အပိုင်း (၅)

628 51 1
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၅ )
Chapter 5           ရာပေါင်းများစွာသော အတွေးအခေါ်များ ပညာသင်ကျောင်း

"ဘုရင်မင်းမြတ်  မဟာ ချင် အင်ပါယာ မင်းဆက် ပျက်သုန်းပြီးနောက် ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ကို ပြောပြနိုင်မလား ခင်မျာ"

ဆိုပြီး၊ ဘိုင်ချီက သူလက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး၊ အရိုအသေပေးကာ မေးမြန်းခဲ့လိုက်သည်။

ကျောက်ဖူ ပြန်ပြောလိုက်သည်။

“ ချင်မင်းဆက် ကုန်ဆုံးပြီးနောက် ချူ နဲ့ ဟန် တွေက သူတို့ရဲ့ အကျိုးစီးပွားအတွက်
ဆက်လက် တိုက်ခိုက်ခဲ့ကြတယ်။အဲ့ဒီနောက် တော့ အရှေ့ ဟန်အင်ပါယာကနေပြီး၊ တိုင်းပြည်သုံးခုခွဲ ထွက်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာလည်း  တခြားတိုင်းတစ်ပါးသား(မွန်ဂိုဟု ဆိုလိုချင်)တွေရဲ့ ရုတ်တရက်ကျူးကျော်မူတွေက တရုတ်ကို ဘေးအန္တရာယ် ကြီးကြီးမားမားကျရောက်စေခဲ့တယ်။ နောက်တော့ ဝေ၊ ဂျင် နှင့် မြောက်ပိုင်းနှင့်တောင်ပိုင်းမင်းဆက်တွေ ထွက်ပေါ်လာခဲ့တယ်။"

"ဘာကြောင့်လဲ။ ခမ်းနားပြီး၊ ဂုဏ်ကျက်သရေမြင့်မားတဲ့ ငါတို့ရဲ့တိုင်းပြည်ကို တခြားတိုင်းတစ်ပါးသား လူမျိုးစုတွေက အနိုင်ကျင့်တာ ကို ခံခဲ့ရတယ်၊ ဟုတ်လား ” 

ကျောက်ဖူ ပြောတာကို ဘိုင်ချီ မခံစားနိုင်တော့ဘဲ ပြန်ပြောနေခဲ့မိတာပါ။ အဲ့ဒီနောက် သတိပြန်ဝင်လာခဲ့ပြီး၊ ကျောက်ဖူကို ချက်ချင်းပဲ ပြန်တောင်းပန်လိုက်ခဲ့သည်။

ကျောက်ဖူ ခေါင်းကိုခါပြလိုက်ပြီး၊ ဆက်ပြောနေခဲ့သည်။ သူက တရုတ်ဟာ တော်ဝင် ချင် မင်းဆက်ပြီးနောက် တိုင်းတစ်ပါးသားတွေရဲ့ အနိုင်ကျင့်မူကို ကြာရှည်စွာ မခံစားခဲ့ရကြောင်း  ဆက်ရှင်းပြလိုက်သည်။ ချင် မင်းဆက်အုပ်ချုပ်မူကာလအတွင်း စစ်အတတ်သင်ကျောင်းများ၊ ဥပဒေရေးရာကျောင်းများ၊ သံတမာန် အတတ်သင်ကျောင်းများ၊ တာအိုကျောင်းများ၊ ကွန်ဖြူးရှပ်ကျောင်းများနှင့် မိုဟစ် အတွေးအခေါ်ကျောင်းများစသည့် ရာပေါင်းများစွာသောအတွေးအခေါ်ပညာသင်ကျောင်းများနှင့် ပါရမီရှင်များ ပါ၀င်သည့် ကြယ်စင်စု ခေတ်တစ်ခု ဖန်တီးနိုင်ခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now