အပိုင်း (၇၇)

227 26 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၇၇ )
Chapter 77           လျှို့ဝှက်ဆန်းကြယ်တဲ့ အရိုးစု

သန့်ရှင်းသောအလင်းမြို့တော်မှာ ဆောင်ရွက်စရာကိစ္စတွေကို လုပ်ခဲ့ပြီးတဲ့နောက် ကျောက်ဖူ မဟာ ချင် ကျေးရွာကို ပြန်ရောက်လာတဲ့ အခါ သတင်းဆိုးအချို့ရရှိခဲ့လိုက်ပါတယ်။ အက်ကြောင်းကြီး အောက်ခြေမှာရှိနေတဲ့ လမ်းကြောင်းတွေကို စူးစမ်းလေ့လာနေတဲ့ လီဝမ်ရဲ့ စူးစမ်းရှာဖွေရေးအဖွဲ့ဟာ ထိခိုက်ဒဏ်ရာရခဲ့တယ် ဆိုတာပါပဲ။ ဒါကြောင့် ကျောက်ဖူ အလျင်အမြန်ပဲ သာကြည့်ခဲ့ပါတယ်။

"လီဝမ် ဘာ‌ေတွဖြစ်ကြတာလဲ"  ဆေးခန်းတစ်ခုအတွင်း ပတ်တီးတွေစီးထားတဲ့ လီဝမ်ကို တွေ့လိုက်တဲ့အခါ မေးမြန်းလိုက်ပါတယ်။

လီဝမ်က  ကျောက်ဖူ ရောက်လာတာကို မြင်လိုက်ပြီး၊ ပြန်ဖြေလိုက်ပါတယ်။
“ အရှင်မင်းမြတ်၊ ဒီလက်အောက် ငယ်သားက သေသင့်ပါတယ်။ ကျွန်တော့်အနေနဲ့ တပ်ဖွဲ့ကို ကောင်းကောင်း ဦးမဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ထိခိုက်ဒဏ်ရာရမူတွေ ရှိခဲ့ပါတယ်။"

ကျောက်ဖူ လီဝမ်ဟာ တစ်ချိန်လုံး သူရဲ့စစ်နည်းဗျူဟာအတိုင်း ဆောင်ရွက်လို့ အောင်မြင်မူတွေ ‌ေတာ်တော်လေးရခဲ့တယ်ဆိုတာ သူသိပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ခဲ့တာဟာ မမျှော်လင့်တဲ့ အရာကြောင့်ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျောက်ဖူ အပြစ်မတင်‌ေတာ့ပဲ ပြောလိုက်ပါတယ်။
" ‌ထားလိုက်တော့၊ ဘာတွေဖြစ်ခဲ့လဲဆိုတာပဲ ပြောပါ"  

လီဝမ် ခေါင်းကို ညိတ်ပြလိုက်ပြီး၊ ရှင်းပြလိုက်ပါတယ်။ သူဟာ သူ့တပ်ဖွဲ့နဲ့ လျို့ဝှက်လမ်းကြောင်းကို စူးစမ်းလေ့လာနေတုန်းမှာ သူတို့ဟာ ကျယ်ပြန့်တဲ့ နေရာ တစ်ခုကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီ့နေရာက  မီတာ ၁၀၀ လောက်မြင့်ပြီး၊ မီတာ ၅၀၀ လောက် ကျယ်ပါတယ်။ အဲ့ဒီ့နေရာမှာ ထူးဆန်းတဲ့ အရိုးစုက လွဲရင် ဘာမှမရှိပါဘူး။ ဒီအရိုးစုရဲ့ပုံစံက ပုံမှန်အရိုးစု‌ေတွနဲ့ လိုပါပဲ။ အရိုးစုက ကိုင်ဆွဲ ဝတ်ဆင်ထားတဲ့ ပစ္စည်းကိရိယာတွေကလည်း အရင်အရိုးစုတွေနဲ့ အတူတူလိုပါပဲ။ တစ်ခုတည်းသော ခြားနားချက်ကတော့ ဒီအရိုးစုရဲ့ရင်ဘတ်မှာ ရွှေရောင်အလင်းလက်နေတဲ့ ဓားလိုပုံစံ သဏ္ဍန်တစ်ခု ရှိနေတာပါ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now