အပိုင်း (၄၄)

261 31 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၄၄ )
Chapter  44         ရေခဲ ခုခံမူ စွမ်းရည်

ကြယ်တာရာပိုင်းဓါးရဲ့အချက်အလက်အသစ်ကို ကြည့်ပြီးတဲ့နောက်မှာတော့ ကျောက်ဖူသည် အတော်လေး ထိတ်လန့်သွားခဲ့သည်။ ဒီအားဖြည့် ကျောက်တုံးသည် အချက်အလက် (၃) ခုကို (၂) မှတ်စီ တိုးပေးခဲ့ပြီး၊ ရေခဲ ဖျက်ဆီးမူ အပိုစွမ်းရည် လည်း ရရှိလာခဲ့သည်။ ဒီအချက်တွေအပြင် ကြယ်တရာပိုင်းဓါး၏ မူလအဆင့်အတန်းအချို့ကို ပြန်ရလာစေခဲ့သည်။

ဒီလိုအားဖြည့် ကျောက်တုံးမျိုးက အလွန်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေပေမယ့် အတော်လေး ရှားပါးသည်။ ဒီပစ္စည်းလိုမျိုး ပိုသန်မာမူရစေတဲ့ စစ်သည်တော်ဝိညာဉ်တွေကိုတောင် သတိရသွားခဲ့ငည်။ အဲ့ဒီအရာတွေက ဘယ်လို အကျိုးသက်ရောက်မူတွေရှိတယ် ဆိုတာကို အကုန်မသိပဲနဲ့တောင် ကျောက်ဖူကို အတော်လေး စိတ်လှုပ်ရှားသွားစေခဲ့တာပါ။

ဒါပေမဲ့ စစ်သူကြီး ချပ်ဝပ်တန်ဆာ အပြည့်အစုံရရှိဖို့အတွက် စစ်သည်တော်ဝိညာဉ် ၁၀၀ လိုအပ်ကြောင်း သိလိုက်ရပြီးနောက်မှာတော့ ကျောက်ဖူ အဲ့ဒီကိစ္စကို  မေ့ထားလိုက်ရသည်။ တကယ်လို့ စစ်သည်တော်ဝိညာဉ်တွေနဲ့ ဒီအားဇဖြည့် ကျောက်တုံတွေသာ အကျိုးသက်ရောက်မှုခြင်း တူညီခဲ့ရင်တော့ စစ်သည်တော်ဝိညာဉ် ၁၀၀ ကို ပေါင်းစပ်ခြင်းဖြင့် ထွက်ပေါ်လာမည့် အကျိုးသက်ရောက် မူတွေက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ။ ဒီကိစ္စက အလှမ်းဝေးတယ်လို့ ထင်ရပေမယ့် ကျောက်ဖူ တစ်နေ့နေ့တွင် အဲ့ဒီစစ်သူကြီး ချပ်ဝတ်တန်ဆာတစ်စုံ ရနိုင်မယ်လို့ မျှော်လင့်နေမိခဲ့သည်။

ဒီအချိန်မှာတော့  လီဝမ်သည် သူ့စစ်သည် အချို့နဲ့ အတူ မြေအောက်လမ်းကြောင်းတွေကို စူးစမ်းလေ့လာနေခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ သူသည် စစ်သည်တော် ဝိညာဉ် ၄၇ ခုကို စုဆောင်းနိုင်ခဲ့သည်။ ဒါကြောင့် ကျောက်ဖူ မျှော်လင့်နေတဲ့ စစ်သူကြီး ချပ်ဝတ်တန်ဆာ ရရှိဖို့ဆိုတာက သိပ်မဝေးတော့ပါဘူး။

ကြယ်တရာပိုင်းဓါးကို ဘိုင်ချီဆီကို ပြန်ပေးလိုက်ပြီးနောက် ဘိုင်ချီသည် အချက်အလက်သစ်တွေရဲ့ အခြေအနေတွေကို ကြည့်လိုက်ပြီး အံ့အားသင့်နေခဲ့သည်။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now