အပိုင်း (၁၇၃)

188 18 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း  ( ၁၇၃ )
Chapter   173        ရှုပ်ထွေးတဲ့ တိုက်ပွဲများ

ကျောက်ဖူ သူ့ရဲ့ အကြည့်‌ေတွက သမိုင်း အကြွင်းအကျန်‌ေနရာရဲ့ ပြင်ပဒေသအနီးမှာရှိ နေတဲ့  ဂေါ်ဗလင်အဖွဲ့ငယ်တစ်ခုဆီကို ဦးတည်လိုက်ပြီး၊ စတင်လှုပ်ရှားခဲ့ပါတယ်။

ပြင်ပဒေသက သိပ်အရေးမကြီးတဲ့အတွက် ဒီအဖွဲ့မှာ ဂေါ်ဗလင်လင် ၁၀ ယောက်လောက်ပဲ ရှိတာမို့ ဒီအဖွဲ့ရဲ့ ခုခံကာကွယ်ရေးဟာ သိပ်အားမကောင်းပါဘူး။

ကျောက်ဖူ တိတ်တဆိတ်နဲ့ ပုန်းအောင်းနေခဲ့ပြီး၊ ခိုးကြောင် ခိုးဝှက် စောင့်ကြည့်‌နေခဲ့ပါတယ်။  ဒီဂေါ်ဗလင်တွေအားလုံးက ကျောက်ဖူကို သတိထားမိခြင်း မရှိခဲ့ပဲ၊ ပျင်းရိစွာနဲ့ တစ်ယောက်နဲ့တစ်ယောက် စကားပြောနေခဲ့ကြပါတယ်။  ကျောက်ဖူ ကောင်းကင်နတ်ဆိုးဓါးကို ဆွဲထုတ်လိုက်ပြီး၊ အဆောက်အဦပေါ်ကနေ ခုန်ချလိုက်ကာ သာမာန် ဂေါ်ဗလင် အနည်းငယ်ကို ဓါးချက်အနည်းငယ် တိုက်ခိုက်လိုက်ပါတယ်။ 

ကျောက်ဖူ သူ့ရဲ့ လက်ရှိခွန်အားနဲ့ဆို ကျန်ရှိနေသေးတဲ့ ဂေါ်ဗလင်တွေကို ချက်ချင်း ကိုင်တွယ်နိုင်ဖို့က မဖြစ်နိုင်သေးပါဘူး။ ဒီလို အခြေအနေတွေကြောင့် သူက သူတို့ရဲ့ တိုက်ခိုက္မှုကို ရှောင်ရှားဖို့ အဆောက်အဦတွေကို အသုံးပြုခဲ့ရပါတယ်။

ဂေါ်ဗလင် အဖွဲ့က ကျောက်ဖူကို ဒေါသတကြီးနဲ့ အပြေးအလွှား လိုက်ဖမ်းခဲ့ကြပါတယ်။ ကျောက်ဖူ သူ့ရဲ့ သွက်လက်တဲ့ စွမ်းရည်စ‌ေကးနဲ့ အဆောက်အဦတွေရဲ့ အားသာချက်ကို ယူပြီးကျောက်တုံးပစ် ဂေါ်ဗလင် အနည်းငယ်ကို ကိုင်တွယ်ခဲ့လိုက်ပါတယ်။

နောက်ဆုံးမှာတော့   အနီရောင် ဂေါ်ဗလင်နဲ့ ဟော့ဖ်‌ေဂါ်ဗလင် ၂ ကောင်သာ ကျန်ခဲ့ပါတော့တယ်။ ကျောက်ဖူ ထောင်ချောက်တစ်ခု လုပ်ခဲ့တာ‌ေကြာင့် ဒီဂေါ်ဗလင်တွေက ပန်းနတ်သမီးသုံး‌ေယာက်ရဲ့ သစ်ပင်အမြစ်တွေနဲ့ ချည်နှောင်ခံလိုက်ရပါပြီ။

အဲ့ဒီနောက် ကျောက်ဖူ အပြုံးတစ်ခုနဲ့ မှောင်မိုက်တဲ့ ထောင့်တစ်နေရာကနေ လျှောက်လာခဲ့ပါတယ်။ ဂေါ်ဗလင်သုံးကောင်က မြေပေါ်မှာ အပြင်းအထန် ရုန်းကန်နေခဲ့ကြပြီး၊ ကျောက်ဖူကို မုန်းတီးတဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေခဲ့ကြပါတယ်။ သူတို့ရဲ့ ပါးစပ်‌ေတွကို သစ်ပင်မြစ်တွေက ပိတ်ဆို့မထားခဲ့ရင်တော့ သူတို့က ကျောက်ဖူကို အော်ဟစ် ကျိန်ဆဲကြမှာပါ။ 

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now