အပိုင်း (၁၂၂)

215 29 0
                                    

အင်ပါယာ ရဲ့ အရှင်သခင် (The Lord's Empire)

အပိုင်း ( ၁၂၂ )
Chapter 122      တိုင်းငယ်ပြည်ငယ်များ စစ်မက္ ကာလမှ မဟာ စစ်သူကြီး ၄ယောက်

  မဟာ ချင် ကျေးရွာမှာ‌ေတာ့ ကြီးမားတဲ့ ပမာဏရှိတဲ့ ကံကြမ္မာက ကျောက်ဖူရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်နေခဲ့ပြီး၊ သူ့ရဲ့ ဧကရာဇ် အရှိန်အဝါကို ပိုပြီး ခန်းနားကြီးကျယ်လာအောင်နဲ့ ဂုဏ်ကျက်သရေရှိလာအောင် ပံ့ပိုးပေးနေခဲ့ပါတယ်။ သူက အဲဒီမှာရပ်နေတာကို ကြည့်လိုက်ရင် နတ်ဘုရားတွေတောင် နောက်ဆုတ်သွားစေနိုင်ပါတယ်။

“ ငါတို့ရဲ့ ဘုရင်မင်းမြတ်ကို အရိုအသေပေးကြ”   ဒီမဟာ ချင်ရဲ့ ပုဂ္ဂိုလ်ကို  မည်သည့်မျိုးနွယ်မှ မဆို ဒူးထောက်ကာ အော်ဟစ်‌ေနခဲ့ကြပါတယ်။

ကျောက်ဖူ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ကံကြမ္မာ‌ေတွ အမြောက်အမြား စီးဝင်လာခဲ့တာနဲ့အမျှ သူ့ဘေးမှာ ရှိနေတဲ့ သူ့ရဲ့ကံကြမ္မာနဂါးက လုံးဝရုပ်လုံးကြွ ထွက်ပေါ်လာခဲ့ပြီး၊ မီတာ ၁၀၀လောက် ရှည်လျားကာ ကောင်းကင်ဘုံဆုတောင်းသူများ စင်္ကြန်ကို လှည့်ပတ်သွားလာနေခဲ့ပါတယ်။ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အရှိန်အဝါတွေကြောင့်  ဘယ်သူမှ သူ့ကို ခေါင်းမော့မကြည့်ရဲကြပါဘူး။

ယခုအချိန်မှာတော့ ကောင်းကင်မှ ဆင်းသက်နေတဲ့ အနက်ရောင် အလင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒါပေမယ့် ကောင်းကင်မှာတော့ ပုံမှန်မဟုတ်တဲ့ နိမိတ်လက္ခဏာ‌ေတွက ပျောက်ကွယ်သွားခြင်းမရှိသေးပဲ မရေမတွက်နိုင်တဲ့ ရွှေရောင် အလင်းတန်းတွေက အ‌နက်ရောင် လေဝဲကြီးရဲ့ အလယ်ဗဟိုမှ ထပ်မံ ‌ထွက်ပေါ်လာခဲ့ပြီး၊ ကျောက်ဖူရဲ့ခန္ဓာကိုယ်ကို ဖုံးအုပ်သွားပြန်ပါတယ်။

အဲ့ဒီ့နောက် သောင်းနှင့်ချီတဲ့ အလင်းတန်းတွေက အနက်ရောင် လေဝဲကြီး တစ်ခုလုံးကိုတဖြည်းဖြည်း ထိုးဖောက်ပြီး မြေပေါ်ကို ကျရောက်လာတာဟာ အလွန်တရာ ထူးခြား ပြောင်မြောက်တဲ့ မြင်ကွင်းကို ဖန်တီးပေးခဲ့ပါတယ်။

ယခုအချိန်မှာတော့ အနက်ရောင်လေဝဲကြီးဟာ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး၊ သူနေရာကို သန့်ရှင်းမြင့်မြတ်ပြီး၊ ဂုဏ်ကျက်သရေ ရှိနေတဲ့ ရွှေရောင်အလင်း‌ေတွက အစားထိုး ဝင်ရောက်လာခဲ့ပါပြီ။

အင်ပါယာရဲ့ အရှင်သခင် ( Myanmar ) The Lord's Empire အတွဲ (၁/၁)Where stories live. Discover now