အပိုင်း (၁၄၅)

221 26 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၄၅ )
Chapter 145                 ရှမ်းဘိုင် မျက်ရည်စက်

ဒီအဆင့်မြင့် ကျေးရွာကို သိမ်းပိုက်ပြီးနောက်  များပြားလှတဲ့ အတွေ့အကြံရမှတ်တွေ ရရှိခဲ့တာ‌ေကြာင့် မဟာ ချင် မြို့ဟာ ဒီလိုမြို့တွေ နောက်ထပ်အနည်းငယ်လောက် သိမ်းပိုက်နိုင်ခဲ့ရင်တော့ အဆင့်တက်ဖို့ဆိုတာက သိပ်မကြာနိုင်ပါဘူး။ ဒါပေမယ့် ဒီလို အတွေ့အကြံရမှတ်တွေရနိုင်တဲ့ အဆင့်မြင့်ကျေးရွာမျိုး တစ်ရွာ‌ေတွ့ခဲ့တာတောင် အတော်လေး ကံကောင်နေခဲ့ပါပြီ။     သူတို့ တွေ့ခဲ့တဲ့ ကျေးရွာအများစုက အခြေခံကျေးရွာတွေနဲ့ အလယ်အလတ်ကျေး‌ေတွသာ များပါတယ်။ နောက်ဆုံးမှာ‌ေတာ့ သူတို့ အဆင့်မြင့်ကျေးရွာကို တွေ့လာခဲ့ရပါပြီ။

မြို့‌ေတွအတွက်ကတော့ ဒီမှာ ရှိတဲ့ မြို့တွေက အစစ်အမှန်ကမ္ဘာမှာ ရှိတဲ့ တိုင်းဒေသကြီး/ပြည်နယ် တစ်ခုစာ‌ေလာက်ကြီးမားကြပါတယ်။ ဒီလို မြို့တွေဟာ ဒေသ တစ်ခုလုံးမှာဆိုရင်‌ေတာ့ မြို့ ၁၆၀ ထက် နည်းလိမ့်မှာ မဟုတ်ပါဘူး။

  ဂိမ်းစနစ်ရဲ့ ကြေညာချက်တွေ အားလုံးကို ကြားခဲ့ပြီးတဲ့နောက် ကျောက်ဖူ သူ့စားသောက်ဆိုင်တွေဖက်ကို ပြန်အာရုံစိုက်ခဲ့လိုက်ပါတယ်။

ရှမ်ဘိုင်ကျေးရွာကို ပြန်ရောက်လာပြီးနောက် ဘိုင်ချီ ကောင်းကင်မှ ကျဆင်းသက်လာခဲ့တဲ့ မျက်ရည်စက်နဲ့တူတဲ့ ရှမ်ဘိုင် မျက်ရည်စက်ကို ကြည့်လိုက်လိုက်ပါတယ်။ သူ အဲ့ဒီ့အရာကို ဆုပ်ကိုင်လိုက်ပြီး၊ အချက်အလက်တွေကို ဖတ်လိုက်ပြီးနောက် သူ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

[ရှမ်ဘိုင် မျက်ရည်စက်] - ကောင်းကင်ဘုံရဲ့ ငဲ့ညာသနားမှုဖြင့် ရှေးခတ်က ပြိုလဲပျက်သုဥ်းသွားတဲ့ မျိုးနွယ်စုတွေကို ကောင်းကင်ဘုံနိုးထခြင်းကမ္ဘာကြီးမှာ ပြန်လည် ထွက်ပေါ်လာစေခဲ့သည်။ ဒီအရာသည် သူတို့ရဲ့နောက်ဆုံးအခွင့်အလမ်းဖြစ်ပြီး၊ နောက်ဆုံး ကံကြမ္မာလည်း ဖြစ်သည်။ အခု သူတို့ရွာကို သိမ်းပိုက်ခံလိုက်ရတာ‌ေကြာင့် သူတို့ရဲ့ ကံကြမ္မာလည်း အဆုံးသတ်သွားခဲ့သည်။ ဒါကြောင့် ရှမ်းဘိုင်ကျေးရွာရဲ့ သိမ်းပိုက်ခံရခြင်းဟာ သူတို့ရဲ့ ကံကြမ္မာကို ပေါင်းစည်းခြင်း ဒါမှမဟုတ် ဝါးမြိုလိုက်ခြင်းဖြစ်ပြီး၊ သူတို့ရဲ့ အမျိုးအဆွေများက ဝမ်းနည်းကြောင့် ပြသသည့် ရှမ်းဘိုင်မျက်ရည်စက် ဖြစ်ပေါ်လာသည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now