အပိုင်း (၁၄၃)

220 24 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၄၃ )
Chapter 143             ရှမ်းဘိုင်

ဒီလူတွေ အများစုရဲ့ ခန္ဓာကိုယ်က အရပ်ရှည်ပြီး၊ အတော်လေး ကြံခိုင်ကြပါတယ်။ သူတို့အားလုံးကို ကြည့်လိုက်ရင် အလွန်‌ေခါင်းမာတဲ့ပုံရိှပြီး၊ စိတ်ကြီးဝင်နေကြပါတယ်။ သူတို့ဟာ မွေးရာပါဗီဇ အသိတွေ ရှိကြပြီး၊ တရုတ် ကွန်ဖြူးရှပ်ရဲ့ သွန်သင်ချက်တွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြပါတယ်။

ဘိုင်ချီ သူတို့ကို စောင့်ကြည့်နေခဲ့ပြီး၊ ကျေးရွာရဲ့ အားသာချက်၊ အားနည်းချက်တွေကို တွေ့ရှိခဲ့ပါတယ်။ သန်မာမှု အနေအထားအရ သူတို့ရဲ့ တိုက်ပွဲဝင်စွမ်းအားဟာ သာမာန်စစ်သည်တွေထက် အနည်းငယ်သာလွန်နေခဲ့ပြီး၊ သူတို့တ္ဟော စစ်မြေပြင်မှာ စစ်သည်ကောင်းတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် တိုက်ခိုက်ရေးကို မားထားတတ်တဲ့ သူ‌ေတွ ဖြစ်တာကြောင့် အများအားဖြင့် စိတ်ရှည်လေ့ မရှိကြလဲ မဆင်မခြင် လုပ်တတ်ကြပါတယ်။

ဘိုင်ချီ ထင်ရှားတဲ့ အားနည်းချက်အချို့ကိုလည်း တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့ခုခံကာကွယ်ရေးက အတော်အတန် ချို့တဲ့နေရုံသာမက သူတို့ရဲ့စီမံခန့်ခွဲမှုကလည်း ဖရိုဖရဲ ဖြစ်နေပါတယ်။

ဒီရှမ်ဘိုင် ကျေးရွာမှာ ခန့်မှန်းခြေအားဖြင့် ရွာသား ၉၀၀၀ ခန့်ရှိ‌ေနကြ‌ေပမယ့် ဘိုင်ချီ သူ့စစ်သည်  ၅၀၀၀နဲ့ အရိုးစု ၃၀၀၀ တို့နဲ့ ရင်ဆိုင်ရပါက သူတို့ကို တိုက်ခိုက်ဖို့က မလွယ်ကူပါဘူး။  အဓိက စဉ်းစားရမယ့် အချက်ကတော့ သူ့ရဲ့ဆုံးရှုံးနိုင်မှုကို လျှေ့ာ့ချပြီး၊ အကျိုးအမြတ် များများရဖို့အတွက် လူသေဆုံးမှုကို အတတ်နိုင်ဆုံး လျှော့ချဖို့ပါပဲ။  ဘိုင်ချီ ဒီလို အပြင်ဘက်ကို စူးစမ်းလေ့လာရတဲ့ အဓိကရည်ရွယ်ချက်ကတော့ လူဦးရေတိုးပွားလာဖို့ပါပဲ။ ဒါကြောင့် ဘိုင်ချီ ကျောက်ဖူရဲ့ အခြေခံစည်းမျဉ်းတွေ အတိုင်း အမြဲတမ်း လုပ်ဆောင်ခဲ့တာပါ။

ဒါပေမယ့် ဘိုင်ချီမှာ ကျောက်ဖူထက် စိတ်မြန်လက္မြန်ရိှသူ တစ်ဦးပါ။ သူမှာ အစီအစဉ်တစ်ခု ရှိ‌ေနခဲ့ပါတယ်။ ဒီရှေးခတ် သမိုင်းဝင် လူနည်းစုဖြစ်တဲ့ မျိုးနွယ်စုက ခြေသလုံးအိမ်တိုင် မျိုးနွယ်စုဖြစ်ပြီး၊ လယ်ယာစိုက်ပျိုး‌ေရးလုပ်ငန်းတွေကို သိပ်မလုပ်ကြဘဲ တိရိစ္ဆာန်မွေးမြူရေးကိုသာ လုပ်‌ေလ့ရိှကြပါတယ်။ သူတို့က ဒီကောင်းကင်ဘုံ နိုးထခြင်း ကမ္ဘာမှာတော့ ကွဲပြားသွားခဲ့ပါပြီ။ အကြောင်းကတော့ သူတို့က တိရိစ္ဆာန် မွေးမြူရေးအပြင် လယ်ယာလုပ်ငန်း အချို့ကိုပါ လုပ်ကိုင် နေခဲ့လို့ပါပဲ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now