ၃၀၀ ကို ရက်အနည်းငယ်လောက် လေ့ကျင့်သင်ကြားပေးဖို့အတွက် ဘိုင်ချီကို တာဝန်ပေးခဲ့လိုက်သည်။

ဒီရက်အနည်းငယ်အတွင်းမှာ ကျောက်ဖူသည် မဟာ ချင် ကျေးရွာတစ်ဝိုက် ကီလိုမီတာ ၂၀ လောက်ကို လေ့လာခဲ့ပြီး၊ မည်သည့်ရွာကိုမျှ ရှာမတွေ့ခဲ့ပါ။ ဒါပေမဲ့ သူက သတ္တုတွင်း အသေးအချို့ကိုတော့ ရှာဖွေတွေ့ရှိခဲ့သည်။ အဲ့ဒီကိစ္စအပြင် အခြားအရင်းအမြစ်တွေကိုတော့ ‌ရှာမတွေ့ခဲ့ပါဘူး။ ဒီအခြေအနေက ကျောက်ဖူကို အတော်လေး စိတ်ပျက်သွားစေခဲ့သည်။ မဟာ ချင်  ကျေးရွာကို ပြန်လာပြီးနောက် သူက သူ့စစ်သည်တွေကို စုစည်းခဲ့သည်။ အဲ့ဒီနောက် သူက စစ်သည်၆၀၀ ကို ခေါ် ဆောင်လာခဲ့ကာ မဟာ ချင် ကျေးရွာပတ်လည် ကီလိုမီတာ ၂၀ အဝန်းအဝိုင်းရဲ့ အပြင်ဖက်ကို ထွက်ခွာလာခဲ့သည်။

ဒီအချိန်မှာတော့ မီးခိုးလေးက လမ်းလျှောက်သွားရင် မြေပြင်ကို သူ့လက်နဲ့ ပုတ်နေခဲ့သည်။ သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မည်သည့်အရာမျှ ရှာမတွေ့ခဲ့ပါဘူး။

“ အာဝူး …”

  ဒီအချိန်မဗာတော့ မီးခိုးလေး ရုတ်တရက်ဆိုသလို တစ်စုံတစ်ခု ရှာဖွေတွေ့ရှိသွားခဲ့သလိုမျိုး အူသံပေးခဲ့လိုက်ပြီး၊ ကျောက်ဖူရဲ့ အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။  ကျောက်ဖူ အချက်ပြလိုက်ပြီးနောက် သူက အနံ့ရတဲ့ဆီကို ချက်ချင်းပဲ ပြေးလွှားထွက်ခွာသွားခဲ့သည်။

အဲ့ဒီနောက် ကျောက်ဖူနှင့် သူ့လူတွေက မီးခိုးလေးနောက်ကို အပြေးအလွှားလိုက်ပါသွားခဲ့ကြသည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)حيث تعيش القصص. اكتشف الآن