အပိုင်း (၉၀)

226 21 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၉၀ )
Chapter 90         ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ခြင်း၊

ဟုတ်ပါတယ်၊ မလိုအပ်တဲ့ ပြဿနာတွေကိုရှောင်ရှားဖို့ ကျောက်ဖူ အစားအစာ‌ေတွဝယ်ဖို့ကိုယ်တိုင်ကိုယ်ကျသွားခဲ့တာ‌မျိုးေတာ့ မဟုတ်ပါဘူး။ သူ့လက်အောက်ငယ်သားအချို့ကို ပဲ လုပ်ခိုင်းခဲ့တာပါ။ သူ အဓိကမြို့ကြီးသုံးမြို့ကို လူ ၅၀ ခန့်စီကို လျှို့ဝှက်ချက္‌ေတွရှာဖွေဖို့၊ အခြားအဖွဲ့တွေကို စောင့်ကြည့်ဖို့နဲ့  ကျောက်ဖူ ပွင့်ပွင့်လင်းလင်း မလုပ်ဆောင်နိုင်တဲ့ အရာ‌ေတွကို ဖုံးကွယ်နိုင်ဖို့ သူတို့ကို စေလွှတ်ထားခဲ့တာပါ။

ဒီအဖွဲ့‌ေတွရဲ့တာဝန်ခံကို ဂူဘင်လင်း လို့ခေါ်ပါတယ်။ နောက်ဆုံးအချိန်တုန်းက ကျောက်ဖူ   S အဆင့် အော့ဖ်စက်လုံး နှစ်ခု ရရှိခဲ့ပြီး၊ ဂေါ်ဗလင် တိုက်ခိုက်ရေးသမားတစ်ယောက်နဲ့ ဒီလူကို ပေးခဲ့တာပါ။ ကျောက်ဖူ သူ့ကို ဘယ်သူဝယ်တယ်ဆိုတာ မထုတ်ဖော်ပဲ နေထိုင်ဖို့ အမိန့်ပေးခဲ့တာပါ။ အော့စ်မြို့တော်နဲ့ ပတ်သက်သောကိစ္စမှာအစိုးရအဖွဲ့တွေက အတော်လေးသတိထားနေတဲ့ ကိစ္စဖြစ်လို့ပါပဲ။

ဂူဘင်လင်း သူ့ညွှန်ကြားချက်တွေကိုအသိအမှတ်ပြုပြီး၊ ထွက်ခွာသွားခဲ့ပါတယ်။ အဲ့ဒီ့နောက် အစားအစာတွေကို၀ယ်ယူဖို့ လျှို့ဝှက်အဖွဲ့ခွဲ‌ေတွဟာ အဓိကမြို့ကြီးသုံးမြို့ ထဲ ဝင်ရောက်သွားပါတော့တယ်။

အခြားအဖွဲ့တွေအားလုံးက ဒီအစားအစာ‌ေတွ ဝယ်နေတဲ့အကြောင်းကြောင့် အတော်လေးအံ့အားသင့်ခဲ့ကြပေမယ့် သူတို့ အားလုံးဟာ ပန်းမျက်ရည်စက်တွေကို ဝယ်ဖို့ ငွေအမြောက်အများလိုအပ်‌ေနတာ‌ေကြာင့်နဲ့ သူတို့ရဲ့ကိုယ်ပိုင် အင်အား‌ေတံအတွက် အစားအစာ ပေါများနေတာကြောင့် တစ်စုံတစ်ယောက်က ဒီလောက္များများစားစား အစားအသောက်‌ေတွ ဝယ်နေတယ်လို့ကြားရတာကိုပဲ ၀မ်းသာနေကြပါတယ်။

ဒါကြောင့် အုပ်စုအများအပြားက အဓိကမြို့ကြီးတွေဆီကို အစားအစာ အမြောက်အမြားယူဆောင်လာခဲ့ကြပါတယ်။ ကျောက်ဖူ ဒါတွေအားလုံးကို ဝယ်ခဲ့လိုက်ပါတယ်။ အစားအစာတွေက ဈေးအတော်ချိုတဲ့အတွက် ပိုက်ဆံသိပ်မသုံးလိုက်ရပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now