အပိုင်း (၉၇)

223 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၉၇ )
Chapter 97      အိမ်မက္ပိုးမျှင် နန်းတွင်းအဝတ်အစား

“ မင်း ဘယ်လိုလုပ်ပြီး၊ ဒီခရမ်းရောင် ပန်းမျက်ရည်စက်ကို ရခဲ့တာလဲ” ဟီရှမ်းယု ထံမှခရမ်းရောင် ပန်းမျက်ရည်စက်ကို လက်ခံရယူ‌ေနစဥ်မှာပဲ ကျောက်ဖူ အလွန်တရာဝမ်းမြောက်ကြည်နူးနေတဲ့ အသံနဲ့ မေးခဲ့ပါတယ်။

ဟီရှန်းယု ခပ်ပါးပါးလေးရယ်လိုက်ပြီး၊ ပြန်ဖြေလိုက်ပါတယ်။
“ ငါ မြို့ပြင်မှာ လမ်းလျှောက်ထွက်တုန်းက ရခဲ့တာ။"

  ဟီရှမ်းယု တော်တော်လေး ရိုးရိုးရှင်းရှင်း ဖြေသွားပေမယ့် ကျောက်ဖူ ဒီက ခက်ခဲမယ်ဆိုတာနားလည်ခဲ့ပါတယ်။ သူ ဒီခရမ်းရောင်ပန်းမျက်ရည်စက်ကို သူ့ ဘုရင့်သို‌ေလှာင်လက်စွပ်ထဲကို ထည့်လိုက်ပြီး၊ လေးစားစွာနဲ့ ပြောလိုက်ပါတယ်။
“ ကျေးဇူးတင်ပါတယ်”

ဟီရှမ်းယု အံ့ဩတဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး၊ ပြန်ပြောလိုက်ပါတယ်။
" အရှင် မင်းမြတ်၊ ဒီလောက် ယဥ်ကျေးနေစရာမလိုပါဘူး။ ကျွန်မ လုပ်တဲ့အရာအားလုံးဟာ တာဝန်တစ်ခုရှိလို့ လုပ်ပေးရတာပါ။"

ကျောက်ဖူ ခေါင်းကို‌ဖြည်းဖြည်း‌ေလး လွှဲခါလိုက်ရင်း ပြန်ပြောလိုက်ပါတယ်။
“ ငါယုံကြည်တာကတော့ ဧကရာဇ်ရဲ့ကိုယ်ပိုင်လမ်းကြောင်းမဟုတ်ဘူး။ ငါ့ရဲ့ ကိုယ်ပိုင် စွမ်းအားက အကန့်အသတ်ရှိနေတယ်။ ဧကရာဇ်တစ်ယောက္မှာ မင်းတို့လိုလူတွေ မရှိလို့ မဖြစ်ဘူး။"

ကျောက်ဖူရဲ့စကားကို ကြားတဲ့အခါ ဟီရှန်းယုက လေးစားစွာနဲ့  ဦးညွှတ်လိုက်ပြီး၊ ဘာမှထပ်မပြောခဲ့ပါဘူး။ ကျောက်ဖူ မဟာ ချင် ကျေးရွာကို အလျင်အမြန် ပြန်လာခဲ့ပြီး၊ ခရမ်းရောင်ပန်းမျက်ရည်စက် ၁၀ ခုလုံးကိုပေါင်းစပ်ကာ အသုံးပြုဖို့ ရွေးချယ်လိုက်ပါတယ်။

အရင်ကဲ့သို့ပင် ခရမ်းရောင်အော့ဖ်စက်လုံးက ကျောက်ဖူ လက္မှ လေပေါ်ကို တဖြည်းဖြည်းမြင့်တက်သွားခဲ့ပြီး၊ ကောင်းကင်မှာ ပေါလောမျောနေခဲ့ပါတယ်။ အဲ့ဒီ့နောက် လှပတဲ့ မိန်းကလေးပုံစံ ကိုပြောင်းလဲသွားပါတယ်။ ဒါပေမယ့် ယခင်ကနဲ့ မတူတဲ့ အချက်က ဒီမိန်းကလေးဟာ ဝိုးတိုးဝါးတားဖြစ်မနေပဲ အတော်လေးကြည်ကြည်လင်လင်နဲ့ အစစ်အမှန် မိန်းကလေးငယ် တစ်ယောက်လိုဖြး်နေခဲ့တာပါ။ ဒါ့အပြင် သူမရဲ့မျက်လုံးထဲမှာညာဏ်ပညာတွေ ပြည့်နေပုံရပြီး၊ အရင်ကလို ချက်ခြင်း မပျောက်ဆုံးခဲ့ပါဘူး။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now